သိပ္ပံပညာရှင်တွေက အသက်ရှုဖို့မလိုတဲ့ သက်ရှိ ကို ဖန်တီးလိုက်တဲ့အကြောင်း

Innovation Science

နက်နဲတဲ့ အသက်ရှုနည်း

အချို့သော ဇီဝဗေဒဆိုင်ရာ အဖြေပေးမှုကြောင့် သိပ္ပံပညာရှင် အဖွဲ့တစ်ဖွဲ့ဟာ ၎င်းတို့ရဲ့အသက်ရှူနိုင်စွမ်းကို ဖယ်ရှား ပြီးသည့်တိုင် ဖား လောင်းလေး တွေကို အသက်ရှင်သန်စေနိုင်မည့် နည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

Ludwig Maximilians တက္ကသိုလ်မှ သုတေသီတွေဟာ ရေညှိတွေကို ဖားလောင်းလေးတွေထဲ ထိုးသွင်းပြီး သွေးအေးကျောရိုးရှိ သတ္တဝါတွေ နဲ့ အဏုဇီဝပိုးမွှားတွေ အကြား အပြန်အလှန်ဆက်သွယ်မှု ကို ဖန်တီးပြီး သွေးအေးကျောရိုးရှိသတ္တဝါတွေကို အောက်စီဂျင်မရှိတဲ့ ပတ် ဝန်းကျင်မှာ ရှင်သန်စေနိုင်အောင် ဖန်တီး​ပေးခဲ့ကြတယ် ဟု The Scientist မှာ ဖော်ပြထားပါတယ်။

ဒါဟာ အရေးကြီးတဲ့ ဆေးဘက်ဆိုင်ရာ စမ်းသပ်ချက်တစ်ခု ဖြစ်တယ် ဟု ဆိုပါတယ်။

ဥပမာအနေနဲ့ လေဖြတ်ခြင်းဟာ လူတစ်ယောက်ဦးနှောက်ရဲ့ အောက်စီဂျင် ပံ့ပိုးမှုကို ဖြတ်တောက်လိုက်သော်လည်း တစ်ချို့ အသက်ဆက်ရှင်စေပါတယ်။

ဒါဟာ ကိုယ်ပိုင်မှန်ကန်တဲ့ ဇီဝဗေဒစမ်းသပ်မှုတွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့ ခြေလှမ်းတစ်ခုဘဲ ဖြစ်ပါတယ် ဟုဆိုပါတယ်။

မတူညီတဲ့သက်ရှိနှစ်မျိုးကြား အပြန်အလှန်ဆက်သွယ်မှု ကို သုတေသီတွေက ဖန်တီးခြင်း

သုတေသီတွေဟာ မျိုးစပ်အသစ်ကို စမ်းသပ်ဖို့အတွက် ဖားလောင်းလေးတွေကို သူတို့ရဲ့ ဦးနှောင်ကို အောက်စီဂျင် လုံးဝပြတ်လပ်သွားအောင်ထားခဲ့ကြပါတယ်။

ထို့နောက် သူတို့ကို အလင်းရောင်ကောင်းကောင်းရတဲ့ ကန်ပေါ်မှာ ရေညှိတွေကို ထိုးသွင်းခဲ့ကြပြီး ဦးနှောက်ကို အောက်စီဂျင်ပြန်လည်ရရှိအောင် ပြုလုပ်ခဲ့ကြပါတယ်။

ထို့သို့ပြုလုပ်ပြီးနောက်မှာတော့ ဖားလောင်းလေးတွေရဲ့ ဦးနှောက်ဟာ ပြန်လည် တက်ကြွလာခဲ့ပြီး ရေညှိတွေဟာ နေရာသစ်မှာ အောင်မြင်စွာ ရှင်သန်နေတာကို ညွှန်ပြနေကြောင်း ဗုဒ္ဓဟူးနေ့က iScience ဂျာနယ်တွင်ဖော်ပြခဲ့တဲ့ သုတေသနအရ သိရပါတယ်။

Gettysburg ကောလိပ်မှ ဇီဝဗေဒပညာရှင် Ryan Kerney က ဒီလေ့လာမှုအသစ်မှာ သူကိုယ်တိုင်ပါဝင်ကာ ရေညှိဖြင့် မတူညီတဲ့သက်ရှိနှစ်မျိုးကြား အပြန်အလှန်ဆက်သွယ်မှု ကို ဖန်တီးဖို့ ကြိုးစားခဲ့ပါတယ်။

ဒါဟာ ဆယ်စုနှစ် တစ်ခုကြာတဲ့အခါမှာ တိရိစ္ဆာန် ဇီဝကမ္မကို ပြောင်းလဲဖို့ သို့တည်းမဟုတ် တိုးတက်အောင် လုပ်ဖို့ ရည်မှန်းချက် ဖြစ်တယ် ဟု ဆိုပါတယ်။

အန္တရာယ်ရှိတဲ့ ရေညှိတွေနဲ့ ပတ်သက်ပြီး အန္တရာယ်များတဲ့ မသိသေးတဲ့ တ​ခြား အရာတွေ ရှိ​သေးကြောင်း Ryan Kerney က ဆက်လက်ပြော ပြခဲ့ပါတယ်။

Ryan Kerney က ” ကျွန်တော်တို့အနေနဲ့ ဖြစ်လာနိုင်တဲ့ အကျိုးဆက်ကို မျှော်လင့် ခန့်မှန်းတာက ပိုစိတ်ဝင်စားစရာကောင်းပါတယ်” ဟု ဆိုပါတယ်။

ဒီနည်းလမ်းဟာ အကြောင်း အမျိုးမျိုးကြောင့် အောက်စီဂျင် ပြတ်လပ်နေတဲ့ ကျွန်ုပ်တို့ရဲ့ ဦးနှောက်ကို ​ရုန်းထွက် ကယ်တင်နိုင်မလား ဆိုတာကို စောင့်ကြည့်ရမှာဘဲ ဖြစ်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.