မိုင်နဲ့ ချီ အရွယ်အစားရှိတဲ့ အာကာသ စခန်းကြီး တခုတည်ဆောက်ဖွယ်ရှိတဲ့ တရုတ်

Innovation Science

တရုတ်နိုင်ငံရှိ သုတေသီများဟာ ကမ္ဘာ့ပတ်လမ်းထဲတွင် အာကာသ စခန်း တည်ဆောက်ဖို့ရာအတွက် ဖြစ်နိုင်တဲ့ တပ်ဆင်မှုတွေအတွက် စူးစမ်းလေ့လာ နေကြပါတယ်။

ဒီစီမံကိန်းဟာ နိုင်ငံ၏ ရည်မှန်းချက်ဖြစ်တဲ့ အာကာသ စူးစမ်းလေ့လာ ချဲ့ထွင်မှု၏ တစိတ်တဒေသ ဖြစ်ပြီး အာကာသ အ တွင်း အချိန်ကြာ မြင့်စွာ လူစေလွှတ် လေ့လာနိုင်စေဖို့ ဖြစ်ပါတယ်။

တရုတ်အမျိုးသား သဘာဝသိပ္ပံ ဖောင်ဒေရှင်း ၏ အဆိုပြုချက်အရ တရုတ်နိုင်ငံဟာ ကီလိုမီတာနဲ့ ချီတဲ့အရွယ် အလွန်ကြီး မားတဲ့ အာကာသယာဉ် တည်ဆောက်ဖို့ လေ့လာနေတယ်လို့ တောင်တရုတ် မနက်ခင်း သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ပြောရရင်တော့ မိုင်နဲ့ ချီတဲ့ အာကာသ ယာဉ်ကြီးကို တည်ဆောက်ဖို့ စိတ်ဝင်စားတယ် ဆိုပါတော့။ ဟုတ်ပါတယ် မိုင်နဲ့ ချီပါတယ် တဲ့။

ကာလရှည် မစ်ရှင်များအတွက် တရုတ်ဟာ မိုင်နဲ့ချီတဲ့ အာကာသယာဉ်ကြီး တည်ဆောက်ဖို့ သုတေသန ပြုနေ

ဒီလို ကြိုးပမ်းမှုဟာ မဟာဗျူဟာမြောက် အာကာသယာဉ် စီမံကိန်း၏ တစိတ်တဒေသ ဖြစ်ပြီး အနာဂါတ် အာကာသ ရင်း မြစ်များကို အသုံးပြုခြင်း၊ ဟင်းလင်းပြင်အတွင်း နက်နဲသည့်အရာများ ရှာဖွေစူးစမ်းခြင်း နှင့် ကမ္ဘာ့ပတ်လမ်းအတွင်းတွင် ကာလကြာရှည် နေထိုင်ခြင်း တို့ကို သေချာစေမှာ ဖြစ်ပါတယ်။

အေဂျင်စီမှ ထုတ်ပြန်ထားတဲ့ စီမံကိန်း၏ အကြမ်းဖျင်းအရ ၎င်းကို သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန လက်အောက်ရှိ အေဂျင် စီတခုက စီမံခန့်ခွဲနေတယ်လို့ သိရပါတယ်။

နိုင်ငံတကာ အာကာသ စခန်း

ဒီကြီးမားတဲ့ စီမံကိန်းဟာ သင်္ချာနှင့် ရူပဗေဒ သိပ္ပံ ဌာနများမှ အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည့် သုတေသန ၁၀ ခုထဲမှ ၁ ခုသာဖြစ်လို့ သိပ်တော့ အထင်ကြီးလောက်စရာ မရှိပါဘူး။

အဲဒီ့အထဲက စီမံကိန်း ၅ ခုအတွက် အမြင့်ဆုံး ဘတ်ဂျက်ဟာ ဒေါ်လာ ၂.၃ သန်းလောက်နှင့် ညီမျှပါတယ်။

သုတေသန အဆိုပြုချက်မှ ဒီ မော်ကျူလာနှင့် တည်ဆောက်မည့် အာကာသ စခန်းအတွက် ကမ္ဘာမှ အကြိမ်ပေါင်းများစွာ ဒုံးကျည်ဖြင့် ပစ္စည်းများကို ပစ်လွှတ် ပို့ဆောင်ပေးရမှာ ဖြစ်ပြီး အာကာသအတွင်း တပ်ဆင်မှုလည်း လိုအပ်မှာပါ။

အရွယ်အစားဟာ အလွန်ကြီးမားတဲ့ အတွက် တည်ဆောက်ရာတွင် ထောက်ပံ့နိုင်ဖို့ ဒုံးကျည် တစင်း တလေနှင့်တော့ လုံ လောက်မှာ မဟုတ်တာ အသေအချာပါပဲ။

ရလဒ်အနေနဲ့ကတော့ စီမံကိန်းတွင် ပါဝင်တဲ့ သုတေသီများဟာ ဆိုးရွားတဲ့ စိန်ခေါ်မှုများကို ရင်ဆိုင် နေရပြီ ဖြစ်ပါတယ်။

သူတို့ဟာ အာကာသအတွင်း အဆိုပါ စခန်းကြီးတည်ဆောက်ဖို့ လိုအပ်တဲ့ လွှတ်တင်မှု စုစုပေါင်းကိုလျှော့ချဖို့နှင့် တိုင်းပြည်ရဲ့ ဘတ်ဂျက်နဲ့အညီ ဆောက်လုပ်နိုင်ဖို့ အာကာသယာဉ် အလေးချိန်ကို အနည်းဆုံး ဖြစ်အောင် လုပ်ပေးရမှာပါ။

Illustration

ဒါ့အပြင် ၎င်းတို့ဟာ ဆောက်လုပ်ရေး ပစ္စည်းများကို တပ်ဆင်ရာတွင် အာကာသထဲ မျောပါခြင်း၊ တုန်ခါခြင်းများ မရှိအောင်လည်း ထိန်းချုပ်ဖို့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ မဟုတ်ပါက ပစ္စည်းများဟာ တပ်ဆင်နေစဉ် အာကာသထဲ မျောပါသွားနိုင်ပါတယ်။

တိုးမြင့်လာတဲ့ တရုတ်၏ အာကာသ ရည်မှန်းချက်

တရုတ်ဟာ ၎င်း၏ အာကာသ အစီအစဉ်ကို ၂ ဆ တိုးလိုက်ပြီး မေလတွင် မားစ်ဂြိုဟ်ဆင်း ယာဉ်ဖြင့် အောင်မြင်မှုများ ရရှိခဲ့ပါတယ်။

ဒီလို အောင်မြင်မှုကြောင့် လပေါ်တွင် မတူညီသည့် အာကသယာဉ်နှင့် ဆင်းသက်ပြီး ၂ နှစ်အကြာတွင် တရုတ်နိုင်ငံဟာ မားစ်ဂြိုဟ်ပေါ်ကို အောင်မြင်စွာ ဂြိုဟ်ဆင်းယာဉ်လွှတ်နိုင်တဲ့ ဒုတိယမြောက်နိုင်ငံ ဖြစ်လာပါတယ်။

ဒါ့အပြင် လက်ရှိတွင် Tiangong အာကာသစခန်းကို ၂၀၂၁ ခုနှစ် ဧပြီမှ စတင်ကာ ကမ္ဘာ့ ပတ်လမ်းထဲတွင် တည်ဆောက်နေပြီး တည်ဆောက်ရာတွင် လိုအပ်သည့် ပစ္စည်းများကို Long March 5 ဒုံးပျံကြီးဖြင့် ပို့ဆောင်ပေးနေပါတယ်။

လက်ရှိတွင် ၂၂ မက်ထရစ် တန်ရှိတဲ့ အဓိက အစိတ်အပိုင်းများဟာ အာကာသ ယာဉ်မှူးများအတွက် အဓိက နေရာ အဖြစ် တည်ဆောက်ရန် လျာထားပြီး အကြမ်းဖျင်းအားဖြင့် ယခုနှစ် အတွင်း မက်ထရစ်တန် ၁၀၀ လောက် အရောက်တွင် စခန်း ဟာ ပြီးစီးသွားဖွယ် ရှိပါတယ်။

ပြီးစီးသွားပါက Tiangong အာကာသစခန်းဟာ အကြမ်းဖျင်းအားဖြင့် နိုင်ငံတကာ အာကာသစခန်း အရွယ်အစား၏ ၄ ပုံ ၁ ပုံခန့် ရှိလာမှာ ဖြစ်ပါတယ်။

Tiangong အာကာသစခန်း

နိုင်ငံတကာ အာကာသစခန်းကို နိုင်ငံပေါင်း ၁၆ နိုင်ငံက ပူးပေါင်းတည်ဆောက်ခဲ့တာ ဖြစ်ပြီး အရှည် ၃၅၆ ပေ နှင့် အကျယ် ၂၄၆ ပေခန့် ရှိပါတယ်။

ဒီအရွယ်အစားဟာ ဘောလုံးကွင်း တကွင်းစာလောက် ရှိပေမယ့် အနာဂါတ်မှာ တရုတ်ဟာ အာကာသမစ်ရှင်များတွင် သိသိသာသာ တိုးတက်လာမှာကို တွေ့ရပါတယ်။

ယခင်ထက် ဝန်များစွာ တင်ဆောင်နိုင်မယ့် မျိုးဆက်သစ် ဒုံးပျံ Long March 9 ၏ အင်ဂျင်သစ်ဟာ အစပျိုးနေပြီး ၎င်းကို ၂၀၃၀ ခုနှစ်လောက်မှာ ပထမဆုံး လွှတ်တင်နိုင်ဖို့ လျာထားပါတယ်။

အမေရိကန်နှင့် ၎င်း၏ မဟာမိတ် နိုင်ငံများနှင့် ကုမ္ပဏီများဟာ ယနေ့ကာလမှာ အာကာသကို ဆက်လက် လွှမ်းမိုးထားနိုင်သော်လည်း လာမည့်နှစ်များအတွင်းမှာ တရုတ်ဟာ ပြိုင်ဖက်ကောင်း တနိုင်ငံ ဖြစ်လာဖွယ် ရှိနေပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *