ယောက်ျားတို့၏ မာယာ (၉)ပါး
Knowledge
“မာယာ” ကို အဘိဓါန်မှာ “လှည့်ပတ်ဖြားယောင်းခြင်း၊ မျက်လှည့်” လို့ ဖွင့်ဆိုပါတယ်။
မိန်းမတွေ ဖျားသွားအောင် ယောက်ျားတွေ လှည့်ပတ်တတ်တာတွေကို ကျမ်းဂန်မှာ ပါတဲ့အတိုင်း (ကျွန်တော်ပြောတာမဟုတ်ပါ) ဖော်ပြလိုက်ပါတယ်။
မျက်လှည့်ဆိုတာကိုလည်း လိမ်နေတာ သိသိကြီးနဲ့ အလိမ်ခံရတာကို ကျေနပ်နေတတ်ကြပါတယ်။
“ညာတာလေးပဲ ယုံချင်ပါတယ်”လို့ ပြောလာသူတွေအနေနဲ့ ကျွန်တော်တို့ “ကျား” တွေကို အပြစ်မတင်စေလိုပါ။
၁။ အမျိုး၏ ဇာတိဂုဏ်ကို ပြတတ်ခြင်း။
(ကိုယ်တို့အမျိုးက “ဘာ”ဆိုတာ သိတယ်မဟုတ်လား။)
၂။ ပညာ၏ ဂုဏ်ကို ပြတတ်ခြင်း။
(ကိုယ့်နာမည်နောက်မှာ အမြီးက အရှည်ကြီးနော်။)
၃။ ပစ္စည်း၏ ဂုဏ်ကို ပြတတ်ခြင်း။
(တိုက်တွေ ၊ ကားတွေမှ အများကြီး။)
၄။ ဝမ်းသာ ၊ ဝမ်းနည်းပြုတတ်ခြင်း။
(မချစ်လို့ကတော့ ငိုလိုက်မှာနော့။)
၅။ အစဉ်မပြတ် နောက်ယောင်ခံခြင်း။
(“လိုက်တယ်”ဆိုတာ ဘယ်ခေတ်မှာမှ မရိုးပါ။)
၆။ အစားအသောက် လက်ဆောင်များပေးတတ်ခြင်း။
(ဘာချားမလဲ ပြော။)
၇။ မြှောက်ပင့် ချီးမွမ်းတတ်ခြင်း။
(သူ့မျက်နှာပေါ်က ကျောက်ပေါက်မာလေးက ပါးချိုင့်လေးနဲ့တူတယ်နော်။)
၈။ အဝတ်အစား ပြောင်းလဲ ဝတ်တတ်ခြင်း။
(တွေ့တယ်မဟုတ်လား မနေ့က မိုးကာ အင်္ကျီကို ဒီနေ့ ပြောင်းပြန်ဝတ်ထားတာ။)
၉။ ကိုယ်ကာယ တောင့်တင်းကျန်းမာခြင်းကို ပြတတ်ခြင်း။
(ခုနှစ်လွှာတိုက်ပေါ်ကို ရေသန့်ဘူး ထမ်းတင်ပေးရမလားပြော ၊ ဘူးအသေးကို ပြောတာနော်။)
Crd: မောင်ပွင့်ဉာဏ်
ZawGyi
(ဘာချားမလဲ ပြော။)
Crd: မောင်ပွင့်ဉာဏ်
Content Protection by DMCA.com
Leave a Reply
Your email address will not be published. Required fields are marked *