ယူရို ၃.၂ ဘီလီယံ တန်တဲ့ HMS Queen Elizabeth လေယာဉ်တင်သင်္ဘောဟာ ဗြိတိန် လေယာဉ်တင်သင်္ဘော အုပ်စုကို ဦးဆောင်နေတာဖြစ်ပြီး ဒါဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကာလ တွေအတွင်း အကြီးဆုံးသော ရေတပ်တိုးချဲ့မှုပဲ ဖြစ်ပါတယ်။
ဒီသင်္ဘောနှင့် ၎င်း၏ သင်္ဘောအုပ်စုဟာ တောင်ဘက်ကို အတ္တလန်တစ်ကို ဖြတ်ကာ တောင်ဘက်ကို ဦးတည်နေပြီး မြေထဲပင်လယ်မှဆင့် ဆူးအက် တူမြောင်းကို ဖြတ်ကျော်ကာ ကမ္ဘာ့အနှံ့ကို ၂၈ ပတ် ကြာအောင် အလည်အပတ် သွားလာနေတာ ဖြစ်ပါတယ်။
ဒီခရီးဟာ လေယာဉ်တင်သင်္ဘောရဲ့ ပထမဆုံး စစ်ဆင်ရေး ခရီးဖြစ်ပြီး အမေရိကန် တပ်သား ၂၅၀ အပါအဝင် စုစုပေါင်း တပ်သား ၁,၇၀၀ လောက် တင်ဆောင်ထားပါတယ်။
HMS Queen Elizabeth နှင့်အတူ ဖရီးဂိတ် နှင့် ဖျက်သင်္ဘော ၆ စီး၊ ထောက်ပံ့ရေး သင်္ဘော ၂ စီး၊ Astute အတန်းအစား ရေငုပ်သင်္ဘော ၁ စီး၊ F-35 ၁၈ စီး နှင့် ရဟတ်ယာဉ် ၁၄ စီးတို့ ပါဝင်ပါတယ်။
လေယာဉ်တင် သင်္ဘော တစီးကို ကာကွယ်ဖို့ ဆိုတာ ကြီးမားတဲ့ တာဝန် တရပ် ဖြစ်ပါတယ်။ ဒီ လေယာဉ်တင်သင်္ဘောအုပ်စုမှာ ရေငုပ် သင်္ဘော တိုက်ဖျက်ရေး ဆောင်ရွက်နိုင်တဲ့ Type 23 ဖရီးဂိတ် များနှင့် လေကြောင်းရန် ကာကွယ်ပေးနိုင်တဲ့ Type 45 ဖျက်သင်္ဘောတွေ ပါဝင်ပါတယ်။

Astute အတန်းအစား ရေငုပ်သင်္ဘောများဟာ ရေအောက်မှနေပြီး အဆင့်မြင့် အာရုံခံ ကိရိယာများကို အသုံးပြုကာ ရေယာဉ်အုပ်စုကြီးကို တဝိုက် ပတ်ဝန်းကျင်ကို ထောက်လှမ်းကာ ရှင်းလင်းပြတ်သားသော ပုံရိပ်များကို အခြား သင်္ဘောများကို ပေးပို့ ပေးနိုင်ပါတယ်။
၂၀၂၁ ခုနှစ် HMS Queen Elizabeth စတင် တာဝန်ထမ်းဆောင် ကတည်းက သင်္ဘောပေါ်မှာ F-35B များနှင့် တော်ဝင်ရေတပ်၏ Merlin ရဟတ်ယာဉ်များ တင်ဆောင် ထားပြီးဖြစ်ပါတယ်။
ဒီလေယာဉ်တင် သင်္ဘောကို တော်ဝင်ရေတပ် Type 45 ဖျက်သင်္ဘောများ၊ Type 23 ဖရီးဂိတ်များ၊ ထောက်ပံ့ရေး သင်္ဘောများနှင့် အသစ်ရောက်ရှိလာမယ့် Type 26 ဖရီးဂိတ်များနှင့် တွဲဖက် တာဝန် ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။
အဲဒီ့ သင်္ဘောအုပ်စုကြီးဟာ ရေမိုင် ၅၀၀ လောက်ကို တရက်အတွင်းမှာ စိုးမိုးနိုင်ပြီး ကီလိုမီတာ ၄၀၀ အကွာမှာရှိတဲ့ ပစ်မှတ် ၁ ထောင်လောက်ကို ခြေရာခံနိုင်ပါတယ်။

အဆိုပါ သင်္ဘောအုပ်စုတွင် Royal Fleet Auxiliary မှ ဖြည့်တင်းရေး သင်္ဘောများလည်း လိုအပ်ပါတယ်။ ဗြိတန်ဟာ တောင့်တင်းတဲ့ ထောက်ပံ့ရေး သင်္ဘောများကို ပိုင်ဆိုင်ပါတယ်။
ထိုသင်္ဘောများမှ သင်္ဘောများအတွက် လိုအပ်တဲ့ လက်နက်များ၊ စားနပ်ရိက္ခာများ နှင့် လောင်စာဆီများကို ထောက်ပံ့ပေးနိုင်ပါတယ်။
လက်ရှိ ဗြိတန်တွင် မျိုးဆက်သစ် လေယာဉ်တင်သင်္ဘောများဖြစ်တဲ့ HMS Queen Elizabeth နှင့် HMS Prince of Wales ဆိုပြီး ၃.၂ ဘီလီယံ ယူရို တန် Queen Elizabeth အတန်းအစား လေယာဉ်တင်သင်္ဘောကြီး ၂ စီး ပိုင်ဆိုင်ထားပါတယ်။
လေယာဉ်တင် သင်္ဘော တစီးစီမှာ အစီးရေ ၂၄ စီးပါတဲ့ F-35B တိုက်လေယာဉ် ၂ အုပ် တင်ဆောင်နိုင်ပြီး လိုအပ်ပါက ၃၆ စီးအထိ တင်ဆောင်စစ်ဆင်နိုင်ပါတယ်။
တိုက်လေယာဉ်အုပ် ၁ ခုစီမှာ တိုက်လေယာဉ် ၁၂ စီးဖြင့် ဖွဲ့စည်းထားပေမယ့် ပုံမှနးအားဖြင့် ၁၀ စီးစီသာ ထားရှိပါတယ်။
Knowledgeworms Copyright © 2021