ထိပ်ပြောင်ခြင်းကို ဖြေရှင်းနိုင်ဖို့အတွက် ကြွက်တွေပေါ်မှာ လူ့ဆံပင်ကို ဖန်တီးခဲ့တဲ့ အကြောင်း

Innovation Science

သိပ္ပံပညာရှင်တွေဟာ လူ့ ဆဲလ်တွေကနေ ဆံပင် မွှေးညှင်းပေါက်​တွေ အဖြစ် ပြောင်းလဲဖို့ အစီအစဉ် တကျ ပြုလုပ် ထားသော်လည်း ရှေ့ ဆက် လုပ်ဆောင် စရာ များစွာ ရှိ​နေပါသေးတယ်။

ထိပ်ပြောင်ခြင်းဟာ ​သိပ္ပံပညာနှင့် စီးပွားရေးအရ စိတ်ဝင်စားမှု ကြီးမားသော်လည်း၊ သိပ္ပံပညာရှင်များအနေနဲ့ ဆံပင်ကျွတ်ခြင်းကို ရပ်တန့်ဖို့အတွက် ထိရောက်တဲ့နည်းလမ်းကို မတွေ့ရှိသေးပါဘူး။

စျေးကွက်မှာတော့ များပြားလှတဲ့ ထုတ်ကုန်တွေ အများအပြား ရှိသော်လည်း အများစုမှာ မြွေဆီများဖြစ်​ကြပြီး အချို့ကတော့ အသုံးဝင်မှုဟာ နှောင့်နှေးကြန့်ကြာ နေပါသည်။

ကြီးမားတဲ့ ဆုတ်ယုတ်မှုတွေ နှင့် စိတ်ပျက်စရာတွေ ကြားထဲက​နေ သိပ္ပံပညာရှင်တွေဟာ အဆိုပါ ဆံပင်ပြဿနာကို ချဉ်းကပ်ဖို့ နည်းလမ်းအသစ်များကို ဆက်လက်ရှာဖွေနေပါတယ်။

ဒီအတွက် သုတေသီတွေဟာ ကြွက်တွေရဲ့ အရေပြားပေါ်မှာ လူသား အမွှေးအမျှင်​တွေကို ကြီးထွားစေဖို့အတွက် ပြန်လည် ပြုပြင်ထားတဲ့ ပင်မဆဲလ်များကို အသုံးပြုထားခြင်း ဖြစ်ပါတယ်။

ပင်မဆဲလ်များမှ ဆံပင်များ ပေါက်ခြင်း

American Hair Loss Association ရဲ့ ပြောကြားချက်အရ အမျိုးသားအားလုံးရဲ့ ၈၅ ရာခိုင်နှုန်းခန့်ဟာ အသက် ၅၀ အရွယ်လောက်မှာ သိသိသာသာ ဆံပင် ပါးလွှာခြင်းကို ကြုံတွေ့ရလိမ့်မည်ဟု ဆိုပါတယ်။

ထိပ်ပြောင်ခြင်းဟာ အမျိုးသားအများစုကို ထိခိုက်စေတဲ့ အရာဟု ယေဘုယျအားဖြင့် ယူဆသော်လည်း အမျိုးသမီးတွေကတော့ ဆံပင် ကျွတ်တာနဲ့ ပတ်သတ်ပြီးတော့ ပိုထိခိုက်တာကို တွေ့ရပါတယ်။

တကယ်တော့ ဆံပင်ကျွတ်ခြင်းရဲ့ ၄၀ ရာခိုင်နှုန်းလောက်ဟာ အမျိုးသမီးတွေပဲ ဖြစ်ကြပါတယ်။

ဆံပင်ပေါက်တဲ့ အရေပြားရဲ့ အပြင်ဘက်အလွှာရှိ ပုံသဏ္ဍာန်ဖွဲ့စည်းပုံတွေဟာ အံ့သြစရာ ကောင်းလောက်အောင် ရှုပ်ထွေးပြီး ဆဲလ်အမျိုးအစားများစွာကြားတွင် မော်လီကျူး အပြန်အလှန်သက်ရောက်မှုတွေ ပါဝင်နေပါတယ်။

ကျွန်တော်တို့အားလုံးဟာ မွေးရာပါ မွှေးညှင်းပေါက် အရေအတွက် ပုံသေ နဲ့ မွေးဖွားလာကြပြီး မွှေးညှင်းပေါက် ပျောက်ပြီးတာနဲ့ ဆံပင်ပေါက်ခြင်းကလည်း ပျောက်ကွယ်သွားပါတယ်။

Image: Courtesy of dNovo

သို့သော်လည်း ဆံပင်မွှေးညှင်းပေါက်တွေဟာ ကြီးထွားမှုနှင့် ပြန်လည်အနားယူမှုကြားမှာ သဘာဝအတိုင်း ပင်မဆဲလ်များဖြင့် လည်ပတ်နေတဲ့ ဖြစ်စဉ်တစ်ခုဖြင့် ပြန်လည်မွေးဖွားပါတယ်။

ကြီးထွားမှုအဆင့်မှာဆိုရင် ပင်မဆဲလ်တွေဟာ ဆံပင်မွှေးညှင်းပေါက်နှင့် ဆံသားများကို ပြန်လည်မွေးဖွားဖို့ တက်ကြွလာပြီး ဆံပင်တွေကလည်း တစ်နေ့ထက်တစ်နေ့ ပိုရှည်လာပါတယ်။

အနားယူတဲ့ကာလမှာဆိုရင်တော့ ပင်မဆဲလ်တွေဟာ ငြိမ်သက်နေပြီး အမွှေးအမျှင်များ ပိုမို ကျွတ်ထွက်နိုင်ပါတယ်။

ဆံပင်ကျွတ်ခြင်းဖြစ်ပေါ်နေချိန်မှာတော့ ပင်မဆဲလ်တွေဟာ တစ်သျှူးအသစ်များ မဖြစ်ပေါ်ဘဲ ငြိမ်နေတာကို တွေ့ရပါတယ်။

American startup ရဲ့ သီအိုရီအရ ဘယ်လိုတစ်ရှူးအမျိုးအစားကိုမဆို ဖွဲ့စည်းနိုင်တဲ့ ပင်မဆဲလ်များဖြစ်သည့် သွေး သို့မဟုတ် အဆီဆဲလ်များကဲ့သို့သော သာမန်ဆဲလ်များကို မျိုးဗီဇ ပြန်လည်ပြု​ပြင်ခြင်းဟာ ဆံပင် မွှေးညှင်းပေါက်များကို ထုတ်လုပ်ပေးနိုင်တယ်ဟု ဆိုပါတယ်။

ထို့နောက် သုတေသီတွေဟာ ကြွက်တွေရဲ့ အရေပြားပေါ်ကို မွှေးညှင်းပေါက် ဖွဲ့စည်းထားတဲ့ ပင်မဆဲလ်​တွေကို အစားထိုး စိုက်ပျိုးကာ အမွှေးအမျှင်များ ထွက်ပေါ်လာအောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။

အနာဂတ်မှာ ဒီလိုသုတေသနမျိုးဟာ လူသား​တွေရဲ့ ကိုယ်ပိုင်ဆဲလ်များမှတဆင့် ဆင်းသက်လာတဲ့ ပင်မဆဲလ်​တွေကို အသုံးပြုပြီး မွှေးညှင်းပေါက်များ ပြန်လည်မွေးဖွားခြင်းကုထုံး​တွေဆီကို ဦးတည်သွားနိုင်ပါတယ်။

San Diego အခြေစိုက် Stemson Therapeutics ကလည်း ပင်မဆဲလ်များမှ တဆင့် ဆံပင် မွှေးညှင်းပေါက် များကို ပွားကာ လူရဲ့ မွှေးညှင်းပေါက်များ တဝိုက်တွင် အစားထိုးထည့်သွင်းပေးသည့် အလားတူကုထုံးကို တီထွင်ခဲ့ပါတယ်။

အမျိုးသားနှင့် အမျိုးသမီး နှစ်ဦးစလုံးအတွက် ဆံပင်ကျွတ်ခြင်းဟာ မိမိကိုယ်ကို လေးစားမှုနှင့် ယုံကြည်မှု ဆုံးရှုံးခြင်းအပါအဝင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများစွာကို ဖြစ်စေနိုင်ပါတယ်။

ဆံပင်ပြန်လည်ပေါက်ဖွားခြင်းအတွက် ပင်မဆဲလ်သုတေသနအားလုံးဟာ ပဏာမသာဖြစ်ပြီး အလားအလာရှိတဲ့ ဓာတ်ခွဲခန်းရလဒ်​တွေကို လူသား​တွေအတွက် ဘေးကင်းပြီး အလုပ်လုပ်တဲ့ ကုထုံး​တွေ အဖြစ် အသုံးပြုနိုင်ဖို့ အတွက် စိန်ခေါ်မှုများစွာကို ကျော်ဖြတ်ဖို့ လိုအပ်သေးတယ်ဟု သိရပါတယ်။

Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *