ဆယ်စုနှစ်များစွာ တိုင်အောင် သုတေသီများဟာ dark matter ခေါ် အမှောင်ဒြပ်များကို ခြေရာခံနိုင်ဖို့ လုပ်ဆောင်နေခဲ့ ကြပါတယ်။
Dark matter များဟာ စကြဝဠာ အတွင်းရှိ ဒြပ်ထု၏ ၈၅ ရာခိုင်နှုန်းလောက် ရှိနိုင်မယ်လို့ သိပ္ပံပညာရှင်များက ယုံကြည်ထားကြပါတယ်။
သို့ပေမဲ့ ယနေ့ အချိန်အထိ dark matter များနှင့် ပတ်သက်ပြီး အထောက်အထားတွေ မတွေ့ရှိရ သေးပါဘူး။
ဒီဇင်ဘာလ ၅ ရက်နေ့က Nature Astronomy တွင် ဖော်ပြခဲ့သည့် လေ့လာမှု တခု အရ နေအဖွဲ့အစည်း အတွင်း နက်နဲသည့် အတွင်းပိုင်းတွင် အမှောင်ဒြပ်များကို ရှာဖွေဖို့ အဆိုပြုထားပါတယ်။
Dark matter များ၏ ဒြပ်ထုကြောင့် နာရီ၏ လည်ပတ်မှုတွေကို ထိခိုက်နိုင်သည့် လှိုင်းသဏ္ဍာန် ဂုဏ်သတ္တိတွေ ရှိမယ်လို့ ယူဆထားလို့လည်း ဖြစ်ပါတယ်။
ဒါ့ကြောင့် လေ့လာမှုတွင် ထိုနေရာများ တဝိုက် Atomic နာရီများကို ထားရှိပြီး တိုင်းတာဖို့ အကြံပြုထားပါတယ်။

Illustration
Atomic နာရီများဟာ အာကာသအတွင်းတွင် ယခင်ကတည်းက ရှိနေပြီး ဖြစ်ကာ ကမ္ဘာလုံးဆိုင်ရာ တည်နေရာပြစနစ် Global Positioning Systems (GPS) များကို ထောက်ပံ့ပေးနေပါတယ်။
၎င်းတို့ဟာ အက်တမ်များ၏ လျှင်မြန်စွာ လည်ပတ်နေမှုကို တွက်ချက်ပြီး အချိန်ကို သိရှိစေတာ ဖြစ်ပါတယ်။
Delaware တက္ကသိုလ်မှ ရူပဗေဒ ပညာရှင် Marianna Safronova ဦးဆောင်ပြီး ကယ်လီဖိုးနီးယား တက္ကသိုလ်မှ Yu-Dai Tsai နှင့်
Kavli စကြဝဠာ ဆိုင်ရာ သင်္ချာနှင့် ရူပဗေဒ တက္ကသိုလ် နှင့် တိုကျို တက္ကသိုလ်တို့မှ Irvine နှင့် Joshua Eby တို့ ပါဝင်တဲ့ အဖွဲ့ဟာ Atomic နာရီများကို dark matter များကို ရှာဖွေဖို့ အသုံးပြုချင် ကြပါတယ်။
သုတေသီများ အဆိုအရ နေအဖွဲ့အစည်း၏ မာကျူရီနှင့် နေ၏ ပတ်လမ်း အကြားတွင် အမှောင်ထု၏ သိပ်သည်းဆဟာ ကြီးမားတယ်လို့ သိရပါတယ်။
ဒါ့ကြောင့် ထိုနေရာမှ တဆင့် ထွက်ပေါ်လာသည့် တုန်ခါမှု အချက်ပြလှိုင်းများမှ တဆင့် ဒြပ်များ တည်ရှိနေမှုကို သိရှိနိုင်မယ်လို့ မျှော်လင့်နေပါတယ်။
စာတမ်းအရ “Quantum sensors” လို့ခေါ်တဲ့ Atomic၊ nuclear နှင့် molecular နာရီများကို တီထွင်နေဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။

Parker Solar Probe လွှတ်တင်စဉ်က
Safronova ကတော့ ဒီ အကြံကို Parker Solar Probe နေကိုလေ့လာသည့် အာကာသယာဉ် လွှတ်တင်ပြီးနောက် ရရှိခဲ့တာပါလို့ ပြောပါတယ်။
လေ့လာမှုကို အကောင်အထည်ဖော်နိုင်ဖို့ နေနှင့် အလွန် နီးကပ်သွား သွားနိုင်တဲ့ ဂြိုဟ်တုကို လွှတ်တင်ပြီး အခြေအနေသစ်တွေကို ရှာဖွေမှာပါ လို့လည်း ပြောပါတယ်။
Parker Solar Probe ၏ လက်ရှိ နေနှင့် နီးကပ်စွာ သွားနေသည့် လမ်းကြောင်းဟာ ၎င်းတို့ အမှောင်ဒြပ်များကို လေ့လာဖို့ လိုအပ်သည်ထက်တောင် ပိုနီးနေပါသေးတယ်လို့လည်း ပြောပါတယ်။
၂၀၁၉ ခုနှစ်က NASA ၏ Deep Space Atomic Clock မစ်ရှင်ဟာ အာကာသ အတွင်း လွှတ်တင်သမျှ တွင် အကောင်းဆုံး Atomic နာရီ အဖြစ် သက်သေပြပြီး ဖြစ်ပါတယ်။
ဒါပေမယ့် Safronova က ပိုပြီး ကြိမ်နှုန်းမြင့်တဲ့ Atomic နာရီ အမျိုးမျိုး တို့ကို ပြီးခဲ့သည့် ၁၅ နှစ် အတွင်း တီထွင်ခဲ့ပြီး ဖြစ်တယ်လို့ ပြောပါတယ်။
ထိုကဲ့သို့ နာရီများဟာ နှစ်ပေါင်း ဘီလီယံများစွာ အတွင်း အချိန် တစက္ကန့်ပင် မှားယွင်းနိုင်ခြင်း မရှိပါဘူး။
Citation: “Direct detection of ultralight dark matter bound to the Sun with space quantum sensors.
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။