တရုတ်ရေတပ်အတွက် Type 056A အားလုံး ထုတ်လုပ်ပြီးစီး

Knowledge News

Global Times မီဒီယာ၏ ဖော်ပြချက်အရ တရုတ်ရေတပ်တွင် Type 056A ကော်ဗက် စစ်သင်္ဘောများရဲ့ နောက်ဆုံးအသုတ် ၂ စီးကို တပ်တော်ဝင်ပြီး သွားပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဒီ ကော်ဗက်စစ်ရေယာဉ်တွေကို ကမ်းရိုးတန်း လုံခြုံရေးအတွက် အသုံးပြုမှာဖြစ်ပြီး စုစုပေါင်း ၇၂ စီးအထိ ထုတ်လုပ်ပြီး ဖြစ်ပါတယ်။ ဒီ့နောက်မှာတော့ Blue-Water ရေတပ်ကို ဦးတည်နေတဲ့ တရုတ်ရေတပ်ဟာ ဒီထက်ကြီးတဲ့ စစ်သင်္ဘောတွေကို အာရုံစိုက်သွားတော့မှာပဲ ဖြစ်ပါတယ်။

ယခု နောက်ဆုံးအသုတ် ၂ စီးထဲက ကိုယ်ထည်နံပါတ် ၆၁၉ (နန်ယန်း) ကို ဇန်နဝါရီလကုန် မှာတပ်တော်ဝင်ခဲ့ပြီး ကိုယ်ထည်နံပါတ် ၆၁၈ (ရှန်းချီ) ကိုတော့ ဖေဖော်ဝါရီ အစောပိုင်းမှာ တပ်တော်ဝင်ခဲ့တာပါ။ ဒီသင်္ဘောတွေရဲ့ နာမည်တွေဟာ ဟယ်နန်ပြည်နယ်ရှိ မြို့ကြီးများရဲ့ နာမည်တွေကို ပေးထားတာ ဖြစ်ပါတယ်။

Type 056 ဒုံးတင် ကော်ဗက် တွေကို Type 056 နှင့် Type 056A ဆိုပြီး မျိုးကွဲ ၂ မျိုးဖြင့် ထုတ်လုပ်ထားကာ ဖွဲ့စည်းပုံအနည်းငယ် (၆ခု လောက်) ကွဲပြားပါတယ်။

ပထမဆုံး Type 056 ကို ၂၀၁၂ ခုနှစ်မှာ စတင် တည်ဆောက် ပြီးစီးခဲ့ပြီး ကမ်းရိုးတန်း ကာကွယ် ရေး နှင့် နေ့စဉ် ကင်းလှည့် စစ်ဆင်ရေးများအတွက် ၂၂ စီး ထုတ်လုပ်ခဲ့ပြီးနောက် ပိုမို တိုးတက်လာ ပြီး Type 056A အဖြစ် ရေငုပ်သင်္ဘော တိုက်ဖျက်ရေး၊ မိုင်း ရှင်းလင်းရေးနှင့် တခြားစွမ်းဆောင်ရည်များပါ ထည့်သွင်း ထပ်တိုးကာ အစီးရေ ၅၀ ထပ်မံ ထုတ်လုပ်လာခဲ့ခြင်း ဖြစ်ပါတယ်။

8 Cell FL-300N လေကာစနစ် (HQ-10)

တရုတ်၏ တိုးတက်လာသည့် နည်းပညာနှင့်အတူ ဒီထက်ပိုကြီးသည့် Type 054A ဖရီးဂိတ်တွေ၊ Type 052D ဖျက်သင်္ဘောတွေ၊ Type 055 ဖျက်သင်္ဘောအကြီးစားတွေ၊ Type 075 ကုန်းရေနှစ်သွယ် စစ်ဆင်ရေး သင်္ဘောများတွေနဲ့ လေယာဉ်တင် သင်္ဘောတွေကို အာရုံပိုစိုက် လာတော့မှာပါ။

Type 056 များကတော့ ဝေးကွာတဲ့ ပင်လယ်ရေကြောင်း စစ်ဆင်ရေးများကို ထိရောက်စွာ ဆောင်ရွက်ဖို့ရာ အရမ်းကို သေးငယ်လွန်းပါတယ်။

သို့သော် Type 056 များဟာ ကမ်းရိုးတန်းကာကွယ်ရေးနှင့် ရေငုပ်သင်္ဘော တိုက်ဖျက်ရေးများမှာ များစွာ အသုံးဝင်ပါတယ်။

အကြောင်းက‌တော့ Type 056 ကို အဆင့်မြှင့်ထားတဲ့ Type 056A သို့မဟုတ် Jiangdao အတန်းအစားကော်ဗက် စစ်ရေယာဉ်တွေမှာ ရေငုပ်သင်္ဘော ရှာဖွေဖို့ရာ ချိတ်ဆွဲ ဆိုနာ စနစ် နှင့် အနက်မျိုးစုံ တိုင်းတာနိုင်တဲ့ Variable depth sonar (VDS) ကို တပ်ဆင်ထားပါတယ်။

ယခင် Type 056 မှာတပ်ဆင်ထားတဲ့ YJ-83 သင်္ဘောဖျက်ဒုံးများကို ဖယ်ရှားလိုက်ပြီး ပြောင်းလေးခုပါဝင်တဲ့ ရော့ကတ်လောင်ချာ ၂ ခုနှင့် ရေငုပ်သင်္ဘော တိုက်ခိုက်ရေးအတွက် အစားထိုးလိုက်ပါတယ်။

ထိုလက်နက်စနစ်များ အပြင် PJ26 ၇၆ မီလီမီတာ ရေယာဉ်သုံးအမြောက် နှင့် PJ17 ၃၀ မီလီမီတာ စက်အမြောက် ၂ ခု ပါဝင်ပါတယ်။

ရေငုပ်သင်္ဘော ရှာဖွေရေး Sonar Array စနစ်များ အလုပ်လုပ်ပုံ

ဒီ corvette ရေယာဉ်ဟာ အရှည် မီတာ ၉၀ အကျယ် ၁၁.၁၄ မီတာ၊ ရေစူး ၄ မီတာ နှင့် တန် ၁၅၀၀ ရှိပါတယ်။

သင်္ဘော တွင် SEMT Pielstick PA6-STC ဒီဇယ်မော်တာနှစ်ခုတပ်ဆင်ထားပြီး အမြင့်ဆုံး ၂၅ နော့တီကယ်မိုင် (တစ်နာရီလျှင် ၂၉ မိုင် သို့မဟုတ် ၄၆ ကီလိုမီတာ) ဖြင့် မောင်းနှင်နိုင်ပြီး၊ 

၁၅ နော်တီကယ်မိုင် (တစ်နာရီလျှင် ၁၈ မိုင်နှုန်း သို့မဟုတ် ၃၀ ကီလိုမီတာ) အမြန်နှုန်းနှင့် ၂၅၀၀ နော်တီကယ်မိုင် (၆၅၀၀ ကီလိုမီတာ သို့မဟုတ် ၄၀၀၀ မိုင်) အထိစစ်ဆင်နိုင်ပါတယ်။

သင်္ဘော၏နောက်ဘက်တွင် Z-11 သို့မဟုတ် Z-9 ရဟတ်ယာဉ်လို အပေါ့စားမှ အလတ်စား ရဟတ်ယာဉ်များကို အသုံးပြုနိုင်သည့်လေယာဉ်ပျံကုန်းပတ်ပါရှိပါတယ်။

လေကာအနေဖြင့် Cell ၈ ခု ပါဝင်တဲ့ HQ-10 (FL-3000N SAM ၈ လုံး အသုံးပြုနိုင်) လေကာစနစ် ပါဝင်ပါတယ်။

ဒါ့အပြင် တော်ပီဒို ၃ ခုတွဲ ပြွန် ၂ ခု ပါ တပ်ဆင်ထားပြီး Yu-7 နှင့် Yu-8 တော်ပီဒိုများနှင့် တွဲဖက် အသုံးပြုနိုင်သောကြောင့် အကောင်သေး အဆိပ်ပြင်း ကော်ဗက်စစ်ရေယာဉ် တစ်စီးဖြစ်နေတယ်ဆိုတာ ငြင်းမရပါဘူး

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *