Apple Cider ဟာ ဆောင်းဦးရာသီကို သရုပ်ဖော်ပါတယ်။ အဲ့ဒါဟာ ရောင်စုံအရွက်တွေနဲ့ သစ်သား မီးဖိုများမှ ရနံ့တွေနဲ့ ကျေးလက် ရှိထွန်စက် နောက်တွဲပေါ်က လူအုပ်များ ပုံတွေကို ပေါင်းစပ်ထားပါတယ်။
ဒါကတော့ အနောက်တိုင်းမှာ အရင် ခေတ်တွေကတည်းက ခေတ်စားခဲ့တဲ့ Apple Cider နဲ့ ပတ်သက်တဲ့ သတိပြုမိစရာ လေးတွေပေါ့။
Apple Cider ဟာ ရာစုနှစ်များစွာကတည်းက ရှိနေခဲ့ပြီး ယနေ့ခေတ်တွင် အရေးပါတဲ့ လုပ်ငန်းတစ်ခုဖြစ်ခဲ့ပါတယ်။ ယနေ့ခေတ်တွင် ၎င်းကို စူပါမားကတ်များတွင် တစ်နှစ်ပတ်လုံး တွင်ကျယ်စွာ ရနိုင်ပါတယ်။
ဒါပေမယ့် သင်ကိုယ်တိုင်လုပ်ရတာ တော်တော်လွယ်တယ် ဆိုတာရော သိပါသလား။ ဒါတွေကတော့ သင့်ရဲ့ကိုယ်ပိုင် Apple Cider ပြုလုပ်နည်းအတွက် ရိုးရှင်းတဲ့နည်းလမ်းအချို့ပါ။
ပါဝင်ပစ္စည်းကိရိယာများ
မီးဖိုချောင် ပတ်ပတ်လည်မှာ သင်ပန်းသီး ဖျော်ရည်ပြုလုပ်ဖို့ လိုအပ်မယ့် ပစ္စည်းအများစု ရှိကောင်းရှိပါလိမ့်မယ်။
ပထမဆုံးအနေနဲ့ ထက်တဲ့ဓားတစ်လက်၊ ၎င်းသည် မဖြစ်မနေ မဟုတ်သော်လည်း ပန်းသီးအူတိုင်ကို ထုတ်ရာမှာ အထောက်အကူပြုပါတယ်။
၎င်းဟာ ပန်းသီးကို ပြုလုပ်မယ့် အရာတွေကို ပိုမိုလွယ်ကူစေပါတယ်။
သစ်သီးဖျော်စက် ဒါမှမဟုတ် သစ်သီးကြိတ်စက်၊ ပိတ်စပါးအချို့နဲ့ Apple Cider သိုလှောင်ရန် ပုလင်းတစ်လုံးတို့လည်း လိုအပ်ပါတယ်။
ဒါတွေကတော့ သင့်ရဲ့အသုံးအဆောင်စာရင်းတွေပါ။
ပန်းသီးတွေ ရွေးချယ်ခြင်း
စီးပွားဖြစ် Apple Cider အများစုဟာ ကွဲပြားတဲ့ ပန်းသီး မျိုးစုံမှ ပြုလုပ်ပါတယ်။
Red Delicious နဲ့ Fuji တို့ဟာ ပိုချိုတဲ့ Apple Cider အတွက် ပြုလုပ်ပြီး Granny Smith နဲ့ Macintosh တို့က ချဥ်စုတ်စုတ် အရသာရှိတဲ့ Apple Cider အတွက် ပြုလုပ်ပါတယ်။

သင့်ကိုယ်ပိုင်ပြုလုပ်တဲ့အခါ သင်ကြိုက်နှစ်သက်ရာ အရသာကို ရောစပ်နိုင်ပါတယ်။
သင်ဟာ အမျိုးစုံကို ပေါင်းစပ်ဖို့ ဆုံးဖြတ်ပါက အနီရောင်၊ အစိမ်းရောင်နဲ့ ရွှေရောင်ရှိတဲ့ ပန်းသီးတို့ကိုရောစပ်ပြီး အရသာအရှိဆုံးပေါင်းစပ်မှုကို ပြုလုပ်ဖို့ ကြိုးစားကြည့်ပါ။
လတ်လတ်ဆတ်ဆတ် ခူးထားတဲ့ ပန်းသီးတွေနဲ့ ပြုလုပ်ထားတဲ့ Apple Cider ဟာ အရသာအကောင်းဆုံးဖြစ်ပါတယ်။
ထို့ကြောင့် သင်ကိုယ်တိုင်ရွေးချယ်နိုင်တဲ့ ဥယျာဉ်ခြံတစ်ခုအနီးမှာ နေထိုင်တာမဟုတ်ရင် သင့်ဒေသခံ တောင်သူ လယ်သမား စျေးသို့ သွားလည်သင့်ပါတယ်။
သင်က ကျန်းမာရေးနဲ့ အညီညွတ်ဆုံး ပန်းသီးကို သုံးချင်တယ်ဆိုရင် ဒဏ်ရာရပြီး နာနေတဲ့ပန်းသီးကို ရှောင်ပါ။
ပန်းသီးအရက်တစ်ဂါလံပြုလုပ်ဖို့ ပန်းသီး ၃၆ လုံးခန့် လိုအပ်ပါတယ်။
Apple Cider ပြုလုပ်ခြင်း
သင်မစတင်မီ ပန်းသီးအားလုံးကို သေချာစွာဆေးကြောပါ။
သင်က သဘာဝအရ စိုက်ပျိုးထားတာမဟုတ်တဲ့ ပန်းသီးတွေကို ၀ယ်လာရင် ပိုးသတ်ဆေးတွေ ကင်းစင်တာကို သေချာစေဖို့ ဆေးကြောတာက အထူးအရေးကြီးပါတယ်။
ဒါပေမယ့် သင် သဘာဝပန်းသီးတွေကို ဝယ်လာရင်တောင် သူတို့က နောက်ဆုံးထုတ်ကုန်မှာ အညစ်အကြေး မပါတာ သေချာအောင် ဆေးကြောသင့်ပါတယ်။
နောက်တစ်ခုက သင်ပန်းသီးကို အူတိုင်ထုတ်ချင်လိမ့်မယ်။
သင့်မှာ ပန်းသီးအူတိုင် ထုတ် ကိရိယာမရှိရင် ပန်းသီးကို ထက်ခြမ်းဖြတ်ပြီး တစ်ခြမ်းစီရဲ့အလယ်ဗဟိုကို ဖြတ်နိုင်ပါတယ်။
ထို့နောက် ပန်းသီးတွေကို အစိတ်စိတ်အပိုင်းပိုင်းဖြစ်အောင် လှီး၊ အခွံနွှာပြီး အားလုံးကို သစ်သီးကြိတ်စက်ထဲကို ထည့်လိုက်ပါ။
သူတို့ကို အနယ်ထိုင်သွားတဲ့အထိ မွှေပေးပါ။
ပန်းသီးအသားက ပိုနူးညံ့ပြီး ပျော့လာလေလေ ပိုများတဲ့ ဖျော်ရည်ကို သင်ထုတ်ယူနိုင်ပါတယ်။
သင်ကြိုက်နှစ်သက်ရာ ပုလင်းတစ်လုံးပေါ်တွင် ပိတ်စပါးကိုဖြန့်၍ အသီးဖတ်တွေကို ပိတ်စထဲသို့ လောင်းထည့်ပါ။
ပိတ်စပါးဟာ အရည်စစ်ကိရိယာတစ်ခုလို လုပ်ဆောင်တာကြောင့် အရည်တွေဟာ ပိတ်စမှတစ်ဆင့် တစိမ့်စိမ့်စစ်ကျလာပြီး အသီးအဖတ်ပျော့လေးတွေဟာ ပိတ်စပေါ်မှာ ကျန်နေခဲ့ပါတယ်။

အရည်အားလုံးကို ထုတ်ဖို့ သင်ကောင်းကောင်းညှစ်ထုတ်ပေးရလိမ့်မယ်။ အရသာထပ်ထည့်ဖို့ မတူညီတဲ့အမွှေးအကြိုင်တွေနဲ့ စမ်းသပ်နိုင်ပါတယ်။
လေးညှင်းပွင့်၊ ဇာတိပ္ဖိုလ်သီး၊ သံပုရာခွံနဲ့ ဂျင်းတို့အားလုံးဟာ အရသာရှိဖို့ ထပ်ထည့်နိုင်တဲ့ ဖြည့်စွက်အရသာတွေ ဖြစ်ပြီး အချို့အားလပ်ရက်အသွင်အတွက် အဖုံးဖွင့်လိုက်တဲ့အခါ ဖောက်ခနဲမြည်ဖို့ သစ်ကြံပိုးခေါက်ကို ထပ်ထည့်နိုင်ပါတယ်။
၎င်းကို အရသာပြင်းတဲ့ ယမကာ ဖြစ်စေလိုလျှင် ရမ်အနည်းငယ်နဲ့ သကြားအညိုအနည်းငယ် ထည့်ပါ။
ရေခဲသေတ္တာထဲမှာ လေလုံတဲ့အဖုံးပါတဲ့ ပုလင်းတစ်လုံးထဲမှာ သိုလှောင်ထားမယ်ဆိုရင် သင့်ယမကာက ခုနစ်ရက်လောက်သိမ်းထားသင့်တယ်။
ဒါမှမဟုတ် သင် အဲဒါကို ၁၆၀ ဒီဂရီဖာရင်ဟိုက် (၇၁ ဒီဂရီစင်တီဂရိတ်) အထိအပူပေးပြီး ပိုးသတ်ထားရင် သုံးပတ်လောက်အထိ ထားနိုင်ပါတယ်။
ဒါပေမယ့် သူက စစ်ထားတဲ့ အထဲက အကောင်းဆုံး အရသာ အမြဲရလိမ့်မှာ သေချာပါတယ်။
သင်သိပါသလား။
ညှစ်ထုတ်ထားတဲ့ ပန်းသီးအရည်ဟာ သာမန် အိမ်သုံး အသုံးအဆောင်များတွင် သုံးလေ့ရှိပြီး တချို့နေရာတွေမှာ Apple Cider ကို ဝန်ထမ်းတွေ အပြင် ငှားရမ်းခနှင့် အခွန်တွေကို ပေးဖို့ သုံးလေ့ရှိပါတယ်။
ရေးသားသူ – Lily (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။