MIT က သုတေသီတွေဟာ ပလပ်စတစ် ကဲ့သို့ ပေါ့ပါးပြီး သံမဏိထက် ပိုမို ခိုင်မာတဲ့ ပစ္စည်းကို ဖန်တီးဖို့ ကြိုးစားနေခဲ့တာ အချိန် အတိုင်းအတာ တခုအထိ ကုန်ဆုံးခဲ့ပါပြီ။
“အဆိုပါ ပစ္စည်းမှာဆိုရင် အလွန်ထူးခြားတဲ့ ဂုဏ်သတ္တိများ ရှိတဲ့အတွက်ကြောင့် ၎င်းနှင့်ပတ်သက်ပြီး ကျွန်ုပ်တို့ အလွန်စိတ်လှုပ်ရှားမိတယ်”လို့ တီထွင်မှုမှာ ပါဝင်တဲ့ သူတွေက ဆိုပါတယ်။
ယခုအခါ MIT မှ ဓာတုအင်ဂျင်နီယာ အဖွဲ့တစ်ဖွဲ့ဟာ ပလပ်စတစ်ကဲ့သို့ ပေါ့ပါးပြီး သံမဏိထက် ပိုခိုင်ခံ့တယ်ဟု ဆိုထားတဲ့ ပစ္စည်းအသစ် တစ်ခုကို ဖန်တီးလိုက်ပြီပဲ ဖြစ်ပါတယ်။
သိပ္ပံပညာတွေတိုးတက်ထွန်းကားလာတာနဲ့အမျှ ၎င်းပစ္စည်းဟာဆိုရင် ကားအစိတ်အပိုင်းတွေ သို့မဟုတ် ဆဲလ်ဖုန်းတွေကဲ့သို့သော အရာတွေကို ထူးထူးခြားခြား အကြမ်းခံတဲ့ အကာအကွယ်ကို ပေးစွမ်းနိုင်လောက်အောင်အထိ ကြီးမားသော တိုးတက်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။

ဒါ့အပြင် ၎င်းကို အများအပြား အလွယ်တကူ ထုတ်လုပ်နိုင်တယ်လို့ ဆိုနိုင်လောက်အောင် အထိ အဖွဲ့က လုပ်ဆောင်နေတယ်ဟု သိရပါတယ်။
“ကျွန်တော်တို့အနေနဲ့ ပလတ်စတစ်တွေကို အဆောက်အဦးတစ်ခုအတွက် ပံ့ပိုးတဲ့နေရာမှာ သုံးနိုင်တဲ့အရာလို့ များသော အားဖြင့် မထင်ထားပေမယ့် ဒီပစ္စည်းအသစ်တွေနဲ့ဆိုရင် အသစ်အဆန်းတွေကို အသုံးပြုနိုင်မှာဖြစ်တယ် ” ဟု
MIT မှ ဓာတုဗေဒအင်ဂျင်နီယာ ပါမောက္ခနှင့် လေ့လာမှုရဲ့ အကြီးတန်းစာရေးဆရာ Michael Strano က ပြောကြားခဲ့ပါတယ်။
အဆိုပါ သုတေသနနှင့်ပတ်သက်ပြီး Nature ဂျာနယ်တွင် “Irreversible synthesis of an ultrastrong two-dimensional polymeric material” ခေါင်းစဉ်ဖြင့် ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။
“ဒါဟာ အလွန်ထူးခြားတဲ့ သတ္တိတွေရှိပြီး အဲဒါအတွက် ကျွန်တော်တို့ အရမ်းစိတ်လှုပ်ရှားမိပါတယ်” ဟု Michael Strano က ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။

2D ပိုလီမာများ
အဖွဲ့ရဲ့အဓိကလျှို့ဝှက်ချက်က ၎င်းတို့ကို အချပ်ပြားများ အဖြစ် စီစဉ်ထုတ်လုပ်ပေးနိုင်တဲ့ အထူး dimension ၂ ခု ရှိသည့် ပိုလီမာများပဲ ဖြစ်ပါတယ်။
အခြာ းပိုလီမာအများစုဟာ 3D အရာဝတ္ထုများအဖြစ် ဖွဲ့စည်းပြီးနောက် တစ်ဖက် မြင်ကွင်းဆက်များကိုသာ ဖန်တီးနိုင်ကြပါတယ်။
ယခုအချိန်အထိ သိပ္ပံပညာရှင်တွေက 2D ပိုလီမာအချပ်ပြားများကို ဖွဲ့စည်းဖို့ မဖြစ်နိုင်ဟု ယူဆထားကြပါတယ်။
သို့သော် ခက်ခက်ခဲခဲ ကြိုးစားလုပ်ဆောင်ခြင်းဖြင့် Strano နှင့် သူရဲ့အဖွဲ့ဟာ ဒြပ်ပေါင်း မယ်လမင်းပါဝင်သည့် အထူး လုပ် ငန်း စဉ်ကို အသုံးပြု၍ လုပ်ဆောင်နိုင်ခဲ့ပါတယ်။
ကောင်းမွန်တဲ့ ရလဒ်အနေနဲ့ 2DPA-1 ဟု အမည်ပေးထားသည့် အလွန်ခိုင်ခံ့ ပါးလွှာသော ပစ္စည်းတစ်ခုဖြစ်ပြီး ကျည်ကာမှန်ကဲ့သို့ ပုံစံ ပျက်ယွင်းမှုကို လေးဆမှ ခြောက်ဆအထိ ခံနိုင်ရည်ရှိပါတယ်။

သိပ်သည်းဆရဲ့ ခြောက်ပုံ တစ်ပုံသာ ရှိသော်လည်း ၎င်းဟာ သံမဏိထက် ကွဲရန် နှစ်ဆ ပိုခက်ခဲတယ်ဟု သိရပါတယ်။
၎င်းပစ္စည်းအသစ်ဟာ မည်သည့် ဓာတ်ငွေ့မှ ထိုးဖောက်ဝင်ရောက်ခြင်းကို ခွင့်မပြုတဲ့အတွက်ကြောင့် ကားများနှင့် အခြားယာဉ်များတွင် သတ္တုကို ကာကွယ်ဖို့ သို့မဟုတ် သံမဏိဖွဲ့စည်းပုံများ ဟု Strano က ဆိုထားပါတယ်။
ယခုအခါ အဖွဲ့ဟာ ၎င်းတို့ရဲ့ ပိုလီမာအချပ်အလွှာများရဲ့ မော်လီကျူးဖွဲ့စည်းပုံကို ပြုပြင်ပြောင်းလဲပြီး နောက်ထပ် ပစ္စည်းအသစ်များ ထပ်မံထုတ်လုပ်နိုင်ဖို့ မျှော်လင့်နေတယ်ဟု သိရပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။