အာရှ၏ အသောက်နိုင်ဆုံး သူများ

Food News

တောင်ကိုရီးယားလူမျိုး‌တွေဟာ တစ်ခုခုကြိုးစားတဲ့အခါအတိုင်း သူတို့က ပြင်းပြင်းထန်ထန် လုပ်လေ့ရှိပါတယ်။ ဉပမာ ဘောလုံး ကန်တာ ၊ စပ်တဲ့အစားအစာ စားတာနှင့် တကယ့်ကို ဒာရက်သောက်တဲ့ အခါတွေမှာပေါ့။

ကိုရီးယားလူမျိုးများသည် အာရှရှိ ထိပ်တန်း ဒာရက် သောက်သူများအဖြစ် မှတ်ယူခံရသည်ကို များစွာသောသူတို့က အံ့အားသင့်ကြပါတယ်။ အာရှရှိ အိမ်နီးချင်းနိုင်ငံများနှင့်နှိုင်းယှဉ်ပါက တောင်ကိုရီးယားဟာ ဒာရက် သောက်သောယဉ်ကျေးမှု တအားကြီးနေပါတယ်။

ဒါဟာ သူတို့၏ ရိုးရာနှင့်ယဉ်ကျေးမှု အမြစ်တွယ်နေတာလဲ ဖြစ်နိုင်ပါတယ်။ အားလပ်ရက်မှာ အများစုက ဒာရက်နှင့်အတူ ပျော်ပွဲများ ကျင်း ပလေ့ ရှိကြပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အဆိုအရ တောင်ကိုရီးယားနိုင်ငံဟာ ဒာရက် သောက်သုံးမှု ကမ္ဘာပေါ်တွင် နံပါတ် ၁၇ အဆင့် ရှိတယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယား နိုင်ငံဟာ ဂျာမနီ၊ ယူအက်စ်၊ အိုင်ယာလန်၊ ကနေဒါနှင့်သြစတြေးလျတို့ထက် လူတစ်ဦးမှာ တစ်နှစ်လျှင် ဒာရက်ပိုမိုသောက်သုံးကြပါတယ်။ဒါ့ကြောင့် ကမ္ဘာပေါ်တွင် အသောက် အကြမ်းဆုံးသူများထဲမှ တစ်ဦးဖြစ်တယ်လို့ မှတ်ယူရတာပါ။

ဒီလူသိများ မှတ်ယူရအောင် အဓိကပံ့ပိုးသူကတော့ ဆိုဂျူး(soju) သောက်သုံးခြင်းပဲဖြစ်ပါတယ် ။ ဆိုဂျူး(Soju)မှာ များသောအားဖြင့် ဒာရက်ပါဝင်မှု ၁၉% ခန့်ရှိပြီးတောင်ကိုရီးယားရှိ အဓိက အစားအစာများနှင့်အတူ တွဲဖက်သောက်သုံးလေ့ရှိပါတယ်။

တောင်ကိုရီးယားတွင် ကူးစက်ရောဂါဖြစ်ပွားနေစဉ်ကာလ အတွင်းမှာလည်း ဒာရက် သောက်သုံးမှု ယဉ်ကျေးမှုဟာ ပျံ့နှံ့လျက်ရှိပြီး အရွယ်ရောက်ပြီးသူများဟာ နေ့စဉ်သောက်သုံးလေ့ရှိသည်ဟု သိရပါတယ်။

ပြီးခဲ့သည့်နှစ်စက်တင်ဘာ ၂ ရက်မှ ၁၅ ရက်အထိ တောင်ကိုရီးယားနိုင်ငံ မှအသက် ၁၉ နှစ်မှ ၅၉ နှစ်အတွင်းရှိ အမျိုးသားနှင့်အမျိုးသမီး ၂၀၀၀ ကိုစစ်တမ်းကောက်ယူခဲ့ရာ ယခင် ၆ လအတွင်း တစ်လလျှင်တစ်လထက် ပိုပြီးဒာရက်သုံးစွဲခဲ့တယ်လို့ဆိုပါတယ်။

စစ်တမ်းများအရ ကိုဗစ်‌‌ရောဂါဖြစ်ပွား‌‌နေစဉ်ကာလအတွင်း ဒာရက်သုံးစွဲမှုပုံစံမှာ၂၅ နှစ်မှ ၃၄ နှစ်အကြား အမျိုးသမီးများသည် မိတ်ဆွေတစ်ဦးဦး၏ အိမ်တွင် သောက်ခြင်းကိုနှစ်ကြပြီး အသက် ၃၅ မှ ၄၄ နှစ်ကြားရှိအမျိုးသားများသည်အိမ်၌ တစ်ဦးတည်း သောက်သုံးလေ့ရှိသည်ဟု သိရပါတယ်။

သင်ရော တောင်ကိုရီးယားမှာ ညထွက်ဖူးလား။ သင်ဟာ တောင်ကိုရီးယား မှာ ညဘက် အပြင်ထွက်ပြီး သောက်ဖြစ်ခဲ့ရင်တော့ 해장국 ဆိုတဲ့ (haejangguk – ဒာရက် နာကျ ဟင်းချို) စကားလုံးကို ရှာလိုက်ပါ။

အဲဒါဟာ တောင်ကိုရီးယားက ဒာရက်နာကျဆေးများ အနက်မှ တစ်ခုဖြစ်ပါတယ်နော်။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *