အလင်းထုတ်လွှတ်တဲ့ အပင် များဟာ ဆယ်စက္ကန့်အတွင်း အားပြန်ဖြည့်နိုင်ပါတယ်။
၂၀၁၇ ဒီဇင်ဘာတုန်းက MIT တက္ကသိုလ် မှ သုတေသီတွေဟာ အလင်းရောင်ထုတ်လွှတ်တဲ့ အပင်တွေကို ဖန်တီးဖို့ နည်းလမ်း တစ်ခု ကို တွေ့ရှိခဲ့တယ်ဟု ကြေငြာခဲ့ကြပါတယ်။
သုတေသီတွေဟာ ကနဖော့ပင်တွေ ရဲ့ အရွက်တွေထဲကို အထူးပြုလုပ်ထားတဲ့ nanoparticle တွေကို ထဲ့သွင်းထားပြီး ၎င်းးတို့ဟာ အလွန်မှိန်တဲ့ အလင်းရောင်ကို လေးနာရီနီးပါး ထုတ်လွှတ်ပေးခဲ့တာကို စမ်းသပ်အောင်မြင်ခဲ့ကြပါတယ်။
သုတေသီတွေကို အဆိုပါ အပင်တွေအတွက် အကောင်းဆုံး နည်းလမ်းတွေကို ရှာဖွေခဲ့ကြပြီး ၎င်းတို့ဟာ တစ်နေ့နေ့မှာ အိမ်တွေ နဲ့ ရုံးလုပ်ငန်းခွင်တွေ အတွက် လုံလောက်တဲ့ အလင်းရောင်ပမာဏကို ထုတ်ပေးနိုင်မည် ဟု ဆိုပါတယ်။
အဲ့ဒီနေ့ဟာ ရောက်ရှိလာပါပြီ။
MIT မှ အင်ဂျင်နီယာတွေဟာ ၎င်းတို့ရဲ့အလင်းရောင်ထုတ်လွှတ်တဲ့ အပင်တွေကို အဆင့်မြှင့်တင်ခဲ့ပြီး ၁၀ စက္ကန့်အတွင်း LED ဖြင့် အားသွင်းပေးနိုင်ကာ ၎င်းတို့ရဲ့ ပထမမျိုးဆက် အပင်များထက် ၁၀ ဆ ပိုမိုတောက်ပပြီး မိနစ်များစွာ ကြာရှည်ခံတယ်ဟု ဆိုပါတယ်။ ၎င်းတို့ဟာ အကြိမ်ကြိမ်လဲ အားပြန်သွင်းနိုင်ပါတယ် ဟု ပြောပါတယ်။
” ကျွန်တော်တို့က အလင်းကို စုပ်ယူနိုင်တဲ့ အမှုန့်လေးတွေပါဝင်တဲ့ အလင်းထုတ်လုပ်နိုင်တဲ့ အပင်လေးတွေကို ဖန်တီးဖို့ ကြိုးစားနေပါတယ်၊ အဆိုပါ အပင်လေးတွေဟာ အလင်းကို သိုလှောင်နိုင်ပြီး ဖြည်းဖြည်းချင်း ပြန်လည် ထုတ်လွှတ် ပေးနိုင်တယ် ” ဟု MIT မှ Carbon P. Dubbs ပါမောက္ခ Michael Strano က ကြေငြာချက်မှာ ပြောကြားခဲ့ပါတယ်။
“ ဒါဟာ အပင်တွေကို အခြေခံပြီး အလင်းရောင်ထုတ်လုပ်မှုအတွက် ကြီးမားတဲ့ခြေလှမ်းတစ်ခုပဲ” ဟု ထပ်လောင်း ပြောကြားခဲ့ပါသေးတယ်။

အထူးပြုလုပ်ထားတဲ့ nanoparticles တွေဟာ တခြား အလင်းရောင် ထုတ်လွှတ်ပေးတဲ့ အပင်တွေ အားလုံးရဲ့ အလင်းရောင် ထုတ်လွှတ်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။
သူတို့တွေမှာ ဆိုရင် ပိုးစုန်းကြူးလေးတွေမှာ တွေ့ရတဲ့ အင်ဇိုင်းတစ်မျိူးဖြစ်သော luciferase ပါဝင်ပါတယ်။
သုတေသီတွေဟာ အသွင်ပုံစံအသစ်များဖြင့် အပင်များကို တိုးတက်စေတဲ့ နည်းလမ်းများကို ရှာဖွေခဲ့ကြပါတယ်။
သူတို့ရဲ့ အပင်တွေကို ကြာရှည်တောက်ပစေဖို့ Strano နှင့် သူရဲ့အဖွဲ့ဟာ light capacitor ကို အသုံးပြု၍ ပြုလုပ်ခဲ့ကြပါတယ်။
၎င်းဟာ ပုံမှန်အားဖြင့် ဖိုတွန်များကို သိုလှောင်နိုင်ပြီး လိုအပ်တဲ့အခါမှာ ပြန်ထုတ်လွှတ်ပေးနိုင်တဲ့ လျှပ်စစ်ပတ်လမ်းတစ်ခုရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ် ။
အဆိုပါ light capacitor ဟာ ထိုင်းဆင်နားရွက်လို့ခေါ်တဲ့ အပင်အပါအဝင် များစွာသော မတူကွဲပြားတဲ့ မျိုးစိတ်တွေမှာလည်း အလုပ်လုပ်ပါတယ်။
သုတေသီတွေဟာ အဆိုပါ တောက်ပတဲ့ အပင်တွေကို ပြင်ပအလင်းရောင် အရင်းအမြစ်တွေအဖြစ် အသုံးပြုနိုင်ဖို့ မျှော်လင့်နေကြပါတယ်။
သုတေသီတွေက silica ဖြင့် ဖုံးအုပ်ထားတဲ့ nanoparticles တွေဟာ ပုံမှန် အပင်လုပ်ဆောင်မှုတွေကို အနှောင့်အယှက်ဖြစ်စေသလား ဆိုတာကို ဆန်းစစ်ဖို့ နောက်ထပ်လေ့လာမှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။
အဆိုပါ လေ့လာမှုအရ တောက်ပတဲ့ အပင်တွေဟာ မည်သည့် အနှောင့်အယှက်မှမရှိဘဲ photosynthesize ခေါ် အလင်းဖြင့် အစာချက်လုပ်ခြင်း ပြုလုပ်နိုင်တာကို တွေ့ရှိခဲ့ပါတယ်။
Strano နှင့် သူ့ရဲ့အဖွဲ့ဟာ ပိုမိုတောက်ပပြီး အလင်းရောင်ကို အချိန်ကြာမြင့်စွာ ထုတ်လုပ်ပေးနိုင်မည့် အပင်တွေကို တီထွင်နိုင်ဖို့ ဆက်လက်ကြိုးစားလုပ်ဆောင်နေကြပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။