လျှပ်စစ်စွမ်းအင်သုံး လပေါ်သွားယာဥ်တွေမှာ Hummer EV အတွက် အသုံးပြုသည့် GM ရဲ့ Ultium နည်းပညာ ပါရှိမှာ ဖြစ်တယ်ဟု သိရပါတယ်။
General Motors နှင့် Lockheed Martin တို့ဟာ အနာဂတ် အာကာသ မစ်ရှင်များ အတွက် လျှပ်စစ် စွမ်းအင်သုံး လပေါ်သွားယာဉ်များ ဆက်တိုက် ထုတ်လုပ်ဖို့ အစီအစဉ် ရှိကြောင်း ကြေညာခဲ့ပါတယ်။
အဆိုပါ ကုမ္ပဏီများက ၎င်းတို့ဟာ ယခုနှစ် နှောင်းပိုင်းလောက်မှာပဲ အာကာသအတွက် GM မှ ထုတ်လုပ်သည့် ဘက်တ္ထရီများကို စမ်းသပ်ဖို့ ရည်မှန်းထားကြောင်း ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
CNBC ရဲ့ အဆိုအရ ၎င်းတို့ဟာ 2025 တွင် လပေါ်မှာ ရှေ့ပြေး ပုံစံယာဉ်ကို စမ်းသပ်ဖို့ ရည်မှန်းချက် ကြီးကြီးမားမား ချမှတ်ထားတယ်ဟု သိရပါတယ်။
Hummer EV နည်းပညာဟာ လပေါ်သွားယာဉ် အတွက် ဒီဇိုင်းအသစ်ကို မြှင့်တင်ပေးတဲ့အကြောင်း

အဆိုပါ ကုမ္ပဏီများက ယမန်နှစ် မေလတုန်းကလည်း လပေါ်သွားယာဉ်များကို တည်ဆောက်ဖို့ ၎င်းတို့ရဲ့ အစီအစဉ်များကို ဦးစွာ နောက်ပြောင်ခဲ့ကြပြီး ယခုအခါမှာတော့ ၎င်းတို့ရဲ့ ဘက်ထရီစွမ်းအင်သုံး ယာဉ်ဟာ “လမျက်နှာပြင်ကို ရေရှည် စူးစမ်းရှာဖွေမှုကို ပြုလုပ်နိုင်ဖို့ နှင့် ရေရှည်တည်တံ့စေဖို့” ကူညီပေးမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းအစီအစဉ်များကို လာမည့် Artemis လမစ်ရှင်အတွက် NASA နှင့် ပူးပေါင်း လုပ်ဆောင်မှုရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ် ကြေညာခဲ့ပါတယ်။
ကုမ္ပဏီနှစ်ခုရဲ့ ကြေငြာချက်အသစ်အရ SpaceX နှင့် Amazon တည်ထောင်သူ Jeff Bezos ရဲ့ Blue Origin တို့မှ စာချုပ်များရယူဖို့ ရည်မှန်းထားခြင်း ဖြစ်တယ်ဟု ဆိုထားပါတယ်။
အဆိုပါ လပေါ်သွားယာဉ်အတွက် ကုမ္ပဏီရဲ့ လျှပ်စစ် Hummer တွင်လည်း တပ်ဆင်ထားသည့် GM ရဲ့ Ultium နည်းပညာကို အသုံးပြုမှာ ဖြစ်ပါတယ်။

GM က ၎င်းရဲ့ Hummer EV စနစ်ထိန်းချုပ်မှု နှင့် ဘက်တ္ထရီ စီမံခန့်ခွဲမှုတို့အပါအဝင် Hummer EV ရဲ့ အမျိုးမျိုးသောစနစ်များတွင် အလုပ်လုပ်ပုံကို လျှပ်စစ်စွမ်းအင်သုံး လပေါ်သွားယာဥ် အသစ်အတွက် အစီအစဥ်ရေးဆွဲထားတယ်ဟု ဆိုပါတယ်။
မကြာသေးမီက ကုမ္ပဏီတွေဟာ ရထားများ၊ သင်္ဘောများနှင့် အခြားသော သယ်ယူ ပို့ဆောင်ရေး ပုံစံများတွင် နည်းပညာကို စမ်းသပ်ကြည့်ရှုမည့် မိတ်ဖက်အဖွဲ့များကို ကြေညာခဲ့ပါသေးတယ်။
ကမ္ဘာမြေပေါ်မှာ အာကာသ အခြေအနေများကို အတုယူပြီး လျှပ်စစ်စွမ်းအင်သုံး လပေါ်သွားယာဥ်ကို စမ်းသပ်မည်
GM ဟာ မြေဆွဲအားအခြေအနေများအပါအဝင် လမျက်နှာပြင်ပေါ်ရှိ အခြေအနေများကို အတုယူထားသည့် ၎င်းရဲ့စမ်းသပ်ဓာတ်ခွဲခန်းတွင် ခေတ်မီဆန်းသစ်သော Simulator ကို အသုံးပြုထားတာကို တွေ့ရပါတယ်။
အဆိုပါ ကုမ္ပဏီဟာ NASA ရဲ့ Apollo မစ်ရှင်သုံးခုအတွက် အသုံးပြုသည့် အလားတူယာဉ်ကို Boeing တီထွင်ရာတွင် ကူ ညီ ပေးခဲ့ပြီး အာကာသနည်းပညာကို ဖွံ့ဖြိုးတိုးတက်အောင် ကူညီလုပ်ဆောင်ပေးခဲ့သည့် သမိုင်းကြောင်းလည်း ရှိပါတယ်။

လျှပ်စစ်စွမ်းအင်သုံး လပေါ်သွားယာဥ် အသစ်ကို လမျက်နှာပြင်ပေါ်တွင် အနည်းဆုံး ဆယ်စုနှစ် တစ်ခုကြာ အသုံးပြု နိုင်ဖို့ ဒီဇိုင်းထုတ်ထားပြီး ၎င်းဟာ အလိုအလျောက် မောင်းနှင်နိုင်သည့် အပြင် အာကာသယာဉ်မှူးများနှင့် အတူလည်း မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။
၎င်းဟာ အမြင့်ဆုံးမြန်နှုန်း တစ်နာရီလျှင် ၁၂ မိုင်နှုန်း ရှိမှာဖြစ်ပြီး ယခင် Apollo rovers များရဲ့ အမြန်နှုန်းထက် နှစ်ဆပိုများမှာ ဖြစ်ပါတယ်။
Chris Hadfield ကျောထောက် နောက်ခံပြုထားတဲ့ AstroLab ဟာ မကြာသေးမီက ထောက်ပံ့ ပို့ဆောင်ရေး လပေါ်သွား ယာဥ်အတွက် ၎င်း၏ ကိုယ်ပိုင် ဒီဇိုင်းကို Flexible Logistics and Exploration (FLEX) ယာဉ်ဟုခေါ်စေခဲ့ပါတယ်။
အဆိုပါ လပေါ်သွားယာဥ်ဟာ အလေးချိန် ပေါင် ၃၃၀၀ (၁၅၀၀) ကီလိုဂရမ် အလေးချိန်ရှိသော ဝန်အား သယ်ဆောင်နိုင်ပြီး အဝေးမှ သို့မဟုတ် အာကာသယာဉ်မှူး နှစ်ဦးနှင့်အတူ လိုက်ပါ မောင်းနှင်နိုင်တယ်ဟု သိရပါတယ်။

ဒါ့အပြင် ဂျပန်ကုမ္ပဏီ တခုဖြစ်တဲ့ GITAI ကလည်း မကြာသေးမီကမှ JAXA နှင့် ပူးပေါင်းကာ centaur နှင့်တူသော R1 ဟုခေါ်တဲ့ နောက်ထပ် စက်ရုပ်ယာဉ်ကို ထုတ်ဖော်ပြသခဲ့ပါတယ်။
ဒီဇိုင်းအသစ်များ မြင့်တက်လာခြင်းဟာ လာမည့် Artemis မစ်ရှင်များနှင့် အတူ လပေါ်တွင် အဆက်မပြတ် တည်ရှိနေစေဖို့အတွက် NASA ရဲ့ အစီအစဥ်များကြောင့် ဖြစ်လာတာ ဖြစ်ပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။