Eurofighter Typhoon တွေကိုဟာ အင်ဂျင်နှစ်လုံးတပ် Canard တပ်ဆင်ထားသည့် တြိဂံပုံစံ တောင်ပံနှင့် ဘက်စုံသုံး တိုက်လေယာဉ် တစီး ဖြစ်ပါတယ်။
တိုင်ဖွန်းကို အစောပိုင်းမှာ ဝေဟင် အကဲသာမှု လေယာဉ်အဖြစ် ဒီဇိုင်းဆွဲခဲ့ပြီး Airbus၊ BAE Systems နှင့် Leonardo တို့ ပါဝင်တဲ့ ပူးပေါင်း ကုမ္ပဏီ Eurofighter Jagdflugzeug GmbH မှ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။
၁၉၉၄ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ ပထမဆုံး စမ်းသပ် ပျံသန်းခဲ့ပြီး ၂၀၀၃ ခုနှစ် ဩဂုတ်လမှာ စတင် မိတ်ဆက်ခဲ့သည့် ဒီတိုက်လေယာဉ်ကို ဗြိတိန်၊ ဂျာမနီ၊ အီတလီ၊ စပိန် တို့တွင် အဓိကအသုံးပြုနေသည့်အပြင် အခြားနိုင်ငံ အချို့မှာပါ အသုံးပြုနေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ တိုင်ဖွန်း တိုက်လေယာဉ်ကို အဆင့်မြှင့်တင်မှုများ ပြုလုပ်နေပြီး BAE System ဟာ Eurofighter Typhoon တွင် အသုံးပြုနိုင်မယ့် ပထမဆုံး အဆင့်မြင့် large area display (LAD) ကို ပြသခဲ့ပါတယ်။
LAD ကြောင့် လေယာဉ်၏ သက်ဆိုင်သည့် အချက်အလက်နှင့် ထိန်းချုပ်မှု အားလုံးကို မျက်နှာပြင် တဆက်ထဲဖြင့် ကြည့်ရှုနိုင်လာမှာ ဖြစ်ပါတယ်။
ဩဂုတ်လအတွင်း Kaivopuisto 2021 လေကြောင်းပြပွဲတွင် BAE Systems က ပြသခဲ့သည့် ဒီ မျက်နှာပြင် ဒီဇိုင်းဟာ လာမယ့် ဆယ်စုနှစ်အတွင်း စစ်ဘက်ဆိုင်ရာစွမ်းရည်တွင် ရှေ့ရောက်နေစေရန်
နိုင်ငံပေါင်းစုံ ပူးပေါင်းအဖွဲ့၏ ရေရှည် တိုးတက်ပြောင်းလဲစေမှု စီမံကိန်း၏ တစိတ်တပိုင်းဖြစ်ပြီး ဖင်လန်လေတပ်၏ တိုက်လေယာဉ် ဝယ် ယူရေး အစီအစဉ်ရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။

BAE Systems ဟာ LAD ကို ဒီဇိုင်းဆွဲထုတ်လုပ်ဖို့အတွက် လေယာဉ်မှူးခန်း နှင့် လူနှင့် စက်ကြား ဆက်သွယ်ပေးသည့် စနစ်များ တိုးတက်အောင်ဆောင်ရွက်ခြင်းများကို ဆောင်ရွက်နိုင်ဖို့
Eurofighter စုပေါင်း ကုမ္ပဏီမှာ ဦးဆောင် ကုမ္ပဏီအဖြစ် ရင်းနှီးမြှပ်နှံ့ခဲ့ပြီး အဓိက တိုးတက်အောင် ဆောင်ရွက်မှုများကို အင်္ဂလန်မြောက်ပိုင်းရှိ Warton တွင် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
ဒီလို ဆောင်ရွက်မှုများတွင် BAE ဟာ ၎င်း၏ ပါတနာ ကုမ္ပဏီများဖြစ်တဲ့ Airbus နှင့် Leonardo တို့နှင့် အနီးကပ် ပူးပေါင်း လုပ်ဆောင်ခဲ့ပါတယ်။

Eurofighter သုံးစွဲသည့် နိုင်ငံများမှ လေယာဉ်မှူးများဟာလည်း လေယာဉ်မှူးအခန်း ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များအတွက် နောက်ဆုံးပေါ် စစ် ဆင်ရေးလိုအပ်မှုများကို အပြည့်အဝ သိရှိနိုင်စေဖို့ အနီးကပ် ပါဝင်ခဲ့ပါတယ်။ လို့ ကုမ္ပဏီက ဆိုပါတယ်။
LAD ဟာ လက်ရှိ တိုင်ဖွန်း တိုက်လေယာဉ်များတွင် အသုံးပြုနေတဲ့ ဘက်စုံသုံး မျက်နှာပြင်သုံးခု (MFD) နေရာမှာ တဆက်ထဲ မျက်နှာပြင်အဖြစ် အစားထိုးသွားမှာ ဖြစ်ပါတယ်။
ဒီ LAD မျက်နှာပြင်ဟာ အာရုံခံကိရိယာများ ပေါင်းစပ်ဖို့အတွက် လိုအပ်တဲ့ datalink စနစ်အသစ်များ အပြင် လေယာဉ်မှာ တပ်ဆင်ထားတဲ့ AESA ရေဒါများနှင့် တွဲဖက်အလုပ်လုပ်ဖို့ပါ အများကြီး အထောက်အကူပြုမှာ ဖြစ်ပါတယ်။
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။