တခါတရံမှာ webcam အသုံးပြုရန်လိုအပ်ပါက webcam တစ်လုံးအတွက် တန်ဖိုးတစ်ခု တော့ပေးရမှာဖြစ်ပါတယ်။ ဒါပေမယ့် အိမ်မှာ ကင်မရာအရည်အသွေးကောင်းပြီး မသုံးဖြစ် တော့တဲ့ ဖုန်းအဟောင်းတစ်လုံးရှိနေသည်ဖြစ်စေ၊ လက်ရှိသုံးနေတဲ့ ဖုန်းကိုအသုံးပြုပြီးဖြစ်စေ ဖုန်း stand လေးတစ်ခုနဲ့တင် အရည်အသွေးအသင့်အတင့်ရှိတဲ့ webcam တစ်ခုအဖြစ် အသုံးချလို့ရပါတယ်။
Android ဖုန်းများအတွက်
- Google Playstore မှ DroidCam ကို download ဆွဲပါ။
2. ထို့နောက် ကွန်ပျူတာအတွက် dev47apps website မှတွင် download ဆွဲပြီး Install လုပ်ပါ။

3. ထည့်ပြီးတာနဲ့ DroidCam ကို Android ဖုန်းရော Windows PC မှာပါဖွင့်ပါ။ လက်ရှိအသုံးပြုနေသည့် Network ဟာ WIFI မှာဖြစ်ပါက ပုံတွင်ပြထားသည့်အတိုင်း IP address နှင့် Camport နံပါတ်များကို ဖုန်း နှင့် ကွန်ပျူတာ DroidCam app ရဲ့ dialog box မှာ ရိုက်ထည့်ပေးပါ။

4. IP လိပ်စာနှင့် CamPort မှန်ကန်စွာထည့်သွင်းလိုက်ခြင်းဖြင့် သင်၏ဖုန်း၏နောက်ကျောကင်မရာကို ဝက်ဘ်ကင်မရာတစ်ခုအဖြစ်အသုံးပြုလို့ရသွားမှာဖြစ်ပါတယ်။ ဖုန်း၏ရှေ့ကင်မရာကိုဝက်ဘ်ကင်မရာအဖြစ်အသုံးပြုလိုပါက သင်၏ Android ဖုန်းရှိ DroidCam setting မှာပြောင်းနိုင်ပါတယ်။ အသုံးမပြုလိုတော့ပါက သင်၏ PC သို့မဟုတ် သင်၏ Android ဖုန်းပေါ်တွင် app ကိုပိတ်ပြီး ရပ်နိုင်ပါတယ်။
DroidCam မှတစ်ဆင့်သင်၏ဖုန်းကိုသင်၏ကွန်ပျူတာနှင့်ကြိုးမဲ့ချိတ်ဆက်ခြင်းအခက်အခဲရှိပါက သင်၏ဖုန်းကို USB ကြိုးဖြင့်ချိတ်ဆက်ပြီး DroidCam client ကိုဖွင့်ပါ။ ထိုနည်းလမ်းကိုကောင်းကောင်းအလုပ်လုပ်ရန် USB Debugging ကိုဖွင့်ရန်တော့လိုအပ်ပါတယ်။
iPhone များအတွက်
ဝမ်းသာစရာတစ်ခုကတော့ iPhone တစ်လုံး ရှိပါက သင်၏ ဖုန်းကို webcam အဖြစ်အသုံးပြုရန် ပို၍ လွယ်ကူပါတယ်။

- iVCam app ကို App store တွင် download ဆွဲပါ။
2. ထို့နောက် ကွန်ပျူတာအတွက် e2esoft’s website. မှ download ဆွဲပါ။
3. ထည့်သွင်းပြီးသည်နှင့် ကွန်ပျူတာပေါ်ရှိ iVCam နှင့် iPhoneပေါ်ရှိ iVCam ကိုဖွင့်လိုက်သည်နှင့် သင့် iPhone သည် webcam အဖြစ်အလွယ်တကူအလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။
Android မှ DroidCam ကဲ့သို့ iPhone များတွင်လဲ iVCam ရဲ့ setting ထဲမှာ လိုအပ်သလို အသုံးပြုနိုင်မှာဖြစ်ပါတယ်ခင်ဗျာ။
www.knowledgeworms.com