တရုတ်၏ လပေါ်ကို ဆင်းသက်ခြင်းကို အရှိန်မြှင့်တင်ရန် ရှိရင်းစွဲ ဒုံးပျံကို အသုံးပြုနိုင်

News Science

တရုတ်ရဲ့ အာကာသ ရည်မှန်းချက်ကတော့ သတင်း အချက်အလက်တွေ ခွဲခြားဖို့ မဟုတ်ပါဘူး။

လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်ကပင် တရုတ်နိုင်ငံက မိုင်ပေါင်းများစွာဆန့်တဲ့ အာကာသထဲမှာ Megaships ကို ဘယ်လို တည်ဆောက်လိုတယ် ဆိုတာကို ပြောကြားခဲ့ပါတယ်။

ဒါဟာ ဝေးကွာတဲ့အိမ်မက်တစ်ခုဖြစ်နိုင်ပေမယ့် အခုအချိန်မှာတော့ တရုတ်နိုင်ငံက Long March 5 ဒုံးပျံကို ပြန်လည် တပ်ဆင် အသုံးပြုပြီးတော့ လကမ္ဘာပေါ် ဆင်းသက်ခြင်း မစ်ရှင်ကို အရှိန်မြှင့်ဖို့ စီစဉ်နေပုံ ရတယ်လို့ ဟောင်ကောင် အခြေစိုက် သတင်းဝက်ဘ်ဆိုက် တစ်ခုက မကြာသေးမီက ဖော်ပြခဲ့ပါတယ်။

Artemis အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း အနေဖြင့် NASA က ၂၀၂၄ တွင် လကမ္ဘာပေါ်ကို အဖွဲ့သားတွေ စေလွှတ်ရန် စီစဉ်နေပါတယ်။

အစီအစဉ်က နက်ရှိုင်းတဲ့ အာကာသ စူးစမ်း လေ့လာရေးအတွက် ခြေလှမ်းတစ်ခုဖြစ်ပြီး မကြာမီ အနာဂတ်တွင် အင်္ဂါဂြိုဟ်သို့ အဖွဲ့သားတွေ စေလွှတ်နိုင်ရန် ဖြစ်ပါတယ်။

လမျက်နှာပြင်ရဲ့အစွန်အဖျားမှ နမူနာတွေကို ကောက်ယူပြီး ၎င်းတို့ကို ကမ္ဘာမြေပေါ်သို့ ပြန်လည် ယူဆောင်လာခြင်း အားဖြင့် ၂၀၃၃ တွင် လူသားတွေကို အင်္ဂါဂြိုဟ်သို့ စေလွှတ်နိုင်ရန် သူ့ရဲ့ရည်ရွယ်ချက်ကိုလည်း ​ကြေညာခဲ့ပါတယ်။

Photo by China Aerospace Science and Technology Corp

၎င်းမတိုင်မီ ၂၀၃၀ တွင် လရဲ့တောင်ဝင်ရိုးစွန်းတွင် ကင်းစခန်း တစ်ခု ပြုလုပ်ချင်နေပြီး ထိုသို့ ပြုလုပ်ရန် ဂြိုလ်ထုမှာပါရှိတဲ့ ပစ္စည်းကိရိယာတွေကို သယ်ဆောင်ရန် လုံလောက်တဲ့ စွမ်းအားရှိတဲ့ ဒုံးပျံတစ်ခုလိုအပ်ပါတယ်။

တရုတ်အမျိုးသား အာကာသ အေဂျင်စီ (CNSA) က လပေါ် ဆင်းသက်ရန် မစ်ရှင်အတွက် Long March ကို တီထွင်နေပြီး အစိတ်အပိုင်းအများစုကို စမ်းသပ်နေဆဲ ဖြစ်တာကြောင့် ပထမ အကြိမ် ပျံသန်းမှုကို ၂၀၃၀ တွင်သာ ပြုလုပ်ရန် မျှော်မှန်းထားပါတယ်။

မစ်ရှင်ကို အရှိန်မြှင့်ရန် အခြားသူတွေနဲ့ ယှဉ်ပြိုင်လုပ်ဆောင်နေစဉ် CNSA က ၎င်းရဲ့လက်ရှိယာဥ္ Long March 5ကို လပေါ် ဆင်းသက်ခြင်းအတွက် ပြန်လည် အသုံးချဖွယ် ရှိပါတယ်။

အမျိုးသားလူငယ်သိပ္ပံနှင့် နည်းပညာပြိုင်ပွဲတွင် အာကာသ လွှတ်တင်ယာဉ် ကျွမ်းကျင်သူ Long Lehao က တိုးတက်လာတဲ့ Long March 5 ကို Long March-5DY လို့လည်း ခေါ်တွင်တယ်လို့ ပြောကြားခဲ့ပါတယ်။

NASA က သယ်ဆောင်နိုင်မှု ပမာဏ ၄၆ တန်ရှိတဲ့ Space Launch System Block 2 ကို ဖြန့်ကျက်ရန် စီစဉ်နေစဉ် Long March က လကမ္ဘာလွှဲပြောင်းမှုပတ်လမ်းအတွက် ရှစ်တန်နဲ့ အတော်လေးသေးငယ်တဲ့ ပမာဏသာရှိပါတယ်။

ထို့ကြောင့် CNSA က ၎င်းရဲ့ ရည်မှန်းချက်များ အောင်မြင်ရန် မတူညီသော ဒုံးပျံနှစ်စင်းကို အသုံးပြုနိုင်ပါတယ်။

လပတ်လည် ဂြိုဟ်ဆင်းယာဉ်ကို လွှတ်တင်ဖို့ ပထမဆုံးဒုံးပျံယာဉ်ကို အသုံးပြုပြီး ဒုတိယ​တစ်ခုကိုတော့ အာကာသယာဉ်မှူးနှစ်ဦးရဲ့ အဖွဲ့သားတွေကို လွှတ်တင်မှာဖြစ်ပါတယ်။

ထိုနေရာသို့ရောက်လျှင် အဖွဲ့သားတွေက လမျက်နှာပြင်ပေါ်သို့​ဆင်းသွားပြီး လပေါ်တွင် နာရီအနည်းငယ် ကြာလိမ့်မှာ ဖြစ်ပါတယ်။

Photo by Tu Haichao/Xinhua

နောက်ပိုင်းတွင် ဂြိုဟ်ပတ်လမ်းရဲ့အစိတ်အပိုင်းတစ်ခုကို အဖွဲ့သားတွေကို ကမ္ဘာမြေပေါ်သို့ လုံခြုံစွာ ပြန်လာနိုင်ရန် ပြန်လည် လွှဲပြောင်းပေးမယ့် ပတ်လမ်း အာကာသယာဉ်သို့ ပြန်တက်ရန် သုံးလိမ့်မှာဖြစ်ပါတယ်။

Long ရဲ့ပြောဆိုချက်တွေက CNSA ရဲ့အမြင်များကို သေချာပေါက် ထင်ဟပ်ခြင်း ရှိမှာမဟုတ်ပါဘူး။

CNSA ရဲ့ လက်ထောက်ညွှန်ကြားရေးမှူးနဲ့ လစူးစမ်းရှာဖွေရေး လက်ထောက်တပ်မှူး Wu Yanhua က အာကာသပြိုင်ပွဲမှာ ရှုထောင့်တွေကို မမြင်နိုင်ကြောင်း ဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။

လပေါ်ကိုဆင်းသက်ခြင်း မစ်ရှင်က မသိသေးတဲ့ အရာတွေကို စူးစမ်းရန် သိပ္ပံနည်းကျ သုတေသန ပြုလုပ်ရမယ်လို့ Yanhua က မနှစ်ကပြောခဲ့တယ်လို့ တင်ပြချက်အရသိရပါတယ်။

တိုင်းပြည်ရဲ့အမြင်တွေ ပြောင်းသွားရင် ကျွန်တော်တို့ နောက်ဆုံးမှာ တွေ့ရလိမ့်မယ်။

တရုတ်က ၂၀၂၄ မှစတင်၍ တောင်၀င်ရိုးစွန်းတွင် အလိုအလျောက်စက်ရုပ်သုတေသနစခန်းတစ်ခု တည်ဆောက်ရန် စီစဉ်ထားတဲ့ သူ့ရဲ့ လကမ္ဘာ စူးစမ်းလေ့လာရေး စီမံကိန်း နောက်ဆုံးအဆင့်သို့ ယခုအခါ ရောက်လိမ့်မှာဖြစ်ပါတယ်။

ရေးသားသူ – Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *