လျှပ်စစ်စွမ်းအင်သုံး ‘Little Giant’ ယာဉ်ဖြင့် အမြန်နှုန်း စံချိန်သစ် တင်ခဲ့သည့်အကြောင်း

News Tech

စွန့်စားရတာတွေကို နှစ်သက်တဲ့ အဖွဲ့တစ်ဖွဲ့ဟာ မကြာသေးမီက Utah ရှိ Bonneville Salt Flats မှာ လျှပ်စစ်စွမ်းအင်ဖြင့် မြေပြင်တွင် မောင်းနှင်နိုင်သည့် အမြန်နှုန်း စံချိန်ကို ချိုးဖျက် ခဲ့ပြီး နောက် တစ်နေ့မှာဘဲ ၎င်းတို့ရဲ့ ကိုယ်ပိုင် စံချိန်ကို ထပ်မံ ချိုးဖျက် နိုင်ခဲ့ကြောင်း AutoEvolution မှ အစီရင်ခံစာမှာ ရှင်းပြထားပါတယ်။

စက်တင်ဘာလ 30 ရက်နေ့တုန်းက ယာဉ်မောင်း Eric Ritter ဟာ Team Vesco နှင့် reVolt System ရဲ့ 444 ‘Little Giant’ streamliner ဖြင့် အမြင့်ဆုံးအမြန်နှုန်း တစ်နာရီလျှင် ၃၂၂ မိုင်နှုန်း မောင်းနှင်ခဲ့ကာ ပထမဆုံးစံချိန်ကိုချိုးဖျက်နိုင်ခဲ့ပါတယ်။

‘Little Giant’ streamliner Photo: Courtesy of Team Vesco

နောက်တစ်ရက်မှာ Eric Ritter ဟာ တစ်နာရီလျှင် ၃၅၃ မိုင်နှုန်းဖြင့် နောက်ထပ် မှတ်တမ်းတင်နိုင်ခဲ့ပြီး လျှပ်စစ်ကားတွေအတွက် စံချိန်သစ်တစ်ခု ထပ်မံပြုလုပ်နိုင်ခဲ့ပါတယ်။

စံချိန်ချိုးအောင် ပြေးခဲ့တဲ့ `Little Giant’ ယာဉ်မှာ 1,152 prismatic လီသီယမ်-အိုင်းယွန်းဘက်ထရီများဖြင့် မောင်းနှင်နိုင်အောင် အကြီး အကျယ်မွမ်းမံထားတဲ့ Tesla ရဲ့ လျှပ်စစ် မော်တာကြီးနှစ်လုံး ပါရှိပါတယ်။

အဖွဲ့ဟာအဆိုပါ ပြုပြင်ထားတဲ့ Tesla မော်တာတွေရဲ့ပါဝါ နှင့်ပတ်သက်ပြီး သတ်မှတ်ချက်တွေကို ထုတ်ပြန်ခြင်းတော့ မရှိသေးပါဘူး။

Team Vesco ဟာ တစ်နာရီလျှင် ၄၀၀ မိုင်နှုန်း နဲ့ လျှပ်စစ်ယာဥ်ကုန်းမြေအမြန်ဆုံး စံချိန်သစ်တင်နိုင်ဖို့ ရည်ရွယ်ထားတယ်ဟု သိရပါတယ်။

၁၉၉၇ ခုနှစ်အောက်တိုဘာလ ၁၅ရက်နေ့တုန်းက Thrust SSC အသံထက်မြန်တဲ့ကားကို အသုံးပြုပြီး မြေပြင်အမြန်ဆုံးစံချိန်ကို တစ်နာရီလျှင် ၇၆၃.၀၃၅ မိုင် နှုန်းဖြင့်မောင်းနှင်အောင်မြင်ခဲ့ပြီး ယခုအချိန်ထိ ချိုးဖျက်နိုင်ခြင်းမရှိသေးပါဘူး။

Thrust SCC ကား အကြောင်းကို “ဂျက်တိုက်လေယာဉ်လောက် မြန်သည့်ကားနှင့် ပြိုင်ကားထဲမှ အမြန်ဆုံးကားများ အကြောင်း” ခေါင်းစဉ် ဖြင့် ဖော်ပြပြီး ဖြစ်ပါတယ်။

Thurst SCC

ယခင်လျှပ်စစ်ယာဉ်အားလုံးရဲ့ မြေပြင်အမြန်နှုန်း စံချိန်ကို Ohio State University ရဲ့ Venturi Buckeye Bullet 3 မှ ၂၀၁၆တုန်းက အမြင့်ဆုံးမြန်နှုန်း တစ်နာရီလျှင် ၃၄၁ မိုင်နှုန်းအထိ ရောက်ရှိခဲ့ပါသေးတယ်။

Thrust SCC ရဲ့ စံချိန်ကို သတ်မှတ်ပြီးကတည်းက Bloodhound LSR ဟုခေါ်တဲ့ယာဥ်နဲ့ အဆိုပါ ကုမ္ပဏီရဲ့ ဆက်ခံသူဟာ Thrust SCC ရဲ့ စံချိန်တင်အပြေးအတွက် ယာဉ်မောင်းထိုင်ခုံတွင်ပါရှိသည့် ယာဉ်မောင်း Andy Green နှင့်အတူ စံချိန်အားလုံးကို ချိုးဖျက်ဖို့ ကြိုးပမ်း​နေပါတယ်။

မကြာသေးမီက ကပ်ရောဂါ ရဲ့ သက်ရောက်မှုကြောင့် ပိုင်ရှင် အသစ် ရှာဖွေရာမှာ စီးပွားရေး အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း Bloodhound ဟာ တစ်နာရီလျှင် ၅၀၀ မိုင်နှုန်း နဲ့ အတားအဆီးတွေကို ကျော်ဖြတ်မောင်းနှင်နိုင်ခဲ့ပါသေးတယ်။

AutoEvolution ရဲ့ အဆိုအရ Team Vesco ဟာ လျှပ်စစ်ကားရဲ့ မြေပြင်အမြန်နှုန်း စံချိန်ကို ပိုမိုမြင့်မားအောင် ပြုလုပ်လိုပြီး တစ်နာရီ မိုင် ၄၀၀ နှုန်းအထိ မောင်းနှင်နိုင်ဖို့အတွက် မျှော်မှန်းထားတယ်ဟု သိရပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *