Alps တောင်တန်းအမြင့်တွေ နှင့် လူ့သွေးထဲမှာတောင် မိုက်ခရို ပလတ်စတစ်များကို ရှာဖွေတွေ့ရှိပြီးနောက်၊ ယခုအခါ သုတေ သီများက လတ်ဆတ်တဲ့ အန္တာတိတ နှင်းတွေထဲမှာလည်း ညစ်ညမ်းစေတဲ့ ပလတ်စတစ်များကို ရှာဖွေတွေ့ရှိခဲ့ရတာပဲ ဖြစ်ပါတယ်။
ခန္ဓာကိုယ်တွင်း မိုက်ခရို ပလတ်စတစ်များနှင့် ပတ်သက်ပြီး “လူ့သွေးကြောထဲမှာ ပလတ်စတစ် အမှုန်အမွှားတွေကို ပထမဆုံး တွေ့ရှိလာတဲ့ အကြောင်း” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
သုတေသီတွေက ၂၀၁၉ ခုနှစ်တုန်းက စုဆောင်းရရှိခဲ့တဲ့ နမူနာများအပေါ် အခြေခံပြီး ၎င်းတို့ရဲ့တွေ့ရှိချက်များကို အစီရင်ခံတင်ပြခဲ့တယ်လို့ သိရပါတယ်။
“ဝမ်းနည်းစရာ ကောင်းပေမယ့် လတ်ဆတ်တဲ့ အန္တာတိက ဆီးနှင်းထဲမှာ မိုက်ခရို ပလတ်စတစ်တွေကို ရှာတွေ့တာက ကမ္ဘာရဲ့ အစွန် အဖျားဆုံး ဒေသ တွေမှာတောင် ပလတ်စတစ် ညစ်ညမ်းမှု အတိုင်းအတာကို မီးမောင်းထိုးပြနေပါတယ်” ဟု
လေ့လာမှု အသစ်ရဲ့ ပူးတွဲ ရေးသားသူ တစ်ဦးဖြစ်သည့် ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာရှင် Alex Aves က ဆိုပါတယ်။
ရှာဖွေတွေ့ရှိမှုမှာ ပလတ်စတစ် အမှုန်အမွှားလေးတွေက ကမ္ဘာပေါ်ရှိ အစွန်အဖျားဆုံး ဒေသတွေတောင် ရောက်နေပြီဆိုတဲ့ သက်သေပဲ ဖြစ်ပါတယ်။

အန္တာတိကတွင် မိုက်ခရိုပလတ်စတစ်များကို ရှာဖွေတွေ့ရှိခြင်းမှာ မမျှော်လင့်ထားတဲ့အကြောင်း
Aves နှင့် သူမရဲ့အဖွဲ့က အန္တာတိက Ross ကျွန်းဒေသရှိ နေရာအသီးသီးတွင် လတ်ဆတ်သော နှင်းနမူနာ ၁၉ ခုကို စုဆောင်းခဲ့တာ ဖြစ်ပါတယ်။
နမူနာ ၆ ခုက သုတေသန စခန်းများ အနီးရှိ နေရာများမှ လာပြီး ကျန်နမူနာ ၁၃ ခုကိုတော့ လူသားများ အတွက် အနှောက်အယှက် ဖြစ်ခဲသည့် ဝေးလံခေါင်သီသော နေရာများမှာ စုဆောင်းခဲ့တာပဲ ဖြစ်ပါတယ်။
သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ရူပဗေဒပညာရှင် Laura Revell က ပရောဂျက်အတွက် တွဲဖက်ရေးသားသူနှင့် Aves ရဲ့ လမ်း ညွှန်ပေးသူဖြစ်ပြီး ဝေးလံခေါင်သီတဲ့နေရာတွေမှာ လေထုညစ်ညမ်းမှု အနည်းငယ်မျှသာ ပါဝင်မည်ဟု သူမမျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။
” Alex Aves က 2019 ခုနှစ်၊ အန္တာတိကတိုက်သို့ ခရီးထွက်တုန်းက သန့်ရှင်းပြီး ဝေးလံ ခေါင်သီသော နေရာတွေမှာလည်း မိုက်ခရို ပလတ်စတစ်များကို တွေ့ရှိနိုင်တယ်” ဟု ယူဆခဲ့ကြောင်း Revell ကို ပြောကြားခဲ့ပါသေးတယ်။
“၎င်းတို့က Scott Base နဲ့ McMurdo ဘူတာရုံလမ်းတွေမှာ နှင်းနမူနာတွေကို စုဆောင်းခိုင်းခဲ့ပြီး ပျမ်းမျှအားဖြင့်၊ နမူနာတွေမှာ အရည်ပျော်တဲ့ နှင်းတစ်လီတာကို အမှုန် ၂၉ ခုထိ ပါရှိတာကို အံ့အားသင့်ဖွယ် တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။

သက်ရောက်မှုတွေက ကျယ်ပြန့်နိုင်တဲ့အကြောင်း
မိုက်ခရိုပလတ်စတစ်တွေက သက်ရှိများ အပါအဝင် ကမ္ဘာပေါ်ရှိ နေရာတိုင်းတွင် ရှိနေကြောင်း သုတေသီများက သိရှိကြပါတယ်။
မိုက်ခရိုပလတ်စတစ်တွေက ပတ်ဝန်းကျင်နှင့် သက်ရှိများကို မည်ကဲ့သို့ အကျိုး သက်ရောက်သလဲ ဆိုတာကိုတော့ ရှင်းရှင်း လင်းလင်း မသိသေးပါဘူး။
သုတေသီများက “မိုက်ခရိုပလတ်စတစ်များကို ထိတွေ့ခြင်းဟာ ကြီးထွားမှု အကန့်အသတ်၊ မျိုးပွားခြင်းနှင့် ဇီဝဗေဒဆိုင်ရာ လုပ်ငန်းဆောင်တာများအပေါ် အနုတ်လက္ခဏာဆောင်သော သက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်တယ်” ဟု ဆိုပါတယ်။
သေးငယ်သော အပိုင်းအစတွေက ဘက်တီးရီးယား၊ ရေညှိများနှင့် ကျောရိုးမဲ့ သတ္တဝါများ အပါအဝင် မျိုးစိတ်အားလုံးကို လေစီးကြောင်းအတွင်း သို့မဟုတ် ရေမှတဆင့် ပြန့်ပွားနိုင်တာကြောင့် ဂေဟစနစ်ကို ထိခိုက်စေနိုင်ပါတယ်။
မိုက်ခရိုပလတ်စတစ်ညစ်ညမ်းမှုရဲ့ ဖြစ်နိုင်ခြေရှိတဲ့ သက်ရောက်မှုများက လူနေမှုစနစ်များတွင် အကန့်အသတ်မရှိပါဘူး။
သေးငယ်တဲ့ အမှုန်အမွှားများက ပုံမှန် နှင်းများထက် နေရောင်ခြည်မှ အပူစွမ်းအင်ကို ပိုမိုစုဆောင်းနိုင်ပြီး၊ နေရောင်ခြည် စွမ်းအင် အများစုကို အာကာသထဲသို့ ပြန်လည်ထင်ဟပ်စေပါတယ်။

၎င်းတို့က လေထဲသို့ ရောက်တဲ့အခါမှာ ရေခဲ ပုံဆောင်ခဲများရဲ့ သေးငယ်သော ပုံဆောင်ခဲများအတွက် နေရာ ပိုပေးခြင်းဖြင့် လေထုအခြေအနေများကို ပြောင်းလဲနိုင်ပါတယ်။
Revell ကတော့ ဒီလိုရလဒ်တွေကို ပြန်တွေးကြည့်တော့ မအံ့သြမိဘူးဟု ဆိုပါတယ်။ “ပြီးခဲ့တဲ့ နှစ်အနည်းငယ်က ထုတ်ဝေခဲ့တဲ့ လေ့လာမှုတွေအရ ကျွန်တော်တို့ဟာ လေထုထဲမှာ သေးငယ်တဲ့ ပလတ်စတစ်တွေကို နေရာတိုင်းမှာ တွေ့ရှိရတယ်” ဟု သူမက ပြောကြားခဲ့သည်။
ရာသီဥတု ပြောင်းလဲမှု၊ လေထု ညစ်ညမ်းမှုနှင့် ကျွန်ုပ်တို့ ဂေဟစနစ်ရဲ့ ရှင်သန်နိုင်မှုဆိုင်ရာ အဓိက အာဏာပိုင်များထံမှ အ လေး အနက် သတိပေးချက်များရှိနေသော်လည်း
လူ့လုပ်ငန်းနယ်ပယ်ဟာ ဆက်လက် ချဲ့ထွင်နေတဲ့ အတွက်ကြောင့်၊ အန္တာတိကရှိ မိုက်ခရို ပလတ်စတစ်များဟာ နောက်ဆုံးခန့်မှန်းထားတဲ့ ဆိုးရွားတဲ့ရှာဖွေတွေ့ရှိမှုဖြစ်တယ်ဟု သုတေသီများက စိတ်မကောင်းဖွယ် ပြောကြားခဲ့ပါတယ်။.
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။