အာကာသ ဓာတ်ရောင်ခြည်များက အင်္ဂါဂြိုဟ်ပေါ်တွင် အသက်ရှင်နေထိုင်ဖို့ ခက်ခဲတဲ့ ကန့် သတ်ချက် တစ်ခု ဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။
နိုင်ငံတကာ အာကာသ သိပ္ပံပညာရှင် အဖွဲ့မှ ရေးသားထားတဲ့ စာတမ်း အသစ်မှာ အင်္ဂါဂြိုဟ်ရဲ့ အနာဂါတ်တွင် နယ်မြေ ချဲ့ ထွင် မည့် လူသားများအတွက် အမှုန်အမွှားရောင်ခြည်များရဲ့ ခြိမ်းခြောက်မှုအကြောင်း အသေးစိတ်ဖော်ပြထားပါတယ်။
အနာဂါတ်မစ်ရှင်များအတွက် လမ်းညွှန်ချက်တစ်ခုအဖြစ် လုပ်ဆောင်ပေးသည့် အဆိုပါတွေ့ရှိချက်များက အင်္ဂါဂြိုလ်ပေါ်တွင် လေးနှစ်ကျော်မျှသာ လူသားများအတွက် ရောင်ခြည်ဖြာထွက်မှု အန္တရာယ် ကင်းရှင်းကြောင်း ပြသခဲ့တယ်ဟု UCLA ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အနာဂါတ် လူသားများရဲ့ မားစ်(အင်္ဂါဂြိုလ်) စူးစမ်းလေ့လာသူများ အတွက် ကြီးမားသော အန္တရာယ်များထဲမှ တစ်ခုဟာ နေမှ အမှုန်အမွှား ရောင်ခြည်များ နှင့် အဝေးမှ ကြယ်များနှင့် ဂလက်ဆီများ ဖြစ်ပါတယ်။
များသောအားဖြင့် လူသားများကို ကမ္ဘာမြေကြီးရဲ့ သံလိုက်ဓာတ်ရောင်ခြည်များမှ ကာကွယ်ထားပြီး အာကာသထဲသို့ အချိန်ကြာမြင့်စွာ ခရီးသွားခြင်းကတော့ အာကာသ ယာဉ်မှူးများကို အန္တရာယ် ဖြစ်စေပါတယ်။

Illustration
လေးနှစ်ထက် ပိုကြာတဲ့ အင်္ဂါဂြိုဟ် မစ်ရှင်တစ်ခုဟာ အာကာသယာဉ်မှူးတွေကို အန္တရာယ်ရှိတဲ့ မြင့်မားတဲ့ ရောင်ခြည် သက် ရောက်မှုရှိစေမှာဖြစ်တယ်လို့ သုတေသီတွေက ရှင်းပြပါတယ်။
အဆိုပါ အရေးကြီးတဲ့ တွေ့ရှိချက်များကို ရရှိဖို့ UCLA၊ MIT၊ မော်စကိုရဲ့ Skolkovo Institute of Science and Technology မှ အဖွဲ့နှင့် GFZ Potsdam တို့မှ လူသားများနှင့် အာကာသယာဉ်ပေါ်ရှိ ဓါတ်ရောင်ခြည် သက်ရောက်မှု မော်ဒယ်များနှင့် ဘူမိရူပဗေဒဆိုင်ရာ ပုံစံများကို ပေါင်းစပ်ထားဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။
နေရောင်ခြည်ဟာ အနာဂတ် အင်္ဂါဂြိုဟ်မှ အာကာသယာဉ်မှူးများကို အဆိုးရွားဆုံး ရောင်ခြည်များမှ ကာကွယ်နိုင်တယ်ဟုလည်း ဆိုထားပါတယ်။
Space Weather ဂျာနယ်တွင် ထုတ်ဝေသည့် လေ့လာမှုအသစ်အရ အင်္ဂါဂြိုဟ်သို့ အနာဂါတ် မစ်ရှင်ကို မည်သို့ အချိန် သတ်မှတ်ရမလဲဆိုတာကို တိကျတဲ့ အညွှန်းကိန်းများ ပေးနေတယ်ဟု ဆိုပါတယ်။
အင်္ဂါဂြိုလ်သို့သွားရောက်မည့် အာကာသယာဉ်ပေါ်တွင် လူသား အာကာသယာဉ်မှူးများကို ဘေးကင်းစေဖို့ လုံလောက်တဲ့ အကာအရံများ အပြင် အင်္ဂါဂြိုဟ်သို့ ခရီးစဉ်ကလည်း လေးနှစ်ထက် ပိုတိုသင့်တယ်ဟု လေ့လာမှုက ဆိုပါတယ်။
ဒါ့အပြင် မစ်ရှင်စတင်တဲ့အခါ နေရောင်ခြည် လှုပ်ရှားမှု အထွတ်အထိပ် ရောက်သည့် အချိန်ဖြစ်တဲ့ နေရောင်ခြည် အမြင့်ဆုံး ကာလအတွင်း ကမ္ဘာမှ လွှတ်တင်သင့်တယ်ဟု ဆိုပါတယ်။

Illustration
ဘာလို့လဲဆိုတော့ တိုးပွားလာတဲ့ နေရောင်ခြည်ရဲ့ လုပ်ဆောင်ချက်ကြောင့် အဝေးရှိ ဂလက်ဆီများမှ အန္တရာယ် အရှိဆုံး အမှုန်အမွှားများမှ သွေဖယ် သွားစေတာပဲ ဖြစ်ပါတယ်။
အင်္ဂါဂြိုလ်သို့ အာကာသယာဉ် ပျံသန်းမှုမှာ လက်ရှိ နည်းပညာများဖြင့် ကိုးလခန့်ကြာမည်ဟု မျှော်လင့် ထားတဲ့ အတွက်ကြောင့် လူသားများကို အင်္ဂါဂြိုဟ်သို့ ပို့ဆောင်ပြီး နှစ်နှစ်အောက်သာ ပြန်ရောက်နိုင်တယ်ဟု UCLA ဘူမိရူပဗေဒပညာရှင်နှင့် စာတမ်းကို ပူးတွဲရေးသားသူ Yuri Shprits က ဆိုပါတယ်။
“အာကာသ ရောင်ခြည် ဖြာထွက်မှုကြောင့် အာကာသယာဉ်ရဲ့ လေးလံမှုနှင့် လွှတ်တင်မည့်အချိန်အပေါ် တင်းကျပ်တဲ့ ကန့် သတ် ချက်များ ချမှတ်ထားသော်လည်း အနာဂါတ်နည်းပညာဆိုင်ရာ တိုးတက်မှုများကြောင့် အင်္ဂါဂြိုလ်သို့ လူသားမစ်ရှင်ကို အကောင်အထည်ဖော်နိုင်တယ်” ဟု Shprits က ရှင်းပြပါတယ်။
တရုတ်နိုင်ငံဟာ ၂၀၃၀ အတွင်း အင်္ဂါဂြိုဟ်သို့ ပထမဆုံး လူသားများ စေလွှတ်ဖို့ ရည်ရွယ်ထားကြောင်း ဇွန်လတွင် ကြေညာခဲ့ပြီး SpaceX ကလည်း Mars-bound Starship ရဲ့ ပထမဦးဆုံးသော ခရီးစဉ်ကို လုပ်ဆောင်ဖို့ စီစဥ်နေပြီ ဖြစ်ပါတယ်။
လေ့လာမှုအသစ်က အာကာသ အေဂျင်စီများကို အချိန်ကာလ အတိအကျကို ဆုံးဖြတ်ဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။
အင်္ဂါဂြိုဟ်ပေါ်သို့ ဆင်းသက်နိုင်သည့် နေရာများကို မကြာသေးမီက ဖော်ထုတ်တွေ့ရှိမှုနှင့်အတူ၊ ပထမဆုံးသော အင်္ဂါဂြိုလ် မစ်ရှင်များရဲ့ အသေးစိတ် အချက်များကို စုစည်းလာနိုင်တာကြောင့် မဝေးတော့တဲ့ အနာဂါတ်မှာ အာကာသခရီးစဥ်များကို အကောင်အထည် ဖော်လာနိုင်တော့မှာ ဖြစ်ပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။