ကြောင်ပိုင်ရှင်ဖြစ်ခြင်းရဲ့ အကျိုးကျေးဇူးများကို ပိုင်ဆိုင် နိုင်ဖို့အတွက် ဒေါ်လာထောင်ပေါင်းများစွာ အကုန်အကျခံဖို့ မလို အပ်ဘဲ မရေမတွက်နိုင်သော လမ်းဘေး ကြောင်လေးများကို မွေးစားလို့လည်း ရပါတယ်။
သို့သော်လည်း အချို့သောလူတွေအတွက်တော့ ကြောင်ဟာ အိမ်မွေးအဖော်မျှသာမဟုတ်ပဲ အဆင့်အတန်းသင်္ကေတတစ်ခုဖြစ်ပြီး ပိုင်ဆိုင်ခွင့်ရဖို့အတွက် ငွေအများအပြားကို သုံးစွဲကြပါတယ်။ အောက်တွင်ကမ္ဘာ့စျေးအကြီးဆုံး ကြောင် ၁၀ မျိုးကို ဗဟုသုတရဖွယ် ဖော်ပြလိုက်ပါတယ်။
(၁) Ashera Cat

Ashera Cat ကို အာဖရိက ကြောင်ရိုင်း African serval၊ အာရှကျားသစ် နှင့် အိမ်မွေးကြောင်နဲ့ ပေါင်းစပ်ပြီး မျိုးစပ်ထားတာဖြစ်ပါတယ်။
အဆိုပါ ကြောင်တွေဟာ ပေါင် ၃၀ အထိ အလေးချိန် ရှိပြီး မွေးမယ်ဆိုရင် အကြမ်းဖျင်းအားဖြင့် ဒေါ်လာ ၁၂၅,၀၀၀ ခန့်အထိ ရှိပါတယ်။
(၂) Savannah Cat
အကြမ်းဖျင်းအားဖြင့် ဒေါ်လာ ၂၀,၀၀၀ ရှိတဲ့ Savannah ကြောင်တွေဟာ အာရှကျားသစ်နှင့် အိမ်မွေးကြောင်များ မျိုးစပ်ထားသည့် ကြောင်မျိုး ဖြစ်ပါတယ်။

၎င်းတို့ဟာ အလွန်ဆော့ကစား၊ ချစ်ခင်ဖွယ်ရှိပြီး ကလေးငယ်များနဲ့ လိုက်လျောညီထွေ ရှိတာကို တွေ့ရပါတယ်။
(၃) Toyger
မွေးမြူသူ Judy Sugden က 1990 ခုနှစ်အစောပိုင်းတုန်းက Toyger လေးတွေကို မျိုးစပ်မွေးမြူခဲ့တာပါ။

Toyger လေးတွေဟာ ကျားနှင့်တူတဲ့ အစင်းကြောင်းများကြောင့် အရုပ်နှင့် ကျားပေါင်းစပ်ထားခြင်းဟူသောအမည်ကို ရရှိခဲ့ပြီး ၎င်းတို့ကို မွေးမယ်ဆိုရင် ကျွန်ုပ်တို့အနေနဲ့ ဒေါ်လာ ၃၀၀၀ မှ ဒေါ်လာ ၁၀,၀၀၀ အထိ ကုန်ကျနိုင်ပါတယ်။
(၄) Khao Manee
Khao Manee ကို ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ ရာစုနှစ်များစွာကထဲက စတင်မွေးမြူခဲ့ကြတာပါ။
တခါတရံ အရောင် နှစ်ရောင်ရှိတဲ့ ၎င်းရဲ့ ထူးခြားသော မျက်လုံးများကြောင့် လူသိများပြီး “အဖြူရောင် ကျောက်မျက်” နှင့် “စိန်မျက်လုံး” ကြောင် စသည် ဖြင့် အမည်ပြောင် ခေါ်ဝေါ်လေ့ရှိပါတယ်။

၎င်းတို့ကို မွေးမယ်ဆိုရင် ဒေါ်လာ ၈,၀၀၀ အထိ ရှိတာကို တွေ့ရပါတယ်။
(၅) Bangal Cat
Toyger တီထွင်သူ Judy Sugden ရဲ့မိခင်ဖြစ်သူ Jean Mill ဟာ 1980 ခုနှစ်တုန်းက Bengal ကြောင်ကို အိမ်မွေးကြောင်နှင့် အာရှကျားသစ်တစ်ကောင်ကို ပေါင်းစပ်ပြီး မျိုးစပ်ခဲ့ပါတယ်။
Mill က ၎င်းကို စမ်းကြည့်တဲ့ ပထမဆုံးသူမဟုတ်သော်လည်း သူမကို နိုင်ငံတကာ ကြောင်အသင်းအဖွဲ့ (TICA) က ၎င်းကို မျိုးစိတ် တစ်ခု အဖြစ် အသိအမှတ် ပြုခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။

ယနေ့ခေတ်မှာတော့ ပုံမှန် Bengalအမျိုးအစားကို ဒေါ်လာ ၃,၀၀၀ နှင့် ၅,၀၀၀ ကြား ရှိတာကို တွေ့ရပါတယ်။
(၆) Maine Coon Cat
Maine coon ကြောင်တွေအကြောင်း လုံးဝမမှန်တဲ့ ဒဏ္ဍာရီတစ်ခုက ၎င်းတို့ဟာ ရက်ကွန်းတွေနှင့် အိမ်မွေးကြောင်တွေရဲ့ မျိုးရိုး ဖြစ်တယ် ဆိုတာပါပဲ။
၎င်းတို့ဟာ ရှည်လျားတဲ့ အမွှေးအမျှင်တွေ နဲ့ ခန္ဓာကိုယ်ကြောင့် လူသိများပါတယ်။

ပျမ်းမျှအားဖြင့် အမွှေးအမျှင်တွေဟာ လက်မ ၄၀ ခန့်ရှည်လျားပြီး များသောအားဖြင့် ၎င်းတို့ဟာ ဒေါ်လာ ၂,၀၀၀ မှ ဒေါ်လာ ၃,၅၀၀ အထိ ရှိပါတယ်။
(၇) Persian Cat
ဒေါ်လာ ၂၀၀၀ ကနေ ၃၀၀၀ အထိရှိတဲ့ ပါရှန်ကြောင်တွေဟာ 1600 ခုနှစ်အတွင်း မက်ဆိုပိုတေးမီးယားမှာ ပေါက်ဖွားလာတယ်ဟု ယေဘုယျအားဖြင့် ယူဆကြသော်လည်း အတိအကျ မသိရသေးပါဘူး။

ကျွန်ုပ်တို့သိထားတာက ၎င်းတို့ရဲ့ အထင်ကရ ပြန့်ပြူးတဲ့ မျက်နှာတွေနဲ့ ခန့်ငြားတဲ့ ပုံစံကြောင့်ဖြစ်ပြီး မွေးမြူသူတွေ များ ပြား လာကြတာပဲ ဖြစ်ပါတယ်။
(၈) Sphynx Cat
Sphynx ကြောင်တွေရဲ့ပုံစံဟာ မျိုးရိုးဗီဇပြောင်းလဲမှုရဲ့ ရလဒ်ကြောင့် ဖြစ်ပါတယ်။
၁၉၆၀ ခုနှစ်တွေတုန်းက အမွှေးမရှိတဲ့ ကြောင်အချို့မွေးခဲ့ပြီး မွေးမြူသူတွေက ၎င်းတို့ကို မျိုးစပ်ခဲ့ကြပါတယ်။

ယနေ့ခေတ်မှာတော့ Sphynxes အများအပြားကို ဒေါ်လာ ၁,၀၀၀ မှ ဒေါ်လာ ၃,၀၀၀ ဖြင့် မွေးမြူလေ့ရှိကြပါတယ်။
အသေးစိတ်ကို “အမွှေးမပါတဲ့ Sphynx ကြောင်များ အကြောင်း” တွင် ဖတ်ရှုနိုင်ပါတယ်။
(၉) Ragdoll Cat
1960 ခုနှစ်တွေတုန်းက ကယ်လီဖိုးနီးယားအခြေစိုက် မွေးမြူသူ Ann Baker ဆိုသူ မျိုးစပ်မွေးမြူခဲ့တဲ့ Ragdoll ကြောင်တွေဟာ ကြီးမားတဲ့ ကြွက်သားတွေရှိပြီး အမွှေးအမျှင်တွေဟာ ပိုးသားလို ပျော့ပျောင်းပါတယ်။

၎င်းတို့ဟာ သိမ်မွေ့ တည်ငြိမ်ပြီး ချစ်ခင်တက်တဲ့ သဘော သဘာဝကြောင့် လူသိများပြီး မွေးမြူမယ်ဆိုရင် ဒေါ်လာ ၁,၀၀၀ ကနေ ၃,၀၀၀ ကြား ရှိပါတယ်။
(၁၀) Siberian Cat
Siberian Cat တွေဟာ ၎င်းတို့ရဲ့ ထူထဲလှတဲ့ အမွှေးအမျှင်တွေနဲ့ ခန့်ငြားလှပမှုကြောင့် နာမည်ကြီးပါတယ်။
၎င်းတို့ မျိုးစိတ်ကို သိရှိခဲ့တာ နှစ်ပေါင်း 1000 ကျော် ဝန်းကျင်ရှိပြီဖြစ်သော်လည်း ၎င်းတို့ကို ပြီးခဲ့တဲ့ ဆယ်စုနှစ် အနည်း ငယ် အတွင်း အမေရိကန် တွင် မွေးမြူသူ များပြားလာပါတယ်။

လတ်တလော Siberian ကြောင်တစ်ကောင်ကို မွေးစားမယ်ဆိုရင် ဒေါ်လာ ၂,၅၀၀ အနည်းဆုံးရှိပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။