အင်ဒိုနီးရှား ဘဏ္ဍာရေး ဝန်ကြီးဌာနမှ အင်ဒို ရေတပ်အတွက် တပတ်ရစ် ရေငုပ်သင်္ဘော အနည်းဆုံး တစီး ဝယ်ယူဖို့ရာ နိုင်ငံခြား ချေးငွေ ရယူ ဖို့ ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။
အဆိုပါ ဝယ်ယူဖို့အတွက် အင်ဒိုနီးရှားရေတပ် (Tentara Nasional Indonesia – Angkatan Laut: TNI-AL) ကို အမေရိကန်ဒေါ်လာ သန်း ၆၀၀ ချေးငွေးရယူဖို့ ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
ဂျိန်းစ်ကာကွယ်ရေး မီဒီယာထံ ရောက်ရှိလာတဲ့ စာရွက်စာတမ်း အချက်အလက်များအရ ဒီဝယ်ယူဟာ အင်ဒိုရေတပ်၏ ရေအောက် စစ်ဘက်ဆိုင်ရာ စွမ်းရည်အတွက် နောက်ထပ် ရေငုပ်သင်္ဘော အသစ်တွေ ရောက်မလာခင်
တခြားရေတပ်မှ အနားယူထားတဲ့ ရေငုပ်သင်္ဘောတစီးကို ကြားဖြတ် ရေငုပ်သင်္ဘောများ အဆင်သင့်ဖြစ်စေရန် IRSC စီမံချက် အရ ဝယ်ယူဖို့ ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။
ဒီစီမံချက်အရ ရေငုပ်သင်္ဘောမှာ တန်ချိန် ၁,၈၀၀ မှ ၂,၈၀၀ ရှိနိုင်ပေမယ့် ဝယ်ယူမယ့် သင်္ဘော ကိုယ်ထည် နံပါတ်ကိုတော့ မသိရှိရသေးပါဘူး။
ခွင့်ပြုလိုက်တဲ့ interim Readiness Submarine Class IRSC စီမံချက် နှင့် ပတ်သက်ပြီး ချေးငွေးပမာဏကို အင်ဒိုနီးရှား ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် အမျိုးသား ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း ဝန်ကြီးဌာနတို့မှ ညှိနှိုင်းရရှိခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အင်ဒိုနီးရှားရေတပ်တွင် ဒီဇယ်လျှပ်စစ် စွမ်းအင်သုံး ရေငုပ်သင်္ဘော ၄ စီး တာဝန်ထမ်းဆောင် နေပြီး ၃ စီးမှာ Nagapasa (DSME 209/1400) အတန်းအစား ကိုရီးယားနိုင်ငံလုပ် ရေငုပ်သင်္ဘောများဖြစ်ပြီး ကျန်တစီးမှာ Cakra (Type 209/1300) အတန်းအစား ဂျာမနီလုပ် ရေငုပ်သင်္ဘောဖြစ်ပါတယ်။
ဒုတိယမြောက် Cakra အတန်းအစား ရေငုပ်သင်္ဘောဖြစ်တဲ့ KRI Nanggala-402 ကတော့ ၂၀၂၁ ဧပြီလအတွင်း တော်ပီဒို လေ့ကျင့်မှု ပြုလုပ်နေစဉ် ဘာလီပင်လယ်ပြင် ကမ်းရိုးတန်းမှာ နစ်မြှပ်ခဲ့ပါတယ်။
အင်ဒိုနီးရှားဟာ အနာဂါတ် ရေတပ် အတွက် ရေငုပ်သင်္ဘော အရေအတွက်ကို ၂၀၂၉ ခုနှစ်မှာ ၁၀ စီးအထိ တိုးမြှင့်နိုင်ဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။
တောင်တရုတ်ပင်လယ် အရှုပ်တော်ပုံနှင့်အတူ အဆိုပါ တဝိုက်ရှိ အရှေ့တောင် အာရှနိုင်ငံများဟာ မိမိတို့၏ ရေတပ်အင်အားများကို အရှိန်အဟုန်မြင့် တိုးချဲ့နေကြတာ ဖြစ်ပါတယ်။
အင်ဒိုနီးရှား၏ ရေငုပ်သင်္ဘော ၁၀ စီးအထိ ရောက်အောင်ဝယ်ယူဖို့ စီမံကိန်းမှာ ကိုဗစ်ကပ်ရောဂါကြောင့် အနည်းငယ် နှောင့်နှေးဖွယ် ရှိကြောင်းကိုတော့ ပြောကြားဖူးပါတယ်။
Knowledgeworms Copyright © 2021