ဆီးရီးယားတွင် Mi-35 တစီး ပျက်ကျ (သတင်း ၂ ခု ဖြစ်နေ)

News

ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဆီးရီးယား သတင်းဌာန တခုမှ ထုတ်ပြန်ချက်အရ ရုရှား ရဟတ် ယာဉ်တစ်စီးဟာ ဟာဆာကာဒေသ မြောက်ပိုင်း တယ်တမာမြို့၏ ကျေးလက် ဒေသ တခုမှာ ပျက် ကျ ခဲ့ တယ်လို့ သိရပါတယ်။

အဆိုပါနေရာဟာ ယခင် နို့ထွက်ပစ္စည်းခြံဝင်း တခု တည်ရှိရာ ရုရှားစစ်တပ်၏ အခြေစိုက်စခန်းဖြစ်တဲ့ နေရာနှင့် ၂ ကီလိုမီတာ အကွာအဝေး လောက်မှာ တည်ရှိတာပါ။

သတင်းအရ လေယာဉ်မှူးတစ်ဦး သေ ဆုံး ခဲ့ပြီး ၃ ဦး ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။ ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ တနင်္ဂနွေနေ့က ထုတ်ပြန်ချက် အရတော့ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဟာ ဟာဆာကာဒေသ ကောင်းကင်ယံမှာ ကင်းလှည့်မှု ပြုလုပ်နေစဉ် အရေးပေါ် ဆင်းသက်မှု ပြုလုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဝန်ကြီးဌာနကတော့ ရဟတ်ယာဉ်ဟာ မီးလောင်ကျွမ်းမှု မဖြစ်ခဲ့ပေမယ့် နည်းပညာ ချွတ်ယွင်းမှုကြောင့် မြေပြင်ပေါ်ကို အရေးပေါ် ဆင်းသက်ခဲ့ရတယ်ဆိုတာ အတည်ပြုခဲ့ပါတယ်။

ဒါ့အပြင် ဆင်းသက်ပြီးနောက် ကယ်ဆယ်ရေးအဖွဲ့က လေယာဉ် အဖွဲ့သားများကို လေယာဉ် ကွင်း ရှိရာသို့ ခေါ်ဆောင်နိုင်ခဲ့ပြီး ထိခိုက်မှု တစုံတရာမရှိခဲ့ဘူးလို့ ဆိုပါတယ်။

Defense Blog တွင် နောက်ထပ် သတင်း အပြည့်အစုံ မရရှိသေးပေမယ့် ဒီသတင်းအတွက် ဆက်လက် စုံစမ်း နေတယ် လို့ သိရပါတယ်။

ရုရှား မီဒီယာ တခုဖြစ်တဲ့ TASS မှာလဲ “Mi-35 ရဟတ်ယာဉ် အရေးပေါ် ဆင်းသက်ရသည့် အ တွက် ဆီးရီးယားရှိ ကင်းလှည့် စစ်ဆင်ရေး အပြည့်အဝ မဆောင်ရွက်နိုင်ခဲ့” ဆိုသည့် ခေါင်းစဉ်ဖြင့် ၎င်း ဖြစ်စဉ်ကို မတ်လ ၁ ရက်နေ့က ဖော်ပြထားပါတယ်။

လေယာဉ် အရေးပေါ် ဆင်းသက်ခဲ့ရတဲ့ သတင်းကို ဆီရီးယားမှာရှိတဲ့ အတိုက်အခံ ပါတီများ ပြန်လည် သင့်မြတ်ရေး စင်တာ၏ ဒုတိယ အကြီးအကဲ ဖြစ်တဲ့ ဗီချေစလပ်ဗ် ဆီ့နစ်ခ် က TASS ကို ပြောကြားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ့သတင်းမှာလဲ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ရဟတ်ယာဉ် အရေးပေါ် ဆင်းသက်ရာမှာ လေယာဉ်မှူး တစ်ဦး တလေမှ ထိခိုက်ဒဏ်ရာ မရခဲ့သည့်အပြင်၊ ရဟတ်ယာဉ်တွင် လိုက်ပါခဲ့သည့် အဖွဲ့သားများအဆိုအရ ရဟတ်ယာဉ်ဟာလဲ မီးလောင်ကျွမ်းမှု မဖြစ်ခဲ့ဘူးလို့ သိရပါတယ်။

နောက်ဆက်တွဲ သတင်းများရရှိပါက ယခု သတင်းတွင် ထပ်မံ ပြင်ဆင် ပေးသွားမှာ ဖြစ်ပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *