လူတိုင်း နီးပါးလောက်ဟာ မိမိဘဝကို တတ်နိုင်သလောက် ကြာကြာ နေချင်ကြပါတယ်။
Royal Society Open Science ဂျာနယ်၌ မကြာသေးမီက ထုတ်ဝေခဲ့တဲ့ သုတေသနတွေအရ လူတွေဟာ အနည်းဆုံး အသက် ၁၃၀ အထိနေထိုင်နိုင်ပြီး အသက် ပိုရှည်နိုင်တယ် လို့ သိရပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ အများစုအတွက် အဲ့လောက် ကြာကြာ အသက်ရှည်ဖို့ အခွင့်အလမ်းတွေက အရမ်းနည်းတယ်လို့ မပြောသင့် သေး ပါဘူး။
မျှော်လင့်ချက်ကို မထိခိုက်စေဘဲ၊ အသက် ၁၁၀ ကျော်သက်တမ်းကို သာမန် အခြေအနေတစ်ခု ဖြစ်စေရန် ဆေးဘက်ဆိုင်ရာ နည်းပညာတွေမှာ အဓိက သိပ္ပံဆိုင်ရာ ပြောင်းလဲမှုတစ်ခု လိုအပ်ပါတယ်။
အချက်အလက်များ အရ သင်ဟာ အသက် ၁၃၀ အထိ ရှိနိုင်ပါတယ်။
လူ့သက်တမ်းရဲ့အကန့်အသတ်ဟာ ပြင်းထန်တဲ့ ငြင်းခုံစရာ အကြောင်းအရာ တစ်ခု ဖြစ်နေပါတယ်။
မကြာသေးမီက လေ့လာမှုတွေအရ ကျွန်တော်တို့ဟာ နှစ်ပေါင်း ၁၅၀ အသက်ရှင်နိုင်လိမ့်မယ်လို့ အကြံပြုခဲ့ပြီး အခြားသူတွေက ကန့်သတ် ချက် အလွန်ကို လုံးဝ တွန်းပို့ကာ လူ့သက်တမ်းဟာ တိကျတဲ့သက်တမ်း တစ်ခုဖြင့် ကန့်သတ် မထားပါဘူးလို့ ဆိုကြပါတယ်။
ဤအတိုင်းသာဆိုပါက လူသားတွေအတွက် အသက်အရွယ် အမြင့်ဆုံး ဆိုတာ မရှိနိုင်ပါဘူး။
သို့သော် မကြာသေးမီက သုတေသနပြုချက်တွေဟာ အသက် ၁၀၅ နှစ် နှင့် အထက် ရှိတဲ့သူတွေအပြင် အသက် ၁၁၀ကျော်တဲ့ သူတွေနဲ့ပတ်သက်တဲ့ အသစ်အသစ်သော အချက်အလက်တွေကို ဆန်းစစ် လေ့လာခဲ့ပါတယ်။
သူတို့ဟာ အသက်ကြီးလာတာနဲ့အမျှ ဆုံးပါးနိုင်ခြေဟာ တဖြည်းဖြည်းတိုးလာတာကို တွေ့ခဲ့ရပေမယ့် ဒီအန္တရာယ်က နောက်ဆုံးမှာ ကုန်း ပြင်မြင့်ပေါ်မှာ တသတ်မတ်တည်း ရှိနေပြီး နှစ်စဉ်နှစ်တိုင်း အသက်ရှင်ဖို့နဲ့ ဆုံးပါးဖို့ အခွင့်အလမ်း ၅၀-၅၀ ရှိပါတယ်။
အသက် ၁၁၀ ကျော်ရှိတဲ့သူတစ်ယောက်ဟာ နောက်ထပ်တစ်နှစ်လောက်နေရတာဟာ ဒင်္ဂါးပြားကို လှန်ပစ်သလိုမျိုး ဖြစ်သွားနိုင်တယ်။
ခေါင်းကျရင် နောက်မွေးနေ့အတွက် အသက်ရှင်မယ်၊ မဟုတ်ရင်တော့ နောက်နှစ်အတွင်း တစ်ချိန်မှာ ဆုံးပါး လိမ့်မယ်လို့ မကြာသေးမီကသုတေသနကို ဦးဆောင်ခဲ့တဲ့ Lausanne (EPFL) ရှိ Swiss Federal Institute of Technology မှ စာရင်းအင်းပါမောက္ခ Anthony Davison က ပြောကြားခဲ့ပါတယ်။
သို့သော် သုတေသနအရ ရိုးရှင်းတဲ့ကောက်နုတ်ချက်ဟာ လူ့သက်တမ်းဟာ ကန့်သတ်ချက် မရှိဘူးလို့ ဆိုလိုပါတယ်။

ဒီကောက်ချက်ချမှု တွေဟာ အလွန် အသက်ကြီးနေပြီ ဖြစ်တဲ့သူတွေရဲ့ ဒေတာ အချက်အလက်တွေမှာ စီမံ ဆောင်ရွက်ထားတဲ့ စာရင်းအင်း အကဲဖြတ်မှုတွေနဲ့ တူညီပါတယ်။
အသက် ၁၃၀ အထိ နေထိုင်ခြင်းဟာ တစ်သန်းမှာ တစ်ယောက် ဖြစ်ပေါ်လေ့ ရှိတတ်ပါတယ်။
ဒါပေမယ့် ဒီလေ့လာမှုက ဒေတာတွေ ပိုရတဲ့အတွက်ကြောင့် ဒီကောက်ချက်တွေကို ခိုင်မာစေပြီး တိကျစေတယ်လို့ Davison က AFP ၌ ပြောကြားခဲ့ပါတယ်။
ကနဦးအချက်အလက်တွေဟာ နိုင်ငံပေါင်း ၁၃ နိုင်ငံမှ အသက် ၁၁၀ ကျော်ရှိတဲ့သူ ၁၁၀၀ ကျော်အတွက် စာရင်းတွက်ချက်ထားတဲ့ အသက်ရှည်မှုဆိုင်ရာ နိုင်ငံတကာ ဒေတာဘေ့စ်မှ အသစ်ထုတ်ထားတဲ့ အချက်အလက်တွေက လာပါတယ်။
ဒုတိယမြောက်ဒေတာအချက်အလက်ဟာ ၂၀၀၉ ဇန်နဝါရီမှ ၂၀၁၅ ဒီဇင်ဘာအထိ အနည်းဆုံး ၁၀၅ နှစ်ရှိသူတိုင်းပါဝင်တဲ့ အီတလီမှ လာပါတယ်။
လုပ်ထုံးလုပ်နည်းဟာ ရှိပြီးသားဒေတာတွေကို တွက်ချက် ခန့်မှန်းရန် တောင်းဆိုသော်လည်း Davison က ၎င်းကို သုတေသနအတွက် ကျိုးကြောင်း ဆီလျော်တဲ့ လုပ်ကိုင်နည်း လိုအပ်ချက်တစ်ခုအဖြစ်တောင် ကာကွယ်ပေးခဲ့ပါတယ်။
စာရင်းအင်းအရဖြစ်စေ ဇီဝဗေဒအရဖြစ်စေ အသက်အရွယ်ကြီးရင့်မှုရဲ့ မည်သည့်လေ့လာမှုမဆို တွက်ချက်ခန့်မှန်းမှုမှာ ပါဝင်လိမ့်မှာဖြစ်တယ်။
နှစ် ၁၃၀ အောက်ကန့်သတ်ချက်ရှိခဲ့ရင် ကျွန်တော်တို့အခုရနိုင်တဲ့ အချက်အလက်တွေကို သုံးပြီး အဲဒါကိုထောက်လှမ်း နိုင်ခဲ့သင့်တယ် ဆိုတာကို ပြနိုင်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
ဒါပေမယ့် လူသားတွေဟာ အသက် ၁၃၀ ဒါမှမဟုတ် ဒီထက် ကြီးနိုင်ပေမယ့်လည်း ဖြစ်လာဖို့ အလားအလာတော့ မရှိပါဘူး။
အကြောင်းအရင်းတစ်ခုက ကျွန်တော်တို့လူအနည်းငယ်က လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀ ကျော်နေထိုင်ခြင်းရဲ့ ရှားပါးတဲ့ ထူးခြားစွမ်းဆောင်ချက်ကို အောင်မြင်လိမ့်မယ်ဆိုတဲ့ အကြမ်းဖျင်း အချက်ကနေ လာပါတယ်။
သင်အသက် ၁၁၀ ရောက်နေပြီ ဆိုပါစို့။ အဲဒီကနေ သင်နောက်ထပ် အနှစ်နှစ်ဆယ် နေထိုင်နိုင်ပြီး အသက် ၁၃၀ ဖြစ်လာနိုင်တဲ့ အခွင့်အလမ်းက တစ်သန်းမှာ တစ်ယောက် သိပ်မဖြစ်နိုင်ပါဘူးလို့ Davison က ပြောပါတယ်။
လာမယ့်ရာစုနှစ်တွေမှာ ဒီ့ထက် အသက်ပိုကြီးတဲ့ လူတွေ ပိုတွေ့နိုင်ဖွယ်ရှိနေပေမယ့် လူတစ်ဦးမှာအောင်မြင်ဖို့ အလားအလာက တစ်သန်းမှာ တစ်ယောက်ပဲ ရှိနေပါသေးတယ်။
ယခုအချိန်ထိ အသက်ရှင်နေဆဲ အသက်အကြီးဆုံး ပုဂ္ဂိုလ်မှာ အသက် ၁၁၈ နှစ်သာ ရှိသေးတဲ့ ဂျပန်လူမျိုး Kane Tanaka ဖြစ်ပါတယ်။
ထို့ကြောင့် ၁၃၀ အထိအသက်ရှင်သန်ခြင်းက သင်ရဲ့ အစီအစဥ် ဖြစ်ပါက ထိုသို့ဖြစ်ရန် အကောင်းဆုံးနည်းလမ်းမှာ ကမ္ဘာပေါ်တွင် သင်တွေ့ရှိလိုတဲ့ အဓိက ဆေးပညာပြောင်းလဲရေးကို ဖန်တီးဖို့နဲ့ သိပ္ပံနည်းကျ တိုးတက်မှုရဲ့ အင်မတန် ကြီးမားတဲ့ အင်အားအပေါ် မှီခိုခြင်းဖြင့် လူ့ပျမ်းမျှ သက်တမ်းကို ထပ်တိုးဖို့ပဲ ဖြစ်ပါတယ်။
ရေးသားသူ – Lily (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။