အင်္ဂါဂြိုဟ်ပေါ် လူ ၂ ဦး စေလွှတ်မည့် NASA ၏ အစီအစဉ်နှင့် ပတ်သက်ပြီး သိရသမျှ

Article Science

ကျွန်တော်တို့အနေဖြင့် လူသားတွေကို အင်္ဂါဂြိုဟ် ပေါ်သို့ စေလွှတ်ဖို့အတွက် ဆယ်စုနှစ်တွေနဲ့ ချီပြီး ကြာမြင့်အောင် စောင့် ဆိုင်းရဦးမှာပါ။

ဒါပေမယ့် Elon Musk အနေဖြင့် ယခု ဆယ်စုနှစ်အတွင်းမှာပင် အင်္ဂါဂြိုဟ်ကို လူတွေ စေလွှတ်နိုင်မယ်လို့ ကြုံးဝါးထားပြီး NASA ကလည်း ၎င်း၏ စီမံကိန်းနှင့် ပတ်သက်သည့် သတင်းအချက်အလက် တချို့ကို ထုတ်ပြန်ခဲ့ပါတယ်။

မကြာသေးမီက NASA ဟာ ၎င်း၏ အဆင့်မြင့် workshop တခုကို ထုတ်ဖော်ပြသခဲ့ပြီး အင်္ဂါဂြိုဟ်ပေါ် ရက် ၃၀ ကြာ မစ်ရှင်အတွက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အင်္ဂါဂြိုဟ်ပေါ်တွင် တလကြာအောင် နေထိုင်နိုင်ဖို့အတွက် အဓိက အရေးအကြီးဆုံး အချက်ကတော့ အာကာသယာဉ် ဖြစ်ပြီး အာကာသယာဉ်မှူးများ နေထိုင်ရာအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။

အဆိုပါယာဉ်ကို ဓာတုနှင့် လျှပ်စစ် တွန်းကန်စနစ်သုံး ၂ မျိုးစပ် hybrid ဒုံးပျံကို အသုံးပြုပြီး မောင်းနှင်စေမှာ ဖြစ်ပါတယ်။

ဒီမစ်ရှင်အတွက် အာကာသယာဉ်မှူး ၂ ဦး က အာကာသယာဉ်ကို အင်္ဂါဂြိုဟ်ပတ်လမ်းထဲသို့ စေလွှတ်မှာ ဖြစ်ပြီး အခြား နှစ်ဦးကတော့ အလေးချိန် ၂၅ တန်လောက် ရှိတဲ့ ဂြိုဟ်ဆင်းယာဉ်ဖြင့် ဆင်းသက်မှာပါ။

ယခုလို စီစဉ်နေပေမယ့် အင်္ဂါဂြိုဟ်ပေါ်သို့ ဒီလိုဆင်းသက်ပြီး နောက်ထပ် သမိုင်းဝင်ခြေလှမ်း တခုအတွက် ပြင်ဆင်ဖို့ စတင် ရန် အချိန်တော့ စောလွန်းနေပါသေးတယ်။

Illustration

အာကာသယာဉ်မှူးများဟာ အင်္ဂါဂြိုဟ် လေထုနှင့် လိုက်လျောညီထွေ ဖြစ်အောင် အချိန်ယူရန်လိုအပ်နေ

အဆင့်မြင့်မူကြမ်းဟာ အင်္ဂါဂြိုဟ်ရှာဖွေရေးအတွက် ယေဘုယျအားဖြင့် ခွဲခြား ထားသည့် မစ်ရှင် အမျိုးအစား ၄ ခု အောက် တွင် အရေးကြီးသည့် အချက် ၅၀ ကို ဖော်ပြနေပါတယ်။

ဆိုလိုတာကတော့ လနှင့် အင်္ဂါဂြိုဟ် အချက်အလက်များ၊ ဂြိုဟ်ပေါ်တွင် လုပ်ဆောင်ရမည့် လုပ်ငန်းဆောင်တာများ၊ အခြေ ခံ အဆောက်အအုံများ တည်ဆောက်ခြင်း နှင့် သိပ္ပံပညာတို့ ပါဝင်နေတဲ့ အချက်တွေပါ။

“ကျွန်တော်တို့ သတ်မှတ်ထားတဲ့ ရည်ရွယ်ချက်များအတွက် ရရှိသည့် တုန့်ပြန်ချက်များမှ လနှင့် အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေး အစီအစဉ်များကို လာမယ့် နှစ် ၂၀ အတွင်းမှာ အသိပေးလိမ့်မယ်” လို့ NASA ၏ လက်ထောက် စီမံ ခန့်ခွဲရေးမှူး Pam Melroy က NASA ၏ ဘလော့တခုတွင် ရေးသားခဲ့ပါတယ်။

၎င်းတို့အနေဖြင့် လုပ်ငန်းစဉ် တလျှောက်လုံး တတ်နိုင်သမျှ ပွင့်လင်းမြင်သာမှု ရှိစေဖို့ NASA နှင့် ပြင်ပမှ တွဲဖက် ပါဝင်သူ များကိုလည်း ရှာဖွေနေပါတယ် လို့ ဆိုပါတယ်။

NASA ၏ ညွှန်ကြားရေးမှူး Kurt (Spuds) Vogel က အာကာသယာဉ်မှူး ၂ ဦးဟာ အင်္ဂါဂြိုဟ်ပေါ်တွင် သိပ္ပံရည်မှန်းချက်များကို ၂ ဆ အထိ တိုးတက်အောင် လုပ်ဆောင်ပေးနိုင်သည့် အတွင်းမှာ ဖိအားပေးစနစ်ဖြင့် အလုပ်လုပ်နိုင်သည့် နေထိုင်ရေးနှင့် စူးစမ်းရှာဖွေရေး ယာဉ်တွင် နေထိုင်နိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ၎င်းက ကမ္ဘာဂြိုဟ် ဆွဲအား၏ ၃ ပုံ ၁ ပုံသာရှိသည့် အင်္ဂါဂြိုဟ် မျက်နှာပြင်မှ ဆွဲအားနှင့် လိုက်လျောညီထွေဖြစ်ဖို့ အချိန်များစွာ လိုအပ်ဦးမယ်လို့ ပြောပါတယ်။

Illustration

အင်္ဂါဂြိုဟ်သို့ လူစေလွှတ်သည် မစ်ရှင်အား ဖြစ်နိုင်ချေရှိအောင် လုပ်ဆောင်ခြင်း

Vogel မှ ၎င်းတို့အနေဖြင့် အာကာသ ယာဉ်မှူး ၂ ဦးဟာ အင်္ဂါဂြိုဟ်ပေါ်တွင် ရက် ၃၀ လောက် အာကာသ ဝတ်စုံတွေ ဝတ် ဆင် ပြီး လမ်းလျှောက်ဖို့ လုံလောက်တဲ့ အနေအထား မရောက်ခင် သိပ္ပံပညာကိုလည်း အမြင့်ဆုံး တိုးတက်အောင် လုပ် ဆောင်နေတယ်လို့ ပြောပါတယ်။

ကမ္ဘာနှင့် အင်္ဂါဂြိုဟ်ကြား သွားလာမယ့် အနာဂါတ် ခရီးဟာ အသွား အပြန်အားဖြင့် ၂ နှစ်ခန့် ကြာမြင့် နိုင်မယ်လို့ သိရပါတယ်။

ပုံမှန်အားဖြင့် ရက် ၃၀ လောက် နေထိုင်ဖို့ မစ်ရှင်ဟာ ဖြစ်နိုင်ခြေ ရှိပါတယ်။

ဒီ့ထက်ပိုတဲ့ အချိန် အတွက်ကတော့ ကမ္ဘာနှင့် ဝေးကွာနေသည့် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများနှင့် လုံးဝ မတူညီတဲ့ ဂြိုဟ်ပေါ် နေ ထိုင်ရခြင်း၊ ထောက်ပံ့ ပို့ဆောင်ရေးနှင့် ငွေကြေးဆိုင်ရာ လိုအပ်မှုများကြောင့် စီမံခန့်ခွဲဖို့ ခက်လဲလွန်းလှလို့ပါ။

ဒီအခက်အခဲတွေဟာ အနည်းဆုံးတော့ အင်္ဂါဂြိုဟ်ပေါ်သို့ ပထမဆုံး သွားရောက်မယ့် ခရီးအတွက်သာ ဖြစ်နိုင်မှာပါ။

လကမ္ဘာပတ်လမ်းကြောင်းတွင် Lunar Gateway ပြီးစီးပြီး သွားပါက ရှည်လျားပြီး ကမ္ဘာ့သမိုင်းဝင် ဖြစ်လာမယ့် အင်္ဂါဂြိုဟ်သို့ ခရီးရှည်မှာ အာကာသယာဉ်မှူးများ ခရီးတထောက် နားနိုင်မယ့် Transit Habitat ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *