မိုင်ပေါင်းများစွာ ကြားအောင် အသံပြုနိုင်တဲ့ တိရစ္ဆာန် ၇ မျိုးအကြောင်း

Knowledge Nature

တိရစ္ဆာန်တွေဟာ အန္တရာယ်အချက်ပြဖို့ သို့မဟုတ် မိတ်လိုက်ခြင်းဆိုင်ရာ ထုံးတမ်းစဉ်လာများကဲ့သို့ အလွန်တိကျတဲ့ အချက်ပြချက်များ ပြုလုပ်ဖို့အတွက် အသံအမျိုးမျိုးဖြင့် အချက်အလက်များ ပေးပို့ကြပါတယ်။

(၁) ဝေလငါးပြာ

အင်အားကြီးမားတဲ့ ဝေလငါးပြာများရဲ့ ခေါ်သံဟာ ကမ္ဘာပေါ်တွင် အကျယ်ဆုံးဖြစ်ပြီး 188 decibels ဟု မှတ်တမ်းတင်ထားပါတယ်။

(ပျမ်းမျှအားဖြင့် ရော့ခ်ဂီတဖျော်ဖြေပွဲတွေဟာ 100 decibels ခန့်သာ ရှိပါတယ်။) ဝေလငါးပြာ အထီးတွေဟာ မိုင်ရာနှင့်ချီဝေးတဲ့ သူတို့ရဲ့ချစ်သူများကို ဆွဲဆောင်ဖို့အတွက် ၎င်းတို့ရဲ့ အော်ဟစ်မြည်သံကို အသုံးပြုကြပါတယ်။

(၂) Howler မျောက်မျိုး

အမေရိကတိုက်ရှိ မိုးသစ်တောတွေမှာ တွေ့ရလေ့ရှိတဲ့ အဆိုပါ မျောက်မျိုးစိတ်တွေဟာ အရပ်လေးပေခန့် အထိ ကြီးထွားပြီး နှစ်မိုင်ကျော် သွားနိုင်တဲ့ အူသံရှိကြပါတယ်။

(၃) ဆင်

ဆင်တစ်ကောင်က ခြေထောက်ကို နင်းလိုက်တဲ့အခါ ဖြစ်ပေါ်လာတဲ့ တုန်ခါမှုဟာ မြေပြင် မိုင် 20 အကွာအဝေးထိ သွားနိုင်ပါတယ်။

ဆင်တွေဟာ အခြားဆင်က ပေးပို့လိုက်တဲ့ တုန်ခါမှု အချက်အလက်တွေကို ခြေထောက်ကနေတဆင့် လက်ခံကြပါတယ်။

အာဖရိကနှင့် အိန္ဒိယဆင်​တွေ​အကြောင်း သုတေသနပြုချက်များအရ သတိပေးတဲ့ အခါဖြစ်ဖြစ်၊ နှုတ်ဆက်တာဖြစ်ဖြစ် သို့မဟုတ် တစ်နေရာရာကို “သွားကြရအောင်” ဟု ပြောတဲ့အခါမျိုးတွေမှာ မက်ဆေ့ချ်တစ်ခုအနေနဲ့ အသုံးပြုတယ်ဟု သိရပါတယ်။

အဆိုပါ တုန်ခါအသံတွေဟာ 80 မှ 90 decibels အကြားတွင်ရှိပြီး လူအများစု အော်နိုင်တာထက် ပိုကျယ်ပါတယ်။

(၄) North American Bullfrog ဖား

ဖားအထီးတွေဟာ ကျယ်လောင်နက်နဲတဲ့ အသံကို ထုတ်လွှတ်ကြပါတယ်။ ၎င်းတို့ရဲ့ခေါ်ဆိုမှုကို မိုင်ဝက် အကွာအဝေးအထိ ကြားနိုင်တဲ့အတွက်ကြောင့် ၎င်းတို့ဟာ ထင်ထားတာထက် ပိုကြီးပြီး ပိုကြမ်းပုံရပါတယ်။

ဖားထီးတွေဟာ ၎င်းတို့ရဲ့အဆုတ်နှင့်ပါးစပ်ကြားနှင့် အသံကြိုးများကြားတွင် လေကို အပြန်အလှန် စုပ်ယူပီး မိတ်လိုက်ဖို့ အတွက် အသုံးပြုတဲ့ ပဲ့တင်ထပ်သံကို ဖန်တီးကြပါတယ်။

(၅) Hyena

“laughing” သို့မဟုတ် spotted hyena ရဲ့ ခေါ်သံကို ကြားတဲ့အခါ ရောက်နေတဲ့ နေရာကနေ မြန်မြန် ထွက်ခွာဖို့ အကြံပြုလိုပါတယ်။

Hyenas တွေဟာ ခြိမ်းခြောက်ခြင်း၊ လိုက်ဖမ်းခြင်း သို့မဟုတ် တိုက်ခိုက်ခြင်းခံရတဲ့ အခါတွေမှာ ဟေးဟီးဟီး ဟူသော အသံမြင့် staccato ကို ပြုလုပ်ကြပါတယ်။

အဆိုပါ စိတ်အနှောက်အယှက် ဖြစ်စေတဲ့ အသံကို ရှစ်မိုင် အကွာအထိ ကြားနိုင်ပါတယ်။

(၆) အာဖရိက ခြင်္သေ့

ခြင်္သေ့ဟိန်းဟောက်သံကို အထီးတွေက ပြိုင်ဘက်များကို ကြီးစိုးနိုင်မှု ပြသဖို့အတွက် ပြုလုပ်လေ့ရှိ​ကြပါတယ်။

ခြင်္သေ့အမတွေကတော့ ၎င်းတို့ရဲ့ သားပေါက်များကို ကာကွယ်ဖို့နှင့် အထီးများရဲ့ အာရုံစိုက်မှုကို ရရှိအောင် ဆွဲဆောင်ဖို့ အ တွက် ဟိန်းဟောက်ကြပါတယ်။ ခြင်္သေ့တွေရဲ့ ဟိန်းဟောက်သံကို ငါးမိုင် အကွာအဝေးကနေတောင် ကြားရပါတယ်။

(၇) Northern Elephant Seal Bull ပင်လယ်ဖျံ

ကယ်လီဖိုးနီးယားရဲ့ ကမ်းရိုးတန်းတစ်လျှောက်မှာ ကြီးမားတဲ့ပျော့ပျောင်းတဲ့ နှာမောင်းများရှိပြီး ထူးဆန်းတဲ့ပုံစံရှိတဲ့ ဆင်ဖျံများ နေထိုင်ကြပါတယ်။

မိတ်ဆုံချိန်ရောက်တဲ့အခါ အထီးတွေဟာ ဆင်နဲ့တူတဲ့ အသံကို ထုတ်လွှတ်ကြပါတယ်။

မိုင်ပေါင်းများစွာ အထိ ကြားနိုင်တဲ့ အဆိုပါ အသံကို အမတွေကို ဆွဲဆောင်ဖို့ နှင့် တခြားအထီးတွေကို ၎င်း၏နယ်မြေအား ထိန်းချုပ်ထားကြောင်း သိရှိစေဖို့အတွက် အသုံးပြုပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *