ရုရှားနိုင်ငံရဲ့ကျယ်ပြောလှသော ကောင်းကင်ယံကို ကာကွယ်ဖို့ရာအတွက် စွမ်းဆောင်ရည်မြင့်မားသည့် မြန်ဆန်ပြီး တာဝေးကြားဖြတ်နိုင်သည့် MiG-31 Foxhound များကို လက်ရှိမှာ အားကိုးထားပါတယ်။
ဒါပေမယ့် အဆိုပါ အသံထက် ၂.၈၃ ဆ အမြန်နှုန်းဖြင့် ပျံသန်းနိုင်သည့် MiG-31 များကို ၁၉၉၄ ခုနှစ်ကတည်းက ဆက်လက် ထုတ်လုပ်ခြင်းမရှိတော့ပါဘူး။
ယခုလက်ရှိ အသုံးပြုနေသော MiG-31 များသည် လာမည့် ၂၀၃၀ ခုနှစ်များအထိသာ အသုံးပြုနိုင်ဖွယ် ရှိပြီး ထိုသို့ အသုံးပြုနေချိန်တွင် အနာဂါတ် တွင် MiG-31 များနေရာတွင်အစားထိုးရန် လက်ရှိ MiG-31 များကို အဆင့်မြှင့်ထားသည့် ကြားဖြတ် တိုက်လေယာဉ် တစ်စီးဖန်တီးရတော့မှာဖြစ်ပါတယ်။
အမှန်စင်စစ်လည်း ရုရှားအုပ်စုမှ အစမ်း သဘောအနေဖြင့် PAK DP MiG-41 လို့ခေါ်ဆိုမည့် MiG-31 ၏ နောက် မျိုးဆက်သစ် တိုက်လေယာဉ်ကို ထုတ်လုပ်နိုင်ဖို့ သုတေသနလုပ်ငန်းတွေ စတင် အကောင်အထည် ဖော်နေပြီ ဆိုတာ ၂၀၁၃ ခုနှစ်လောက်ကတည်းက ပြောဆိုနေကြတာပါ။

အဆိုပါအစီအစဉ်အစ ပြုနေပြီဖြစ်ကြောင်းကို “MiG-31 ၏နောက်မျိုးဆက်လေယာဉ်အတွက် ဆွေးနွေးမှုအချို့နှင့် သုတေသနလုပ်ငန်း များစတင်နေပြီပေမယ့် အခုအချိန်ဟာ အရမ်းစောသေးတဲ့ အခြေအနေပဲရှိပါသေးတယ်”
လို့ မော်စကို အဆင့်မြင့် စီးပွားရေးကျောင်းမှ ရုရှားစစ်ရေးလေ့လာသူ ဗက်ဆီလီ ကာရှင် မှ The National Interest Website သို့ ၂၀၁၇ ခုနှစ်က ပြောကြားခဲ့ပါတယ်။
MiG-41 စီမံကိန်းဟာ ရုရှားတို့၏ ပဉ္စမမျိုးဆက်တိုက်လေယာဉ် Su-57 ရေဒါပျောက် တိုက်လေယာဉ် စီမံကိန်းနဲ့ သီးခြားစီ ဆောင်ရွက်နေတဲ့ စီမံကိန်းတစ်ခုဖြစ်ပါတယ်။
ဒီကြားဖြတ်တိုက်လေယာဉ် စီမံကိန်းဟာ အမေရိကန်လေတပ်၏ လေကြောင်း တိုက်စစ်ဆင်မှုကို တန်ပြန်ခြင်း သို့မဟုတ် အမေရိကန် လေ တပ် ၏ F series သို့မဟုတ် နောက်ထပ် မျိုးဆက်သစ် လေကြောင်းစိုးမိုးမှု အစီအစဉ်များနှင့် သဘောတရား ဆင်တူတဲ့ ဆဋ္ဌမ မျိုးဆက်တိုက်လေယာဉ် အဖြစ်နဲ့ပေါ်ထွက်လာမယ့် အလားအလာ ရှိနေပါ တယ်။

ဗက်ဆီလီ ကာရှင် က PAK DP MiG-41 လေယာဉ် စီမံကိန်းသည် အနာဂတ်စီမံကိန်းတစ်ခု ဖြစ်တဲ့အတွက် သူနားလည်ထားတာကတော့ ယခုအချိန်ဟာ Concept Design အဆင့်သာရှိနေတုန်းပဲဖြစ်ကြောင်း၊ ဒီ စီမံကိန်းဟာ 5++ သို့မဟုတ် 6th generation စီမံကိန်းဖြစ်မည်ဟု ထင်ကြောင်း၊
ပြိုင်ဘက်များဖြစ်သည့် အမေရိကန်၊ တရုတ် နှင့် ဥရောပ နိုင်ငံများ၏ ဆဋ္ဌမမျိုးဆက်လေယာဉ်များအတွက် စီမံကိန်းများကို သုံးသပ် ဆင် ခြင်သင့်ကြောင်း နှင့် အကောင်းဆုံးအနေဖြင့် ၂၀၃၅-၄၀ အတွင်း တွင် ထုတ်လုပ်လိမ့်မည် ဖြစ်ကြောင်း ၂၀၁၇ ခုနှစ်လောက်က ပြောကြားထားပါတယ်။
ဒါ့အပြင် Su-57 ပဉ္စမမျိုးဆက်တိုက်လေယာဉ် ထုတ်လုပ်သည့် စီမံကိန်းနှင့် တိုက်ဆိုင်နေမည်မဟုတ်ဘဲ MiG-41 စမ်းသပ်ပျံသန်းမှုများကို ၂၀၂၀-၂၀၃၀ ကြားခုနှစ်များတွင် ပြုလုပ်နိုင် လိမ့်မည်ထင်ကြောင်းကိုလဲပြောဆိုထားပါတယ်။
အဲဒီ့တုန်းက စစ်ဘက်ဆိုင်ရာ ထုတ်လုပ်ရေးတစ်ခုကတော့ “စီမံကိန်း ချပြလျှင် အဲဒီ့အတွက် ပိုက်ဆံရလိမ့်မည်” ဆိုတဲ့ နိုင် ငံရေး ဆောင်ပုဒ် တစ်ခု ရှိသကဲ့သို့ အခုအခြေအနေဟာ စာရွက်ပေါ်မှာပဲ ရှိသေးတဲ့ စီမံကိန်းတစ်ခု ဖြစ်တယ်လို့ ထင်ကြောင်း ပြောကြားခဲ့ပါတယ်။
ကမ္ဘာ့မြေပိုင်နက် အကြီးဆုံးနိုင်ငံဖြစ်တဲ့ ရုရှားနိုင်ငံဟာ အမှန်တကယ်ပဲ တာဝေး ကြားဖြတ်တိုက်လေယာဉ်များ လိုအပ်ပါတယ်။
အခုတော့ ရုရှားနိုင်ငံအနေဖြင့် MiG-41 ကဲ့သို့ မျိုးဆက်သစ် တာဝေးကြားဖြတ် တိုက်လေယာဉ်များလိုအပ်ကာ၊ ထုတ်လုပ်ဖို့လည်း လုပ် ဆောင်နေခဲ့တာ သေချာသလောက်တော့ ရှိနေပါပြီ။

ရုရှား သတင်းစာ အစ်ဇဗတ်စတီယာ ကတော့ PAK DP MiG-41 စီမံကိန်းဟာ Hypersonic ဒုံးကျည်များကို ကြားဖြတ် ပစ်ချနိုင်ဖို့ ဖြစ်နိုင်ပြီး မစ်ဇိုင်းအသေးစားများ ခွဲထွက် ပစ်ခတ်နိုင်တဲ့ ဘက်စုံသုံး hypersonic တာဝေးမစ်ဇိုင်း multifunctional long-range interceptor missile system (MPKR DP) များနှင့် တွဲဖက်အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။
MiG-41 တကယ် အသုံးပြုမယ့် လက်နက်တွေကို မသိရသေးပေမယ့် ရုရှားလေတပ်အသိုင်း အဝိုင်း သတင်းများအရ R-37 တာဝေး ဝေ ဟင်မှ ဝေဟင်ပစ် ဒုံးကျည် နှင့်အတူ တခြား ဒုံးကျည် အသစ်လည်း အသုံးပြုမယ်လို့ သိရပါတယ်။
ဒါဟာ ရုရှားသတင်းစာက ပြောတဲ့ ဒုံးကျည် အမျိုုးအစားလဲ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် PAK DP ဟာ ဂြိုဟ်တုများကိုပါ ပစ်ချ နိုင်တဲ့ ဒုံး ကျည် များကိုပါ သယ်ဆောင်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့လဲ သိရပါတယ်။
MiG-41 PAK DP ဟာ အမြင့် မီတာ ၁၂,၀၀၀ နှင့် ၄၅,၀၀၀ ကြားတွင် cruise speed အသံထက် ၃ ဆနှုန်းဖြင့် ပျံသန်းနိုင်မှာ ဖြစ်ပြီး အမြင့်ဆုံး အသံထက် ၄ ဆမှ ၄.၃ ဆလောက် အထိ ပျံသန်းနိုင်မှာပါ။
ရုရှား ညွှန်ကြားရေးမှူးချုပ်တစ်ယောက်ကတော့ MiG-41 ဟာ အာကာသ နယ်နိမိတ် နီးပါး အထိ ပျံသန်းနိုင်မှာဖြစ်ပြီး ဒုံး ကျည် ကာကွယ် ရေး လေဆာစနစ်တွေ ပါဝင်ကာ ၂၀၂၅ လောက်မှာ စတင် ထုတ်လုပ်နိုင်မယ်လို့ ပြောပါတယ်။
MiG-41 ကို မောင်းသူမဲ့ မျိုးကွဲ အနေဖြင့်ပါ ထုတ် လုပ်ဖို့လည်း စဉ်းစားနေတယ်လို့သိရပါတယ်။

တရားဝင် သတင်းများအရတော့ ၂၀၁၉ ခုနှစ်မှာ MiG-41 ရဲ ဒီဇိုင်းပိုင်းကို အပြီးသတ် ပြီစီးခဲ့ပြီး Mikoyan ပိုင် Rostec Corporation က ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ PAK DP MiG-41 အတွက် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်တွေ စတင်နေပြီလို့ ကြေငြာခဲ့ပါတယ်။
လေယာဉ်ဟာ မျှော်လင့်ထားတဲ့ အမြန်နှုန်းကို ရောက်ရှိနိုင်ဖို့ Ramjet သို့မဟုတ် Turboramjet အင်ဂျင် အမျိုးအစားကို အ သုံးပြုနိုင်ဖွယ် ရှိပါ တယ်။
ယူကရိန်း-ရုရှား၏ မြင့်တက်လာတဲ့ အခြေအနေတွေကြောင့် ရုရှားဟာ ဘက်ဂျက်ပြဿနာ ကြီးကြီးမားမား ကြုံတွေ့လာ ရဖွယ်ရှိပြီး MiG-41 ၏ အနာဂါတ်ကတော့ မှေးမှိန်နေပါသေးတယ်။
ယခု ဆောင်းပါး သည် ၂၀၁၇ ခုနှစ်က စာရေးသူ သမိုင်းများနှင့် ဗဟုသုတများ page တွင် ရေးသားခဲ့ဖူးသည့် MiG-41 တိုက်လေယာဉ် အကြောင်းကို လက်ရှိ သတင်းများနှင့် တခြား website များကို ကိုးကားကာ နောက်ဆုံး update ကို အ ပြည့်အစုံ ဖော်ပြပေးတာ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။