ပိုးနသန်ကောင်နှင့် ပတ်သက်သည့် ကြီးမားသည့် တွေ့ရှိမှု တခု

Archeology Science

လွန်ခဲ့သောနှစ်ပေါင်း ၄၂၅ သန်းခန့်က စကော့တလန် တစ်ဝိုက်တွင် ခေတ်သစ် တွားသွားသတ္တဝါ ဖြစ်သည့် ပိုးနသန်ကောင် နှင့် ဆင်တူသည့် အင်းဆက် ပိုးကောင် တစ်ကောင်၏ ရုပ်ကြွင်းကို သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ကြပါတယ်။

သုတေသီများကတော့ အဆိုပါ ပိုးကောင်ဟာ ကမ္ဘာ့ ကုန်းမြေပေါ်တွင် ပထမဆုံး နေထိုင်သည့် သတ္တဝါ ဖြစ်နိုင်တယ်ဟု ဆိုပါတယ်။

စကော့တလန်တွင် ရှာဖွေတွေ့ရှိခဲ့သော ခေတ်သစ် ပိုးနသန်ကောင်ရဲ့ ရုပ်ကြွင်းဟာ ကုန်းပေါ်တွင် နေထိုင်သည့် တိရစ္ဆာန်များရဲ့ အစောဆုံး သက်သေဖြစ်ကြောင်း သိပ္ပံပညာရှင်များက ယုံကြည်ခဲ့ကြပါတယ်။

ကမ္ဘာမြေကြီးပေါ်တွင် သက်ရှိများစတင်ဖြစ်ပေါ်လာပုံနှင့်ပတ်သက်သည့် အယူအဆတစ်ခုက ၎င်းတို့ဟာ ရေနေ ခန္ဓာကိုယ်က စတင်ခဲ့ခြင်းဖြစ်တယ်ဟု ယုံကြည်ထားကြပါတယ်။

မုန်တိုင်းများဖြစ်ပေါ်စေသည့် လေထုအတွင်းရှိ ဓာတ်ငွေ့အရောအနှောတွေဟာ သမုဒ္ဒရာများအတွင်း အလိုအလျောက်ဖြစ်ပေါ်နေသော အမိုင်နိုအက်ဆစ်ကဲ့သို့သော မိုနိုမာများကို ခွင့်ပြုပေးသည်ဟု ယူဆကြပါတယ်။

၎င်းကို “primordial soup” သီအိုရီဟုခေါ် ပါတယ်။ ၎င်းတို့ကြောင့် အင်းဆက်များ၊ ပင့်ကူများ၊ ကင်းခြေများ နှင့် ခြေ များပါရှိသော ပိုးမွှားများဟာ ကုန်းပေါ်သို့ စွန့်စားရသည့် ပထမဆုံး တိရစ္ဆာန်များထဲမှ အချို့ဖြစ်လာတယ်ဟု ယူဆကြပါတယ်။

တီကောင် တကောင်အား အနီးကပ် မြင်ရစဉ်

မြေဆီလွှာတွင် နေထိုင်သည့် တီကောင်များကဲ့သို့ အခြား အင်းဆက်ပိုးမွှားများဟာ myriapods များရှေ့တွင် မြေပြင်ပေါ်တွင် မွေးဖွားလာကြောင်း အထောက်အထားများရှိပါတယ်။

သို့ရာတွင်၊ အထောက်အထားတွေကတော့ မြေပြင်မှ မျိုးရင်း စစ်စစ်ထက် ရေပေါ်မှ ကုန်းမြေပေါ်ကို တက်လာတယ် ဆိုတာသာ ညွှန်ပြနေပါတယ်။

Myriapods တွေဟာ ၎င်းတို့နေထိုင်ရာ နေရာနှင့် သက်တမ်းကို ညွှန်ပြနေတာကို ကျွန်ုပ်တို့သိထားကြပါတယ်။

Kampecaris Obanensis ဆိုတဲ့ ရှေးခေတ် ပိုးနသန်ကောင် ကဲ့သို့သော သတ္တဝါရဲ့ ရုပ်ကြွင်းကို ၁၈၉၉ ခုနှစ်တုန်းက စကော့တလန်နိုင်ငံ Kerrera ကျွန်းတွင် ပထမဆုံး ရှာဖွေတွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။

ယခု ၎င်းရဲ့သက်တမ်းကို လွန်ခဲ့သောနှစ်ပေါင်း 425 သန်းကဖြစ်ကြောင်း radio dating ပြုလုပ်ခဲ့ခြင်းဖြင့် သိရပါတယ်။

ဒီခြေထောက်အစုံရှိတဲ့ အကောင်တွေဟာ ရေထဲက အသက်ရှင်ဖူးသမျှ အသက်အကြီးဆုံး တိရစ္ဆာန်ဖြစ်လာပါတယ်။

ပင်လယ်ထဲကနေ ကုန်းပေါ်သို့ပြောင်းရွှေ့လာပြီး ကုန်းနေသက်ရှိပုံစံအသစ်တွေရဲ့သက်တမ်းကို ညွှန်ပြပေးပါတယ်။

လုံးထားသည့် ပိုးနားသန်ကောင် တကောင်

Kampecaris တွေဟာ ကုန်းမြေသို့ ပြောင်းရွှေ့ပြီးနောက် နှစ်သန်း 20 အကြာ ရုပ်ကြွင်းမှတ်တမ်းတွေမှာ ပိုးမွှား အသိုက် အဝန်းများစွာကို ပြသထားပါတယ်။

နောက်နှစ်သန်းပေါင်း 20 လောက်ကြာပြီးမှ ရှေးဟောင်း သစ်တောတွေမှာ အခြားပင့်ကူတွေ၊ အင်းဆက်ပိုးမွှားတွေနဲ့ မြင့်မားတဲ့ သစ်ပင်တွေ ရှင်သန်ကြီးထွားလာတယ်ဆိုတဲ့ အထောက်အထားတွေရှိပါတယ်။

“ဒီအကောင် သေးသေးလေးတွေကနေ အလွန်ရှုပ်ထွေးတဲ့ သစ်တော အသိုင်းအဝိုင်းတွေဆီ ရောက်လာတာဟာ ကြီးမားတဲ့ ပြောင်းရွှေ့မှုတစ်ခုဖြစ်တယ်” ဟု Texas တက္ကသိုလ်မှ ဘူမိဗေဒပညာရှင် Michael Brookfield က ဆိုပါတယ်။

တကယ်တော့ ​Kampecaris တွေဟာ အမှန်တကယ်ပင် ကုန်းမြေပေါ်တွင် နေထိုင်ခဲ့သည့် ပထမဆုံးသော သတ္တဝါ ဖြစ် ကြောင်း ကျွန်ုပ်တို့ မသေချာသေးပါဘူး။

ဘာလို့လဲဆိုတော့ အပင်တွေ နှင့် အခြား ပိုးကောင်တွေရဲ့ မတွေ့ရှိရသေးတဲ့ ရုပ်ကြွင်းများ ရှိနေနိုင်သေးတာကြောင့် ဖြစ်ပါတယ်။

သို့သော်လည်း သုတေသီများက ယနေ့ခေတ် အကောင်းမွန်ဆုံး ထိန်းသိမ်းထားတဲ့ ကျောက်ဖြစ် ရုပ်ကြွင်းအချို့ကို စူးစမ်းလေ့လာခဲ့ပြီး ပထမဆုံးသော သတ္တဝါဖြစ်ကြောင်း သတ်မှတ်ထားတာပဲ ဖြစ်ပါတယ်။

သုတေသီများ တွေ့ရှိခဲ့သည့် ရုပ်ကြွင်း

ယခုလေ့လာမှုအသစ်အရ Kampecaris တွေရဲ့ DNA ပြောင်းလဲမှုနှုန်းကိုအခြေခံသည့် molecular clock dating နည်းပညာကိုအသုံးပြု၍ အသက်အကြီးဆုံး millipede တွေကို ခန့်မှန်းထားတာထက် အသက် 75 သန်းခန့်ငယ်တယ်ဟု ခန့်မှန်းထားကြပါတယ်။

အလားတူ စကော့တလန်ရှိ ပင်မအပင်များရဲ့ ရုပ်ကြွင်းများကိုလည်း သုတေသီများ တစ်ချိန်က ထင်ထားတာထက် အကြမ်း ဖျင်း နှစ် ၇၅ သန်းခန့် ငယ်သည်ဟုလည်း အကဲဖြတ်ခဲ့ပါတယ်။

ဒါ့ကြောင့် ရှေးကျသော တိရစ္ဆာန်တွေအနေနဲ့ ကမ္ဘာမြေပေါ်သို့ ရောက်လာတဲ့ ပထမဆုံး ပိုးကောင်ဖြစ်ခဲ့လျှင် သိပ္ပံပညာရှင်အနေနဲ့ ကုန်းပေါ်ရှိ သက်ရှိများဆီသို့ မည်ကဲ့သို့ လျင်မြန်စွာ ပိုးကောင်များနှင့် အပင်များ ဆင့်ကဲပြောင်းလဲလာသလဲဆိုတဲ့ စိတ်ဝင်စားမှုမြင့်တက်လာစေပါတယ်။

ဒါ့​ကြောင့် ကျွမ်းကျင်တဲ့ ဘူမိဗေဒပညာရှင်တွေဟာ သက်တမ်းအစောဆုံးသော ရုပ်ကြွင်းတွေကို ဆက်လက်လေ့လာရှာဖွေနေကြဆဲ ဖြစ်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 24/5/2022

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *