ကင်ဆာအကျိတ်တွေကို ပြန်မဖြစ်အောင် ဖျက်ဆီးပစ်နိုင်တဲ့ အသံနည်းပညာအကြောင်း

News Science

ယခုအခါ မီချီဂန်တက္ကသိုလ်မှ ထူးထူးခြားခြား တီထွင် ထုတ်လုပ်ထားတဲ့ အသံနည်းပညာဟာဆိုရင် ကြွက်တွေရဲ့ အသည်းအကျိတ်များကို ချေဖျက်ပေးကာ ကင်ဆာဆဲလ်များကို ဖျက်ဆီးစေဖို့အတွက် ခုခံအားစနစ်ကို လှုံ့ဆော်ပေးနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

ဒါဟာ လူသားတွေအတွက် ကင်ဆာရလဒ်များကို ပိုမိုကောင်းမွန်လာစေမည့် တိုးတက်မှု တစ်ခု ဖြစ်တယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

လေ့လာစမ်းသပ်မှုတွေအရ အဆိုပါ နည်းပညာဟာဆိုရင် ကြွက်တွေရဲ့ ကိုယ်ခံအားစနစ်တွေကို အသည်းအကျိတ်ပမာဏရဲ့ 50% မှ 75% ကိုသာ ဖျက်ဆီး​ စေနိုင်သော်လည်း တိရစ္ဆာန် 80% ကျော်မှာ အကျိတ်တွေ ပြန်ဖြစ်ခြင်း သို့မဟုတ် ပိုဆိုးရွားလာခြင်းတို့ မဖြစ်အောင် တားဆီးနိုင်တာကို တွေ့ရပါတယ်။

“ကျွန်မတို့အနေနဲ့ အကျိတ်တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်ဖို့ ပစ်မှတ်မထားပေမဲ့လည်း အကျိတ်ကို ဆက်လက် ပျံ့နှံ့နိုင်ချေကို လျှော့ချနိုင်အောင် လုပ်ဆောင်နိုင်ခဲ့တယ် ” ဟု U-M မှ ဇီဝဆေးပညာအင်ဂျင်နီယာဆိုင်ရာ ပါမောက္ခ Zhen Xu က ဆိုပါတယ်။

ဇီဝဆေးဘက်ဆိုင်ရာ ပါမောက္ခ Zhen Xu Image: Courtesy of Marcin Szczepanski, Michigan Engineering

ရလဒ်တွေအရတော့ ကုသမှုဟာ ကြွက်တွေရဲ့ ကိုယ်ခံအား တုံ့ပြန်မှုများကို လှုံ့ဆော်ပေးကြောင်း၊ အကျိတ်ဆက်လက် ပြန့် ပွားမှုတွေကို တားဆီးဖို့အတွက် အထောက်အကူဖြစ်စေပြီး ကင်ဆာ ထပ်မံပြန့်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။

histotripsy ဟုခေါ်တဲ့ အဆိုပါ ကုသမှုဟာ ကင်ဆာဆဲလ် တစ်သျှူးများကို မီလီမီတာ တိကျမှုဖြင့် ဖျက်စီးဖို့ အာထရာဆောင်းလှိုင်းများဖြင့် ထူးထူးခြားခြား အဓိကထားလုပ်ဆောင်တာပဲ ဖြစ်ပါတယ်။

၎င်းနည်းစနစ်အသစ်နှင့် ဆက်စပ်လုပ်ဆောင်မှုတွေကို အမေရိကန်နှင့် ဥရောပရှိ လူ့အသည်းကင်ဆာစမ်းသပ်မှုတွေမှာ လက်ရှိအသုံးပြုလျက်ရှိပါတယ်။

ဆေးဘက်ဆိုင်ရာအခြေအနေများစွာတွေမှာ ကင်ဆာ အကျိတ်တစ်ခုလုံးရဲ့ အရွယ်အစား၊ တည်နေရာ သို့မဟုတ် အ ကြောင်းရင်းများစွာကြောင့် ကုသမှုတွေမှာ တိုက်ရိုက်ပစ်မှတ်ထားမရနိုင်​သေးပါဘူး။

ဒါ့ကြောင့် အသံဖြင့် အကျိတ်တွေရဲ့ တစိတ်တစ်ပိုင်း ဖျက်ဆီးခြင်းရဲ့ အကျိုး သက်ရောက်မှု များကို လေ့လာဖို့ အတွက် နောက်ဆုံး လေ့လာမှုမှာဆိုရင် ကင်ဆာအကျိတ်ရဲ့ အစိတ်အပိုင်းတစ်ခုကိုသာ ပစ်မှတ်ထားပြီး ဆက်လက်ရှင်သန်နိုင်တဲ့ အကျိတ်ကို ချန်ထားကာ လေ့လာခဲ့တယ်ဟုလည်း သိရပါတယ်။

Image: Courtesy of Marcin Szczepanski, Michigan Engineering

ဒါ့အပြင် Michigan Medicine နှင့် Ann Arbor VA ဆေးရုံမှ သုတေသီများ ပါဝင်ပြီး အကောင်းဆုံး အခြေအနေ​တွေအောက်မှာ ထိရောက်စွာ လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ထားတယ်ဟုလည်း ဆိုပါတယ်။

လက် ရှိပုံမှန် အာထရာဆောင်း တစ်ခုက အသံလှိုင်းများကို ခန္ဓာကိုယ် အတွင်းပိုင်း ပုံများကို ထုတ်ပေးသည့် နေရာတွေမှာ အသုံး ပြု ကြသော်လည်း U-M ကုသမှုဆိုင်ရာသုတေသီတွေက ကုသမှုအတွက် ထိုလှိုင်းများကိုအသုံးပြုခြင်းကို ရှေ့ဆောင်ခဲ့ကြပါတယ်။

၎င်းတို့ရဲ့နည်းပညာက ဓာတ်ရောင်ခြည်နှင့် ဓာတုကုထုံးကဲ့သို့ အန္တရာယ်ရှိတဲ့ ဘေးထွက်ဆိုးကျိုးများမရှိပဲ လုပ်ဆောင်တာဖြစ်တယ်ဟု သိရပါတယ်။

“Histotripsy ဟာဆိုရင် လက်ရှိရရှိနိုင်တဲ့ ကန့်သတ်ချက်များကို ကျော်လွှားနိုင်ပြီး ဘေးကင်းပြီး ထိရောက်စွာ အသည်းအကျိတ်များကို ခွဲထုတ်ခြင်းအား ပေးစွမ်းနိုင်တဲ့ အလားအလာရှိသော ရွေးချယ်မှုတစ်ခုဖြစ်တယ်” ဟု ဇီဝဆေးပညာဆိုင်ရာ အင်ဂျင်နီယာပါရဂူကျောင်းသား Tejaswi Worlikar က ပြောပါတယ်။

နောက်ပြီး အဆိုပါ လေ့လာမှုကနေတစ်ဆင့် အသည်းကင်ဆာ လူနာများအတွက် အလားအလာကောင်းတဲ့ အနာဂတ်လက်တွေ့ကို လှုံ့ဆော်ပေးလိမ့်မည်ဟုမျှော်လင့်မိတယ်”ဟုလည်း ဆိုပါတယ်။

PhD ကျောင်းသူ Tejaswi Worlikar နှင့် Zhen Xu Image: Courtesy of Marcin Szczepanski, Michigan Engineering

2001 ခုနှစ်ကတည်းက U-M ရှိ Xu ရဲ့ ဓာတ်ခွဲခန်းဟာ ကင်ဆာကို တိုက်ဖျက်ရာတွင် histotripsy ကို အသုံးပြုခြင်းအား ရှေ့ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။

သို့ပေမယ့်လည်း မကြာသေးမီကမှ အဖွဲ့ရဲ့သုတေသနပြုချက်တွေဟာ ဦးနှောက်ကုထုံးနှင့် ခုခံအားကုထုံးများရဲ့ histotripsy ကုသမှုဆိုင်ရာ အလားအလာကောင်းများ ထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။

အသည်းကင်ဆာဟာ ကမ္ဘာတစ်ဝှမ်းရှိ ကင်ဆာဆက်စပ်သေဆုံးမှုရဲ့ ထိပ်တန်းအကြောင်းတရား 10 ခုအနက်မှ နံပါတ်တစ်ဖြစ်ပြီး US မှာဆိုရင် ကုသမှုရွေးချယ်စရာများစွာရှိသော်လည်း၊ ကြိုတင်ခန့်မှန်းမှုအရ US မှာ ရှင်သန်မှုနှုန်းဟာ 18% အောက်သာရှိသဖြင့် ဆိုးရွားနေဆဲ ဖြစ်ပါတယ်။

၎င်းကုသမှုဟာ အသည်းကင်ဆာရဲ့ ရလဒ်များ ပိုမိုကောင်းမွန်လာစေဖို့အတွက် လက်တွေ့လိုအပ်ချက်တွေကို မီးမောင်းထိုးပြနေသလိုပဲ ဖြစ်တယ်ဟု သုတေသီတွေက ဆိုပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.