Amputee Coalition အဖွဲ့အစည်းရဲ့ အဆိုအရ အမေရိကန်ပြည်ထောင်စုမှာ နှစ်စဥ် ခန့်မှန်းခြေ လူပေါင်း ၁၈၅၀၀၀ ဟာ ကိုယ်လက်အင်္ဂါ ဆုံးရှုံးမှုနဲ့ ကြုံတွေ့နေရပြီး ၂၀၅၀ မှာ ၃.၆သန်း အထိ ကြုံတွေ့ ရလိမ့်မည် ဟု ဆိုပါတယ်။
ဒါဟာ လျစ်လျူရှုလို့မရတဲ့ ကိန်းဂဏန်းဖြစ်ပြီး MIT ဟာ ထိုအရာနှင့် ပတ်သတ်ပြီး တစ်ခုခုလုပ်ဖို့ စီစဥ်နေပါတယ်။
သူတို့ဖြေရှင်းချက်က ကိုယ်လက်အင်္ဂါ ပျက်စီးခြင်း နဲ့ အခြားရုပ်ပိုင်းဆိုင်ရာ နှင့် အာရုံကြောဆိုင်ရာ ချို့ယွင်းချက်တွေကို ဖြေရှင်းနိုင်ဖို့ သိပ္ပံ နဲ့ ရုပ်ရှင်ထဲက လူသားတွေလို စက်တွေနဲ့ ပေါင်းစပ်မည် ဟု ဆိုပါတယ်။
အသစ်ဖွဲ့စည်းလိုက်သော MIT သုတေသနစင်တာကို K. Lisa Yang for Bionics ဟု ခေါ်ဆိုကြပြီးပရဟိတအလှူရှင် Lisa Yang ထံမှ ဒေါ်လာ ၂၄ သန်း လှူဒါန်းမှု ဖြင့် တည်ထောင်ခဲ့ကြပါတယ်။
K. Lisa Yang for Bionics မှာရှိတဲ့ MIT တစ်ဝန်းလုံးမှာရှိတဲ့ သိပ္ပံပညာရှင်တွေ ၊ အင်ဂျင်နီယာပညာရှင်တွေ နှင့် ဒီဇိုင်းပညာရှင်တွေ ပူး ပေါင်း ပြီး မသန်စွမ်းသူများရဲ့ စိန်ခေါ်မှုများကို တော်လှန်နိုင်မည့် အဖြေတွေအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်နေကြပါတယ် ဟု MIT ဥက္ကဋ္ဌ L. Rafael Reif ကကြေညာချက်တစ်ခုတွင် ပြောကြားခဲ့ပါတယ်။
L. Rafael Reif က K. Lisa Yang for Bionics ဟာ မသန်စွမ်းမှု ခံစားနေရတဲ့ လူတစ်ဦးချင်းစီရဲ့ ဘဝတွေဟာ အလွန်အရေးကြီးကြောင်း ကမ္ဘာကြီးကို ထောက်ပြနေပါတယ် ဟုဆိုပါတယ်။
MIT Media Lab မှ ပါမောက္ခ Hugh Herr က စင်တာကို ဦးဆောင်ပြီး သူကိုယ်တိုင် ခြေနှစ်ဖက်ဆုံးရှုံးထားသူ ဖြစ်ပြီး စက်ရုပ်ခြေတု ခွဲစိတ်မှုနယ်ပယ်မှာ ရှေ့ဆောင်လမ်းပြလည်း ဖြစ်ပါတယ်။

Hugh Herr က ကြေငြာချက်တစ်ခုတွင်ပြောခဲ့တာက ” ကမ္ဘာပေါ်မှာရှိတဲ့ မသန်စွမ်းသူများအနေနဲ့ ယနေ့ခေတ်မရှိသေးတဲ့ ဒါမှမဟုတ် နည်းပညာအပိုင်းအစ တွေကနေ မသန်စွမ်းမှုတွေကို လျော့ချဖို့ လိုအပ်နေပြီ ဟု ဆိုပါတယ်။
Hugh Herr က ကျွန်ုပ်တို့ မသန်စွမ်းတွေအနေနဲ့ သာမာန်ဘဝ အတွေ့အကြုံမဟုတ်တော့တဲ့ အနာဂတ်ဆီကို ဆက်လက်ပြီး အားမလျော့ဘဲ အဆက်မပြတ် လုပ်ဆောင်နေရမည် ဟု ဆိုပါတယ်။
Hugh Herr ဟာ MIT မှ အမေရိကန် အာရုံကြောသိပ္ပံပညာရှင်ဖြစ်တဲ့ Edward S. Boyden နှင့် တွဲဖက်ပြီး လုပ်ဆောင်ပါလိမ့်မည်။
ဒီ ကိုယ် လက်အင်္ဂါ ဆုံးရှုံးမှု တွေကို စက်တွေနဲ့ အစားထိုးသည့် ကိစ္စတွေနဲ့ အနည်းငယ် ရင်းနှီးနေတာဟာ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းက စိတ်ကို ပြင်ပအချက်များ နှင့် ပေါင်းစပ်ရန် ကြိုးပမ်းမှုဟာ ပိုအဖြစ်များ လာသောကြောင့် ဖြစ်ပါတယ်။
နာမည်ကျော် Elon Musk ရဲ့ Neuralink ဆိုတာဟာ စိတ်ကို ကွန်ပျူတာများ နှင့် ပေါင်းစပ်ဖို့ ကြိုးပမ်းနေပြီး လူသားတွေ နှင့် စက်တွေကို ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုမိုထွက်ပေါ်လာဖို့အတွက် ဖြစ်ပါတယ်။
အနာဂတ်မှာ လူသားတွေ နှင့် စက်တွေ ပေါင်းစပ်ခြင်းဟာ မသန်စွမ်းမှုများကို ကိုင်တွယ်ဖြေရှင်းခြင်းထက် ကျွန်ုပ်တို့လူသားတွေကို ပိုမိုထူးချွန်ထက်မြက်စေပြီး သာလွန်တဲ့ခွန်အား နှင့် အသိဥာဏ်တွေကို ပေးဆောင်ပါလိမ့်မည်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။