တရုတ်ကုမ္ပဏီ CellX ဟာ စက်တင်ဘာလ ၃ ရက်နေ့က ဓာတ်ခွဲခန်းမှ ထုတ်လုပ်ထားသည့် ဝက်သားဟင်းလျာများကို မိတ်ဆက်ခဲ့ပြီး ၂၀၂၅ တွင် ကမ္ဘာ့ထိပ်တန်း အသားစားသုံးသည့် နိုင်ငံများအတွက် အပြိုင်အဆိုင် စျေးနှုန်းများဖြင့် ထုတ်လုပ်ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ ဒေသထွက် ဝက်မဲတွေကနေ ထုတ်ယူထားတဲ့ ဆဲလ်တွေကတဆင့် ရှန်ဟိုင်းဓာတ်ခွဲခန်းမှာ ထုတ်လုပ်ခဲ့တဲ့ ရှေ့ပြေး ပုံစံ အသားတွေထဲက တခုကို မြည်းစမ်းဖို့ ရင်းနှီးမြှပ်နှံသူများကို ဖိတ်ခေါ်ခဲ့ပါတယ်။
အပင်မှ ပရိုတင်း ရောစပ်ထားသော ဒီဝက်သားကို မြည်းစမ်းခဲ့သော ဧည့်သည်တစ်ဦး ဖြစ်တဲ့ Li Peiying က “အရသာက ဖွယ်တယ်တယ်နိုင်ပေမယ့် အားလုံးခြုံကြည့်မယ် ဆိုရင်တော့ မဆိုးပါဘူး” ဟု ပြောကြားခဲ့ပါတယ်။
မွေးမြူထားသော အသား သို့မဟုတ် ဓာတ်ခွဲခန်းတွင် တိရစ္ဆာန် ကြွက်သား ဆဲလ်များမှ ကြီးထွားလာသော အသားဟာ မွေး မြူရေးတိရစ္ဆာန်များကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုကို သိသိသာသာ လျော့ကျ စေနိုင်တယ် ဟု ၎င်းကို ထောက်ခံသူများက ပြောကြပြီး ရောဂါ ဘယ များမှလည်း ရှောင်ကျဥ်နိုင်တယ် ဟု ဆိုပါတယ်။
အထူးသဖြင့် ၂၀၂၀ တွင် အသားတန်ချိန် ၈၆ သန်း စားသုံးခဲ့သည့် တရုတ် သို့မဟုတ် ကမ္ဘာ့ဝယ်လိုအား ၏ ၃၀% ခန့်ဟာ သန့်ရှင်းသောအသား ထောက်ပံ့မှုကို အရေးတကြီးလိုအပ်နေကြောင်း CellX ကဆိုပါတယ်။

Photo by Reuters
ဓာတ်ခွဲခန်းတွင်ပြုလုပ်တဲ့ အသားများဟာ ၂၀၁၈ တွင် အာဖရိက ၀က် အပြင်းဖျား ရောဂါ ဖြစ်ပွားပြီးနောက် ရှားပါးပြတ်လပ်မှု နှင့် မတည်ငြိမ်မှုကို ရင်ဆိုင်ရသော စျေးကွက်ကို အစားအစာ ထောက်ပံ့ ပေးနိုင်မည် ဟုလည်းဆိုပါတယ်။
သို့သော် စက်မှု လုပ်ငန်းအတွက် ထုတ်လုပ်မှု ကုန်ကျစရိတ်ဟာ သမားရိုးကျ အသားဓာတ်ထက် အဆများစွာ ပိုမြင့်နေသေးပြီး စားသုံးသူများအနေနဲ့ အတုပြုလုပ်ထားသော အသားများ စားသုံးခြင်းကို ရှောင်ကြဉ်နိုင်ကြောင်း လေ့လာသူများကဆိုပါတယ်။
ဒါပေမယ့်လည်း တရုတ်နိုင်ငံမှာ“ အဲဒီ အသားကို စမ်းကြည့်ချင်တဲ့လူတွေ အများကြီး ရှိတယ်” ဟု CellX တည်ထောင်သူ Yang Ziliang က Reuters သို့ပြောကြားခဲ့ပါတယ်။
Yang Ziliang က လက်ရှိ ထုတ်လုပ်မှု ကုန်ကျစရိတ်နဲ့ ပတ်သတ်ပြီး မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ပြီး ကုမ္ပဏီဟာ ယမန်နှစ်ကထဲက တည် ထောင် ခဲ့တာဖြစ်ကြောင်း ၊ ၂၀၂၅ တွင် ဈေးနှုန်း သက်သာသည့် အသား ဖြစ်လာရန် ရည်ရွယ်ထားကြောင်း ပြောဆိုခဲ့ပါတယ်။
မကြာသေးမီက McKinsey အစီရင်ခံစာအရ စက်မှုလုပ်ငန်းများ တိုးတက်လာသည်နှင့် အမျှ ဒီပြုလုပ်ထားတဲ့ အသားများဟာ ၂၀၃၀ တွင် သမားရိုးကျ အသားများ နှင့် စျေးနှုန်း ညီမျှလာနိုင်တယ် ဟု ခန့်မှန်း ပြောကြားခဲ့ပါတယ်။
ဓာတ်ခွဲခန်းမှာ ပြုလုပ်ထားတဲ့ ကြက်သားများကို ယမန်နှစ်က စင်ကာပူနိုင်ငံမှာ ပထမဆုံးအကြိမ် စားသုံးသူများထံ ရောင်းချခဲ့ပါတယ်။ ဒါပေမယ့် တရုတ်မှာ ရောင်းချဖို့ ခွင့်ပြုထားတဲ့ စည်းမျဉ်းတွေ မရှိသေးပါဘူးဟု ဆိုပါတယ်။
CellX ကုမ္ပဏီဟာ ယခုနှစ် အစောပိုင်းတွင်ဒေါ်လာ ၄.၃ သန်း ရရှိခဲ့ပြီး ယခုအသစ် ထပ်မံ ရန်ပုံငွေရှာဖွေရန် ကမ္ဘာ့စျေးကွက်ကို မျက်စိကျနေပါတယ်။
Yang Ziliang က ” ကျွနိုပ်တို့ရဲ့ အမြင်က အသားထုတ်လုပ်မှုကို ပြောင်းလဲဖို့ ဖြစ်တယ်။ ဒါဟာ တရုတ်ရဲ့ ပြသနာ မဟုတ်ပါဘူး။ တစ်မ္ဘာလုံးဆိုင်ရာ ကိစ္စဖြစ်တဲ့အတွက် ကျွနိုပ်တို့ရဲ့ မျှော်မှန်းချက် အောင်မြင်ဖို့ တစ်မ္ဘာလုံးဆိုင်ရာ ကုမ္ပဏီဖြစ်ရန်လိုတယ်” ဟု ဆိုပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။