ရွေ့လျား နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ဖို့ လုပ်ဆောင်နေတဲ့ အမေရိကန်

Military News

အမေရိကန်စစ်တပ်ဟာ စွမ်းအင် လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ ရွေ့လျှား အသေးစား နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။

အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာန (DOD) ဟာ အိုင်ဒါဟို အမျိုးသား ဓာတ်ခွဲခန်းတွင် ရွေ့လျား နျူကလီးယား ဓာတ်ပေါင်းဖို တည် ဆောက်ခြင်း နှင့် သရုပ်ပြခြင်းတို့အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ကြေညာချက် မူကြမ်းကို ထုတ်ပြန်ခဲ့ပါတယ်။

ရှေ့ပြေးဓာတ်ပေါင်းဖိုကို စွမ်းအင်အပြည့်နဲ့ လည်ပတ်ဖို့ အနည်းဆုံးသုံးနှစ် ၁ မဂ္ဂါဝပ် မှ ၅၀ မဂ္ဂါဝပ်အထိ ထုတ်ပေးနိုင်ရန်အတွက် ဒီဇိုင်းဆွဲထားပါတယ်။

လက်ရှိတွင် ဋ္ဌာနဟာ တစ်နှစ်လျှင် ခန့်မှန်းခြေ တစ်နာရီကို ၃၀ ထရီလီယံဝပ် လျှပ်စစ်ဓာတ်အားကို သုံးစွဲနေပြီး တစ်ရက်ကို ၁၀ မီလီယမ်ဂါလန်ထက်ပိုတဲ့ ရုပ်ကြွင်းလောင်စာကို သုံးစွဲနေတာဘဲ ဖြစ်ပါတယ်။

Image: Courtesy of U.S. Government Accountability Office GAO | GAO-20-380SP

non-tactical vehicle (NTV) အုပ်စု ရဲ့ လျှပ်စစ်ဓာတ်အားရရှိရေး မျှော်မှန်းချက် နှင့် အနာဂတ် အင်အားကောင်းသည့် စွမ်းရည်များ တိုး တက်မှုတို့​ကြောင့် လာမည့် နှစ်အနည်းငယ် အတွင်း ကြီးမားတဲ့ စွမ်းအင်သုံးစွဲမှုကို သိသိသာသာ တိုးလာလိမ့်မည်ဟု မျှော်လင့်ရပါတယ်။

အိုင်ဒါဟိုအမျိုးသားဓာတ်ခွဲခန်းဟာ နျူကလီးယားဓာတ်ပေါင်းဖိုများကို အကြမ်းအားဖြင့် ၁မဂ္ဂါဝပ် မှ ၅၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်ပြီး လျှပ်စစ် ဓာတ်အားလိုင်း များမှ လွတ်လပ်စွာ လည်ပတ် စေနိုင်တယ် ဟုဆိုပါတယ်။

ဗာဂျီးနီးယားပြည်နယ် မှ BWXT Advance Technologies နှင့် မေရီလန်းပြည်နယ် မှ X-energy စတဲ့ ကုမ္ပဏီနှစ်ခုဟာ Project Pele ဟုခေါ်တဲ့ ရွေ့လျားနျူကလီးယားဓာတ်ပေါင်းဖို ပဏာမ ရှေ့ပြေးပုံစံအတွက် နောက်ဆုံးဒီဇိုင်းများကို တီထွင်နေကြပါတယ်။

ကုမ္ပဏီနှစ်ခုရဲ့ ရှေ့ပြေးပုံစံများကို ၂၀၂၂ အစောပိုင်းတွင် ပြန်လည်သုံးသပ်မည်ဖြစ်ပြီး ပြီးပြည့်စုံသောသဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်း စစ်ချက်တစ်ခု ပေးပြီးသည်နှင့်တပြိုင်နက် ရှေ့ပြေးပုံစံ တစ်ခု တည်ဆောက်ဖို့ ကုမ္ပဏီနှစ်ခုအနက်မှ တစ်ခုကိုရွေးချယ်ပါလိမ့်မည်။

အမေရိကန်၏ ပထမဆုံး ရွေ့လျား နျူကလီးယား ဓာတ်ပေါင်းဖို့ ML-1 Photo: Courtesy of Usmilitariaforum

အမေရိကန်တို့ဟာ ML-1 လို့ခေါ်တဲ့ ထရပ်ကားဖြင့် တင်ဆောင်နိုင်တဲ့ ရွေ့လျား နျူကလီးယား ဓာတ်ပေါင်းဖို ကို ၁၉၆၂ ခုနှစ် စက်တင်ဘာ ၂၁ ရက်နေ့က ပထမဆုံး စတင် စမ်းသပ်ဖူးပေမယ့် အဲဒီ့အချိန်က အကြောင်း အမျိုးမျိုးကြောင့် ရပ်နားခဲ့တာ ဖြစ်ပါတယ်။

လုံခြုသေးငယ်ပြီး သယ်ယူပို့ဆောင်လို့ရတဲ့ နျူကလီးယားဓာတ်ပေါင်းဖိုဟာ ဝေးလံခေါင်သီတဲ့ သြစတေးလျ ပတ်ဝန်းကျင်ရှိ အရေးပါသော လုပ်ငန်းတွေအတွက် လိုအပ်တဲ့ စွမ်းအင်အရင်းအမြစ်တစ်ခု အနေဖြင့် ဖြေရှင်းနိုင်ပါလိမ့်မယ်။

လျင်မြန်သောသယ်ယူပို့ဆောင်ရေး နှင့် အသုံးပြုနိုင်ဖို့အတွက် ၎င်းကို ပို့ဆောင်ပြီး သုံးရက်အတွင်း လည်ပတ်နိုင်ဖို့အတွက် ဒီဇိုင်းထုတ်ထားပြီး ခုနစ်ရက်အတွင်း လုံခြုံစွာ ဖယ်ရှားနိုင်ရန် တီထွင်ထားပါတယ်။

Project Pele ဟာ စတုတ္ထမျိုးဆက် နျူကလီးယား ဓာတ်ပေါင်းဖိုဖြစ်ပြီး ဝေးလံခေါင်သီသော နေရာများ နှင့် ဝေးလံသောပတ်ဝန်းကျင်များမှာတောင် အလုပ်လုပ်နိုင်စွမ်းရှိပါတယ်။

ရှေ့ပြေးပုံစံ တည်ဆောက်ပြီးတာ နဲ့ ၎င်းဟာ စီးပွားဖြစ်အသုံး​ပြုဖို့ လမ်းကြောင်းတစ်ခု အဖြစ် ဆောင်ရွက် နိုင်ပါလိမ့်မည်။

ထို့ကြောင့် နိုင်ငံရဲ့ ကာဗွန် ထုတ်လွှတ်မှုကို လျှော့ချဖို့ နှင့် ဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် အရေးပါသော အခြေခံ အဆောက်အဦး အထောက်အပံ့များအတွက် ကိရိယာအသစ်များပံ့ပိုးပေးဖို့ အသုံးပြုနိုင်မည် ဖြစ်ပါတယ်။

SCO ဒါရိုက်တာ Jay Dryer က “ အဆိုပါ စတုတ္ထ မျိုးဆက် နျူကလီးယား ဓာတ်ပေါင်းဖို ကို အပြည့်အဝ ထုတ်လုပ်ခြင်းဟာ အမေရိကန်အတွက် ပထဝီနိုင်ငံရေး အကျိုးသက်ရောက်မှု သိသိသာသာ ရှိလိမ့်မည် ” ဟုဆိုပါတယ်။

DoD ဟာ အတိတ်က အမေရိကန် တီထွင်ဆန်းသစ်မှုတွေကို အကြိမ်ကြိမ် ဦးဆောင်ခဲ့ပြီး၊ ကမ္ဘာတစ်ဝှမ်းရှိ အဆင့်မြင့်ဓာတ်ပေါင်းဖိုများအတွက် ဘေးကင်းလုံခြုံမှု နှင့် မပျံ့ပွားနိုင်သော စံနှုန်းများကို ပုံဖော်ပေးနေစဥ်အတွင်းမှာဘဲ Project Pele က စွမ်းအင်ခံနိုင်ရည်အား နှင့် ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး နှစ်မျိုးလုံးကို မြင့်တင်ခြင်းတို့အတွက် ထူးခြားသော အခွင့်အလမ်း​များကို ပေး​နေပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com
Tagged

Leave a Reply

Your email address will not be published.