စိန်ထဲမှာ စိန်ဖြစ်နေတဲ့ ကမ္ဘာ့ အရှားပါးဆုံး တလုံးထဲသော စိန် အကြောင်း

Knowledge Nature

ရုရှား စိန်တူးဖော်သူများသူများဟာ Matryoshka စိန် လို့ ခေါ်တဲ့ ရှားပါး စိန် အမျိုအစား တမျိုးကို ထူးဆန်းစွာ ရှာဖွေတွေ့ရှိ ခဲ့ပါတယ်။

အဲဒီ့စိတ်ဟာ ကမ္ဘာပေါ်တွင် တခုတည်းသော အမျိုးအစားဖြစ်ပြီး ပထမဆုံး သောအမျိုးအစား ဖြစ်လိမ့်မယ်လို့ ယူဆရကာ ငွေကြေးတန်ဖိုးကိုတော့ သတ်မှတ်ထားခြင်း မရှိသေးကြောင်း သိရပါတယ်။

နာမည်ကြီး ရုရှား ကစားစရာ အရုပ် တခု အမည်ကို အစွဲပြုပြီး အမည်ပေးထားသည့် Matryoshka စိန်ဟာ သေးငယ်ပြီး ၎င်းထက် ကြီးတဲ့ စိန်အတွင်းမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။

မယုံနိုင်လောက်အောင်ပဲ ကြီးမားတဲ့ စိန်ကြီးအတွင်းမှာ ဒီ စိန်လေးကို တွေ့ရတာ ဖြစ်ပါတယ်လို့ သတင်းများအရ သိရပါတယ်။

အပြင်ဘက် စိန်ဟာ .၆၂ ကာရက် ရှိပြီး အတွင်းမှ ပိုမို သေးငယ်တဲ့ စိန်ဟာ အလေးချိန်ကတော့ ၀.၀၂ ကာရက် ရှိပါတယ်။

၎င်းကို Yakutsk စိန်ကုန်သွယ်ရေးလုပ်ငန်း ၏ ကျွမ်းကျင်သူများက ရုရှား၏ စိန်မြို့တော်လို့ တင်စားထားတဲ့ Yakutia ရှိ Nyurba သတ္တု တွင်း မှ တူးဖော်ရရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီ့နောက်မှာတော့ ဒီစိန်ကို ပထဝီ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ALROSA ဆီသို့ လွှဲပြောင်းပေးအပ်ကာ ဓာတုဗေဒနှင့် တည်ဆောက်ပုံ အချက်အလက်ကို ခွဲခြားပေးနိုင်သည့် Raman ရောင်စဉ်ကြည့် ကိရိယာများ၊

အနီအောက်ရောင်ခြည်သုံး ရောင်စဉ်ပုံရိပ်ဖော်စက်များ၊ X ray ကိုအသုံးပြုကာ နမူနာပုံယူပြီး ကွန်ပျူတာ စနစ်ဖြင့် လေ့လာနိုင်သည့် X-ray microtomography များဖြင့် အနီးကပ် ကြည့်ရှု စစ်ဆေးကြပါတယ်။

အဆိုပါ အဆိုပါ သုတေသနဌာန ALROSA မှ လက်ထောက် ညွှန်ကြားရေးမှူး Oleg Kovalchuk က “စိတ်ဝင်စားစရာ အကောင်းဆုံး အချက်ကတော့ အတွင်းဘက်က စိန်နဲ့ အပြင်ဘက်က စိန်ကြားမှာ ကွက်လပ်တခုရှိနေတာပါ” လို့ ပြောပါတယ်။

ALROSA ၏ ကြေငြာချက်အရ သိပ္ပံပညာရှင်များဟာ ဒီစိန်ကို နှစ်ပေါင်း သန်း ၈၀၀ လောက်ရှိပြီလို့ ယုံကြည်ရပြီး စိန်အသေးဟာ ပထမဆုံး ဖြစ်ပေါ်လာပြီး နောက်တွင် ပိုကြီးတဲ့ စိန်ဟာ အပေါ်မှ ဖြစ်ပေါ်လာတာ

သို့မဟုတ် ပိုကြီးတဲ့ စိန်၏ ပုံဆောင်ခဲအလွှာတခုမှ ပျော်ကျပြီး ဖြစ်ပေါ်လာတာ ဖြစ်နိုင်မယ်လို့ ခန့်မှန်းနေကြပါတယ်။

ဒီစိန်ဟာ မိုင် ၁၀၀ ဝန်းကျင်ခန့်တွင် ရှိတဲ့ကမ္ဘာ့ မျက်နှာပြင်အပေါ်လွှာ အောက် အနက်မှာ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

ကမ္ဘာကျော် ဟုပ် စိန်ကြီးလို စိန်မျိုးဟာတော့ မြေမျက်နှာပြင်အောက် မိုင် ၁,၈၀၀ လောက်မှာ ဖွဲ့စည်း ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

မြင့်မားတဲ့ အပူချိန်နှင့် ဖိအားတို့ဟာ ပုံဆောင်ခဲများကို ပြီးပြည့်စုံတဲ့ အခြအနေကို ရောက်အောင် ဖန်တီးပေးပါတယ်။

ကမ္ဘာပေါ်တွင် ရှိရှိသမျှ စိန်များဟာ ဒီလို မြေအောက်တွင် နက်ရှိုင်းစွာ ဖွဲ့စည်း ဖြစ်ပေါ်ပြီးနောက် အတွင်းပိုင်း မီးတောင်များ ပေါက်ကွဲမှုကြောင့် မြေပြင် ပေါ်သို့ ရောက်ရှိလာတာ ဖြစ်ပါတယ်။

သတ္တုတူးဖော်ရေး ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူက ဒီစိန်ကို နောက်ထပ် စမ်းသပ်မှုများ ပြုလုပ်ရန် အမေရိကန် ကျောက်မျက်ဗေဒ အင်စတီကျုသို့ ပေးပို့ မယ်လို့ ပြောပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 15/8/2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *