LAV-25 အပေါ့စား သံချပ်ကာယာဉ် အကြောင်း

Military

လျှင်မြန်မှု၊ ပစ်အားကောင်းမှုနှင့် သွက်လက်စွာလှုပ်ရှားနိုင်မှုများကိုပေါင်းစပ်ထားတဲ့ LAV-25 အပေါ့စားသံချပ်ကာယာဉ်ဟာ အမေရိကန်၊ မရိန်းတပ်ဖွဲ့များအတွက်လုံခြုံရေး၊ ကွပ်ကဲခြင်း၊ ထိန်းချုပ်ခြင်း၊ ကင်းထောက်ခြင်းနှင့်ချေမှုန်းခြင်း အစရှိတဲ့ စစ်ဆင်ရေးများတွင် အသုံးပြုရန် ထုတ်လုပ်ထားတာဖြစ်ပါတယ်။


ကုန်းမြေရော ရေပေါ်ရောပါ စစ်ဆင်နိုင်ပြီး ဆက်သွယ်ရေးပစ္စည်းများနှင့် လက်နက်ကိရိယာများ သယ်ယူပို့ဆောင်ရာမှာလည်း အသုံးပြုနိုင်ပါတယ်။ LAV-25 သည် မြေပြင်အနေအထား အမျိုး မျိုး၊ ရာသီဥတုမျိုးစုံနှင့် ညဘက်စစ်ဆင်ရေးများကိုပါဆောင်ရွက်နိုင်ပြီး C-130, C-141, C-5 နှင့် CH-53 E များမှ တဆင့်လေကြောင်းဖြင့်သယ်ယူပို့ဆောင်နိုင်ပါတယ်။


တိုက်ပွဲဝင်အနေအထားမှာဆို အသင့်ကျည်ထိုးထားတဲ့ 25mm ကျည် ၂၁၀ နှင့် အရံကျည် ၄၂၀၊ အသင့်ကျည်ထိုးထားတဲ့ 7.62mm ကျည် ၄၀၀ နှင့် အရံကျည် ၁၂၀၀ အပြင် အသင့်ကျည် ထိုးပြီး မီးခိုးဗုံး ၈ လုံးနှင့် အရံကျည် ၈ လုံးသယ်ဆောင်တိုက်ပွဲဝင်နိုင်ပါတယ်။
M240E1 7.62mm စက်သေနတ်လေးကိုတော့ ဆုံလည်မှာ တပ်ဆင်ထားတာဖြစ်ပါတယ်။ LAV-25 ဟာ ကုန်းရေ နှစ်သွယ် အပြည့်အဝ စစ်ဆင်နိုင်သည့်အပြင် စစ်ဆင်ရေးများပြုလုပ်ရန် ပြင်ဆင်ချိန် ၃ မိနစ်သာလိုတဲ့ အပေါ့စား သံချပ်ကာယာဉ်တစ်စီးပဲဖြစ်ပါတယ်။

General Dynamics Land Systems ကထုတ်လုပ်ထားတဲ့ ဒီ သံချပ်ကာယာဉ်ရဲ့ အချက် အလက်များကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

အင်ဂျင် – Detroit Diesel 6V53T အင်ဂျင်
လက်နက်များ – M242 25mm chain gun နှင့် M240 7.62mm machine gun
စစ်ဆင်အကွာအဝေး – ၄၁၀ မိုင်
အမြန်ဆုံးအလျှင် – မြေပြင်တွင် တစ်နာရီ ၆၂ မိုင်၊ ရေပေါ်တွင် တစ်နာရီ ၆ မိုင်
စစ်သည် – ယာဉ်အဖွဲ့သား ၃ ယောက်၊ စစ်သည် ၆ ယောက်

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *