အလှဆုံး လေယာဉ်မယ်များကို ပိုင်ဆိုင်ထားသည့် ထိပ်တန်း လေကြောင်းလိုင်း ၁၀ လိုင်း

Knowledge Travel

ကမ္ဘာပေါ်ရှိ လူတိုင်းဟာ ခရီး‌ဝေး(ဉပမာ တစ်နိုင်ငံံမှ တစ်နိုင်ငံ) သွားကြတဲ့အခါမှာ လေကြောင်းလိုင်းများကို အားထားကြရပါတယ်။‌

လေကြောင်းလိုင်းအများစုဟာလည်း ဆွဲဆောင်မှုရှိတဲ့ လေယာဉ်အမှုထမ်း သို့မဟုတ် လေယာဉ်မယ်များမှတဆင့် ခရီးသည်များကို အကောင်းဆုံး ဝန်ဆောင်မှုပေးကြပါတယ်။

သို့မှသာ လိုက်ပါစီးနင်းတဲ့ ခရီးသွားများလည်း ပျော်စရာကောင်းမှာဖြစ်ပါတယ်။ ဆွဲဆောင်မှုအရှိဆုံး လေယာဉ်မယ်များ ရှိတဲ့ ထိပ်တန်း လေကြာင်းလိုင်းများကို ဖော်ပြပးလိုက်ပါတယ်။

၁၀။ Air France

Air France (ပြင်သစ်လေကြောင်းလိုင်း)မှ လေယာဉ်မယ်လေးများရဲ့ နာမည်ပြောင်ကတော့ freight weight လို့ခေါ်ပါတယ်နော်။ ဘာလို့လဲဆိုတော့ လေယာဉ်မယ်အားလုံးဟာ ၆၀ ကီလိုဂရမ်(၁၃၂ ပေါင်) အောက်သာ တွေ့ရလိမ့်မည်ဖြစ်လို့ပါတဲ့။

Air France

သူတို့ရဲ့ လှပပြီး ဆွဲဆောင်မှုရှိတဲ့ ယူနီဖောင်းများကိုတော့ ထင်ရှားကြော်ကြားတဲ့ ဒီဇိုင်နာ ‘Christian Lacroix’ က စူပါမော်ဒယ်တွေနဲ့တူအောင် ဖန်တီးပေးထားတာပါ။‌ခရီးသည်ဝန်‌ဆောင်မှုကို အထူးဂရုစိုက် ၊ အလေးထားတဲ့ အတွက်လည်း လူသိများကြပါတယ်။

၉။ Singapore Airlines

စင်္ကာပူ လေကြောင်းလိုင်းမှ လေယာဉ်မယ်လေးများကတော့ အကောင်းဆုံးဝန်ဆောင်မှုများ‌ ပေးတယ်ဆိုတဲ့ အကြီးမြတ်ဆုံး ဂုဏ်သတင်းရရှိထားပါတယ်။

Singapore Airlines

သူတို့ဟာ လွန်ခဲ့သည့် ၁၇ နှစ်အတွင်း အာရှပစိဖိတ်ဒေသရှိ စီးပွားရေးအတန်းအစားများစာရင်းတွင် ‘ကမ္ဘာ့အကောင်းဆုံး လေယာဥ်အမှုထမ်း” ဆုကို ရရှိခဲ့ပါတယ်။

ယူနီဖောင်းကိုတော့ ရိုးရာ Sharon kebaya အဝတ်အစားဖြင့် ဒီဇိုင်းပြုလုပ်ထားပြီး ချစ်စရာကောင်းကာ ထူးခြားစေပါတယ်။

လေကြောင်းလိုင်းရဲ့ ၀န်ဆောင်မှုနှင့် လေယာဉ်မယ်‌ လေးများရဲ့ လှပမှုများကြောင့် ခရီးသွား ဧည့်သည်များ အကြားမှာ အကောင်း ဆုံးလေ‌ကြောင်းလိုင်းအဖြစ် အသိအမှတ် ပြုကြပါတယ်။

‌၈။ Aeroflot Airlines

Aeroflot ဟာ ရုရှား၏ အထင်ကရ လေကြောင်းလိုင်းဖြစ်ပြီး ကမ္ဘာပေါ်က ရှိရှိသမျှ လေကြောင်းလိုင်း‌များရဲ့ လေယာဉ်မယ်များကြားမှာ‌တော့ လှပပြီး ဟော့တဲ့ လေယာဉ်မယ်များအဖြစ် နာမည်ကြီးပါတယ်။

Aeroflot Airlines

သူတို့ရဲ့ ယူနီဖောင်းဟာ ခေတ်ဆန်လွန်းလှပါတယ်။ အနီရောင်လည်စီး၊ စကတ်တို၊ ဦးထုပ်များဖြင့် တင်းတင်းကျပ်ကျပ်ဝတ်ဆင်ထားတဲ့ Aeroflot ရဲ့ လေယာဉ်မယ်များဟာ လှပပြီး ဟော့‌နေတဲ့အတွက် ကမ္ဘာပေါ်တွင်အလှဆုံး‌ လေယာဉ်မယ်များအဖြစ် ရှိနေပါတယ်။

၇။ Cathy Pacific Airlines

Cathy Pacific လေကြောင်းလိုင်းဟာ ဟောင်ကောင်အခြေစိုက်လေကြောင်းလိုင်း တစ်ခုဖြစ်ပြီး အာရှတွင် အကောင်းဆုံးလေကြောင်းလိုင်းတစ်ခုလည်း ဖြစ်ပါတယ်။‌

Cathy Pacific Airlines

လေယာဉ်မယ်များရဲ့ ခရီးသည် ဝန်ဆောင်မှုကို အထူးဂရုစိုက် အလေးထားမှု ကျွမ်းကျင်မှုတွေကြောင့် လူသိများပါတယ်။

အနီရောင်တောက်တောက် ယူနီဖောင်းဟာ လေယာဉ်မယ်လေးများရဲ့ အလှကို ထင်ရှားပေါ်လွင် ဆွဲဆောင်မှုရှိ‌‌စေပြီး ခရီး သည်များကို ကျေနပ်စေပါတယ်။

၆။ Air Asia

Air Asia လေကြောင်းလိုင်းကို စရိတ်သက်သာတဲ့ လေကြောင်းလိုင်းတစ်ခုအဖြစ် လူသိများကြပါတယ်။စရိတ်သက်သာတဲ့လေကြောင်းလိုင်း ဖြစ်ပေမယ့် လေယာဉ်မယ်လေးများရဲ့ ခရီးသည်အပေါ် ဝန်ဆောင်မှုကတော့ မလျော့ကျပဲ အကောင်းဆုံး လေကြောင်းလိုင်းအဖြစ် ရှိနေပါတယ်။

Air Asia

အတွင်းမှာ ရှပ်အင်္ကျီ အဖြူခံပြီး အပေါ်မှာ ကုတ်အင်္ကျီ အနီရောင် တောက်တောက် ယူနီဖောင်းကို ဝတ်ဆင် ထားတဲ့ လေ ယာဉ် မယ်လေးများဟာ လှပပြီး စွဲဆောင်မှုရှိလှပါတယ်။

၅။ Lufthansa Airlines

ဂျာမန်အခြေစိုက် လေကြောင်းလိုင်းဖြစ်ပြီး လေယာဉ်မယ်လေးများရဲ့ ဆွဲဆောင်မှုရှိတဲ့ အလှတရားများနှင့် အကောင်းဆုံးဝန်ဆောင်မှုများကြောင့် လေယာဉ်ခရီးသည်အရေအတွက်ပိုများကာ ဥရောပခရီးသည်မျာအကြား နာမည်ကြီးလှပါတယ်။

Lufthansa Airlines

Lufthansa လေကြောင်းလိုင်းဟာ ကမ္ဘာအနှံ့မှ လှပသောလေယာဉ်မယ်များကို ငှားရမ်းထားသောကြောင့် မတူကွဲပြားတဲ့ လူမျိုးစုများမှ ပိုင်ဆိုင်သည့် အလှအပများဖြင့် ခရီးသည်များကို ကြိုဆိုကြပါတယ်။

ဉရောပနိုင်ငံများအတွင်းမှာတော့ အကောင်းဆုံး ဝန်ဆောင်မှုပေးတဲ့ လေယာဉ်မယ်များအဖြစ် ယူဆနိုင်ပါတယ်။

၄။ Virgin Atlantic Airlines

လေယာဉ်မယ်လေးများရဲ့ အနီရောင် အင်္ကျီနဲ့ ခေတ်ဆန်သော ပိုးသား လည်စီး ဝတ်ဆင်ထားခြင်းကြောင့်လည်း ၎င်းတို့ဟာ ပိုမို ဆွဲဆောင်မှုရှိစေပြီး ကမ္ဘာ့ဆွဲဆောင်မှု အရှိဆုံး လေယာဉ်အမှုထမ်းများ ဖြစ်စေပါတယ်။

Virgin Atlantic Airlines

သူတို့ရဲ့ စူးရှတဲ့အကြည့်တွေနဲ့ ဆွဲဆောင်မှုများကြောင့် ‌”ဟောလိဝုဒ် စတူဒီယို မင်းသမီးများ”လို့ အမည်ပြောင်ပေးထားကြပါတယ်။

၃။ Viet Jet Air

Viet Jet Air လေကြောင်းလိုင်း လေယာဉ်မယ်လေးများဟာ ရေကူးဝတ်ဆင်စုံ ဝတ်ဆင်ပြီး ခရီးသည်များကို ဝန်ဆောင်မှုပေးသော လေကြောင်းလိုင်းတစ်ခု ဖြစ်ပါတယ်။

လေယာဉ်မယ်အများစုဟာ မော်ဒယ်များဖြစ်တာကြောင့် သူတို့ရဲ့ အဝတ်အစားပုံစံနှင့် ဒီဇိုင်းကို ရွေးချယ်ခွင့်ရှိပါတယ်။

Viet Jet Air

ဒီလိုထူးခြားတဲ့ အင်္ဂါရပ်များနဲ့ ဝန်ဆောင်မှု‌ပေတဲ့အတွက်‌ကြောင့် လူတွေကို ဆွဲဆောင်စေပြီး ခရီးသည်အရေအတွက်လည်း တိုးလာပါတယ်။

ဒီဖန်တီးမှုတွေကြောင့် လေကြောင်းလိုင်းရဲ့ CEO ဟာ ဗီယက်နမ်မှာ အချမ်းသာဆုံး အမျိုးသမီး ဖြစ်လာခဲ့ပါတယ်။

၂။ Thai Airways

ထိုင်းအဲဝေးစ်ဟာ ထိုင်နိုင်ငံပိုင် လေကြောင်းလိုင်း ဖြစ်ပါတယ်။ လေယာဉ်မယ်များမှ ခရီးသည်များ သက်တောင့် သက်သာရှိ‌စေရန် အကောင်းဆုံး ၀န်ဆောင်မှုများ ပေးသည့်အတွက် လူသိများပါတယ်။

Thai Airways

သူတို့ရဲ့ ခရီးသည်များကို အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်တဲ့ အရည်အသွေးတွေကြောင့် နှစ်စဉ် ‌အကောင်းဆုံးလေ ကြောင်းလိုင်း ဝန်‌ဆောင်မှုဆုကို ရရှိကြသူများဖြစ်ပါတယ်။

ယူနီဖောင်းကိုတော့ ရိုးရာ ဒီဇိုင်းနှင့်ခေတ်ပေါ် ဒီဇိုင်းများဖြင့် ပေါင်းစပ် ဖန်တီးထားပါတယ်။ ဒီလို ဖန်တီးထားတဲ့ ယူနီဖောင်းများကို ဝတ်ဆင်ထားတဲ့ လေယာဉ်မယ်လေးများရဲ့ အလှဟာလည်း ဂုဏ်သတင်းကြီးလှပါတယ်။

၁။ Emirates Airlines

Emirates လေကြောင်းလိုင်းဟာ ဇိမ်အကျဆုံးနှင့်သက်‌သောင့်သက်သာအရှိဆုံး လေကြောင်းလိုင်းတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် လေယာဉ်မယ်များဟာ ကြည်နူး နှစ်သက်ဖွယ်ကောင်းတဲ့ အပြုံးများနှင့်ချစ်စရာကောင်းသော မျက်နှာများရှိကြပါတယ်။

Emirates Airlines

လေယာဉ်မယ်များရဲ့ ယူနီ‌ဖောင်း ဒီဇိုင်းကိုလည်း ထူးခြား‌အောင် ဖန်တီးထားပါတယ်။ Emirates လေကြောင်းလိုင်းဟာ စျေးကြီးသော လေကြောင်းလိုင်း တစ်ခုဖြစ်ပါတယ်။

အဆင့်မြင်တဲ့ ဝန်ဆောင်မှုတွေနဲ့ လေယာဉ်မယ်လေးများရဲ့ ဖော်ရွေချစ်စရာကောင်းတဲ့ နှုတ်ဆက်တဲ့ အပြုံးလေးတွေကြောင့် သင့်ကို ဈေးကြီးတယ်လို့ ထင်စေမှာမဟုတ်ပါဘူး

Zaw Gyi (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 21/8/2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *