ကန်မရိမ်းတပ်ဖွဲ့အတွက် ကမ်းတက် သံချပ်ကာယာဉ် အသစ် စတင်အသုံးပြု

News

အမေရိကန် မရိမ်းတပ်ဖွဲ့ ဟာ ကာလကြာရှည်စွာ စောင့်စားနေခဲ့ရတဲ့ ကုန်းရေနှစ်သွယ် စစ်ဆင် ရေး ယာဉ်အသစ် (Amphibious Combat Vehicles) များနှင့် စစ်ရေး လေ့ကျင့်ခန်း ပြုလုပ်ခဲ့တယ်လို့ ကြေငြာခဲ့ပါတယ်။

ပထမဆုံးအနေဖြင့် အမှတ် ၁ မရိမ်းတပ်မဟာ ကယ်လီဖိုးနီးယား ပြည်နယ် Twentynine Palms မြို့မှာရှိတဲ့ မရိမ်းတပ်ဖွဲ့ လေကြောင်းနှင့် မြေပြင် စစ်ဆင်ရေး စင်တာ မှာ ပြုလုပ်ခဲ့တဲ့ မရိမ်း လေကြောင်းနှင့် မြေပြင် တိုက်ခိုက်ရေး စစ်ဘက်ဆိုင်ရာ လေ့ကျင့်ခန်း (MWX) 2-21 မှာ ၎င်း ကုန်းရေနှစ်သွယ် စစ်ဆင်ရေး ယာဉ် ACV တွေကို အသုံးပြုခဲ့တာပါ။

ဒီလေ့ကျင့်မှုဟာ စိန်ခေါ်မှုတွေရှိတဲ့ လွတ်လပ်စွာတွေးခေါ်နိုင်စွမ်း ရှိတဲ့ အင်အားတူညီတဲ့ ရန်သူအင်အားစုများနှင့် တိုက်ခိုက်နိုင်ဖို့အတွက် လေ့ကျင့်တာပဲ ဖြစ်ပါတယ်။

ဒီ အမှတ် ၁ မရိမ်းတပ်ဖွဲ့၏ လေ့ကျင့်မှုကနေ ပထမဆုံးအကြိမ်အဖြစ် ACV အသစ်များကို အသုံးပြုထားတဲ့အကြောင်းကို မရိမ်းတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်မှာ အသေးစိတ် ဖော်ပြထားပါတယ်။

ဒီ ACV အသစ်ဟာ ၈ ဘီးတပ်ယာဉ်ဖြစ်ပြီး ယခင် Assault Amphibious Vehicle များထက် မောင်နှင် နိုင်စွမ်းနှင့် ရွေ့လျားနိုင်စွမ်း ပိုမို သာလွန်ကာ မိုင်းဒဏ်ကို ပိုမို ခံနိုင်လာမှာပဲ ဖြစ်ပါတယ်။

ယခင် AAV တွေဟာ မရိမ်းတပ်နှင့်အတူ နှစ်ပေါင်း ၄၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး ၎င်း၏ အပိုပစ္စည်းများနှင့် အစိတ်အပိုင်းများမှာ ခေတ်နောက်ကျလာပြီ ဖြစ်ကာ ထပ်မံ ထုတ်လုပ်ခြင်း မရှိတော့ပါဘူး။

ဒါ့ကြောင့် ဒီယာဉ်များကို ထိန်းသိမ်းဖို့ရာ ခက်ခဲပြီး အကုန်အကျလဲ ပိုမို များပြားလာပါတယ်။

ပြောင်းလဲလာတဲ့ ပတ်ဝန်းကျင် ကြောင့် မရိမ်း တပ်ဖွဲ့ဟာ ပိုမိုတိုးတက်လာတဲ့ ဖောက်ခွဲရေး ပစ္စည်းများ၏ ခြိမ်းခြောက်မှုကို ပိုမို စိုးရိမ် လာနေရတဲ့ အတွက် ပိုပြီး ကမ်းတပ်သင်္ဘောပေါ်မှ ကမ်းခြေအလွန်သို့ မောင်းနှင်ရာမှာ ပိုမို လွတ်မြောက်နိုင်စွမ်း ရှိမယ့် ယာဉ်အသစ်ကို အလိုရှိနေခဲ့တာ ဖြစ်ပါတယ်။

စစ်ဆင်ရေး နှင့် ဒီဇိုင်းမြှင့်တင်မှုအရ ACV များဟာ ပင်လယ်ပြင် စစ်ဆင်ရေး ရေယာဉ်များမှ ကမ်းခြေသို့ ဆက်စပ်ပေးမည့် ကမ်းတက်ယာဉ်များ ဖြစ်လာမှာပါ။

ACV များဟာ မရိမ်းတပ်သားများကို သင်္ဘောပေါ်မှတဆင့် တင်ဆောင်ပြီး ကိရိယာ အစုံအလင်ဖြင့် အဆင့်မြင့်ကမ်း တက် စစ်ဆင်ရေးအပါအဝင် စစ်ဆင်ရေးမျိုးစုံ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

အနာဂါတ်မှာတော့ မရိမ်းတပ်ဖွဲ့ဟာ ဒီ ACV တွေကို အမိန့်ပေးနှင့် ထိန်းချုပ်မှု၊ ပြန်လည် ထူ ထောင် ရေး လုပ်ငန်းနှင့် ပစ်အားတိုးမြှင့်ရေး စတာတွေကို လုပ်ဆောင်နိုင်ဖို့ မျိုးကွဲ ၃ ခု ကို ဝယ်ယူ အသုံးပြုနိုင်ဖွယ် ရှိနေပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *