တောင်ကိုရီးယားနိုင်ငံဟာ ၂၀၂၀ နှစ်ကုန်လောက်က Daegu အတန်းစား ဖရီးဂိတ်စစ်သင်္ဘောသစ်တစ်စီးကို လက်ခံရရှိခဲ့ပါတယ်။ အဲဒီ့ စစ်သင်္ဘောဟာ Gyeongnam လို့အမည်ရပြီး Daewoo ဒေဝူး သင်္ဘောတည်ဆောက်ရေးနှင့် Hyundai ဟွန်ဒေ အကြီးစားစက်မှုတို့က တောင်ကိုရီးယားရေတပ်အတွက် တည်ဆောက်ပေးခဲ့တာဖြစ်ပါတယ်။

အဆိုပါ စစ်သင်္ဘောကို ၂၀၁၉ ခုနှစ် ဇွန်လမှာ ရေချခဲ့ပြီး ယခုနှစ်ထဲမှာ တပ်တော်ဝင်မှာပါ။ ဒီလိုစစ်သင်္ဘောမျိုး ၈ စီးကိုမှာယူထားပြီး ယခုအတန်းအစားဟာ ယခင် Incheon အတန်းအစား စစ်သင်္ဘောများကို ရေငုပ်သင်္ဘောတိုက်ဖျက်ရေးဒုံးကျည်အသစ်များ၊ လေကြောင်းကာကွယ်ရေး ဒုံးကျည်အသစ်များ၊ ဆိုနာစနစ်သစ်များ နှင့် Cruise ဒုံးပျံများပစ်လွှတ်နိုင်တဲ့ 16-cell VLS များ တပ်ဆင်ပြီး အဆင့်မြှင့်ထားတဲ့ အတန်းအစားများဖြစ်ပါတယ်။
ကိုယ်ထည်ဒီဇိုင်းဟာ Incheon အတန်းအစားကိုအခြေခံတည်ဆောက်ထားပေမယ့် ဖွဲ့စည်းတည်ဆောက်ပုံတွေကတော့ သိသိသာသာကွဲပြားပါတယ်။ ၁၀ တန်ရှိတဲ့ ရဟတ်ယာဉ်ကိုကောင်းကောင်းတင်ဆောင်နိုင်တဲ့ ကုန်းပတ်နှင့် Hangar (လေယာဉ်ရုံ) ပါပါရှိပါတယ်။

ဒီသင်္ဘောတွေမှာအင်ဂျင်ပိုင်းဆိုင်ရာ တပ်ဆင်ထားတာကတော့ Rolls-Royce MT30 တာဘိုင်၊ Leonardo DRS လျှပ်စစ်မော်တာ ၂ ခုနှင့် MTU 12V 4000 M53B ဒီဇယ်အင်ဂျင် ၄ ခု တို့ဖြစ်ပါတယ်။ အမြန်ဆုံး တစ်နာရီ ၃၀ နော့တီကယ်မိုင် (တစ်နာရီ ၃၅ မိုင် သို့မဟုတ် ၅၆ မိုင်)ထိမောင်းနှင်နိုင်ပြီး အကွာအဝေး ၄၅၀၀ နော့တီကယ်မိုင် (၈၀၀၀ ကီလိုမီတာ သို့မဟုတ် ၅၀၀၀ မိုင်) အထိ စစ်ဆင်နိုင်ပါတယ်။ ရေတပ်သား ၁၄၀ အထိလိုက်ပါစစ်ဆင်နိုင်ပြီး တပ်ဆင်ထားတဲ့လက်နက်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
5″/54 caliber Mark 45 Naval Gun ၁ ခု
Phalanx CIWS လေကြောင်းကာကွယ်ရေး စက်သေနတ် ၁ ခု
ရေငုပ်သင်္ဘောတိုက်ဖျက်ရေး Chung Sang Eo (Blue Shark) Torpedo သုံးလုံးတွဲ ပြွန် ၂ ခု
SSM-700K Haeseong သင်္ဘောဖျက်ဒုံးကျည် ၈ လုံး
K-SAAM မြေပြင်မှဝေဟင်ပစ် ဒုံးကျည် ၄ စုံ
အဆိုပါ ဒုံးကျည်များကိုပစ်ခတ်နိုင်ရန် Korea standard K-VLS 32 cell