Lego ကုမ္ပဏီဆိုတာ အရုပ်တစ်ခုကို အစိတ်အပိုင်းများစွာ ဖြင့်ထုတ်ပြီး အားလုံးပေါင်းစပ်ပါမှ အရုပ်တစ်ခုဖြစ်လာမယ့် ကလေးပညာပေး ကစားစရာများကို ထုတ်လုပ်တဲ့ ဒိန်းမတ်အခြေစိုက် ကမ္ဘာကျော် အရုပ်ထုတ်လုပ်သည့် ကုမ္ပဏီ ဖြစ်ပါတယ်။
Lego ပလပ်စတစ် ဘလောက်တုံးပေါင်း ၄၇၇,၃၀၃ ခုဖြင့် တိုယိုတာ GR Supra ပြိုင်ကားနှင့် ပကတိ ပုံစံ အရွယ်အစား အတိုင်း တစ်ပုံစံတည်းတူ အောင် ဖန်တီးထားသည့် ကားကို ထုတ်ဖော်ပြသခဲ့ပါတယ်။
ဒီအရွယ်အစားတစ်ပုံစံတည်းတူတဲ့ ကားကို Lego Group ရဲ့ ဂျပန်ဌာနခွဲ နှင့် တိုယိုတာတို့ပူးပေါင်း၍ ၁၉၈၆ ခုနှစ်တွင် ဂျပန်၌ တိုယိုတာ GR Supra ပြိုင်ကား စတင်ဖြန့်ဖြူးခဲ့ခြင်း ၃၅ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ဖန်တီးခဲ့တာဖြစ်ပါတယ်။

Lego အရုပ်များဖြင့် ပုံစံအရွယ်အစားတူ ဖန်တီးထားသည့် ပြိုင်ကားဟာ တကယ့်ပြိုင်ကားအစစ်ထက် အလေးချိန်ပိုများပါတယ်။ တကယ်မောင်းလို့လည်းရပြီး သိသိသာသာတော့ နှေးပါတယ်။
ဒီပုံစံတူကားကို Lego တုံးများဖြင့် ပြုလုပ်ထားသော်လည်း ဘီးများ၊စတီယာရင်များ၊ယာဉ်မောင်းထိုင်ခုံများ၊တံဆိပ်များကိုတော့ တကယ့်ကားအစစ်မှ ဖြစ်ပါတယ်။
မူလ တိုယိုတာ GR Supra ပြိုင်ကားကဲ့သို့ မီးများတပ်ဆင်ထားပြီတူညီတဲ့ ဆေးရောင်များ သုတ်ထားတဲ့အတွက် ဆွဲဆောင်မှုရှိပြီး စီးချင်စရာဖြစ်ပါတယ်။
Lego ပကိအရွယ်အစားရှိသည့် ကားကို နာရီပေါင်း ၃၀၀၀ ကြာအောင်တည်ဆောက်ခဲ့ရပြီး ပစ္စည်းအစိတ်အပိုင်းများ တပ်ဆင်ရန်အတွက် နောက်ထပ် နာရီပေါင်း ၂၄၀၀ လုပ်ဆောင်ခဲ့ရသည်ဟု Toyota Gazoo Racing အဆိုအရ သိရပါတယ်။

၎င်းကားရဲ့ အလေးချိန်ဟာ ၄,၁၅၆ ပေါင် (၁,၈၈၅ ကီလိုဂရမ်) ရှိပြီး လျှပ်စစ်နဲ့လှည်ပတ်နိုင်တဲ့ drivetrain တစ်ခုတပ်ဆင်ထားသည့်အတွက် လမ်းပေါ်တွင် မောင်းနှင်နိုင်ပါတယ်။
အမြင့်ဆုံး မောင်းနှင်နိုင်သည့် အမြန်နှုန်းကတော့ တစ်နာရီ ၁၇ မိုင် (၂၈ ကီလိုမီတာ) အထိသာဖြစ်သည့်အတွက် နာမည်ရှိတဲ့ မည်သည့်ပြိုင်ကားကိုမှ အနိုင်ရလိမ့်မည်တော့ မဟုတ်ပါဘူး။
သို့သော် ဉရောပက လျှပ်စစ်စက်ဘီးထက်တော့ အနည်းငယ်ပိုမြန်ပါတယ်။(ဥရောပတွင် လျှပ်စစ်စက်ဘီးများကို အမြန်နှုန်း တစ်နာရီလျှင် ၁၅.၅ မိုင် (၂၅ ကီလိုမီတာ) ကန့်သတ်ထားပါတယ်။)
Lego မှ ပကတိ အရွယ်အစားတူ GR Supra ပြိုင်ကား တစ်ခုထဲ ပြုလုပ်ခဲ့တာ မဟုတ်ပဲ Speed Champions Summer 2021 series ရဲ့
အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ တိုယိုတာ GR Supra ပြိုင်ကားရဲ့ ၁:၁ အရွယ် ပုံစံတူ ဖြုတ်နိုင်တပ်နိုင်တဲ့ အစိတ်အပိုင်း ၂၉၉ ခုပါဝင်သည့် ပြိုင်ကားပုံ ကစားစရာအရုပ်များကိုလည်း ဇွန်လက ထုတ်ဖော်ပြသခဲ့ပါတယ်။

Lego ချစ်သူများအတွက်တော့ ပကတိပုံစံတူ ပြုလုပ်ထားတဲ့ Lego GR Supra ကားကို နာဂိုယာရှိ Legoland Japan Resort ၌ ယခုလ မှ အောက်တိုဘာလ ၁၁ ရက်နေ့အထိ အနီးကပ်ကြည့်ရှုနိုင်မည် ဖြစ်ပါတယ်။Lego Japan GR Supra Speed Champions ဖြုတ်နိုင်တပ်နိုင်တဲ့ အစိတ်အပိုင်း ၂၉၉ ခုပါဝင်သည့် ပြိုင်ကားပုံ ကစားစရာအရုပ်များကိုလည်း Lego Japan’s website တွင် ဝယ်ယူနိုင်မည်ဖြစ်ပါတယ်။