ဥာဏ်အကောင်းဆုံး တိရိစ္ဆာန် ၁၀ မျိုး အကြောင်း

Knowledge Nature

လူသားများအတွက် တီဘီရောဂါ ရှာဖွေရာတွင် တိရိစ္ဆာန်တွေဟာ မှတ်ဉာဏ်စမ်းသပ်မှုများတွင် ကျွန်ုပ်တို့ထက် သာလွန်နေတာတွေ့ရပါတယ်။

ကျွန်ုပ်တို့ဟာ ဤကမ္ဘာမြေကြီးပေါ်​ တွင် တစ်ခုတည်းသော အသိဥာဏ်ရှိတဲ့ သတ္တဝါများ မဟုတ်ပါဘူး။

ကျွနိုပ်တို့ဟာ ကမ္ဘာပေါ်မှာတွင် အသိဉာဏ်အရှိဆုံး မျိုးစိတ်ဟု ယုံကြည်​နေကြပြီး တိရိစ္ဆာန်များရဲ့ ဦးနှောက်စွမ်းရည်ကို တိုင်းတာရန် အခြေ ခံ ကျတဲ့အတန်းပညာ ကို အခြေခံစံနှုန်းအဖြစ် အသုံးပြုကြသော်လည်း ဒါဟာ အပေါ်ယံ မျှသာ ဖြစ်ပါတယ်။

ဥပမာ ရန်သူရေငုပ်သင်္ဘောကို ခြေရာခံရန် အသံလှိုင်းကိုရှာဖွေနိုင်သည့် sonar နည်းပညာကို ဖန်တီးခဲ့ကြ သော်လည်း လင်းပိုင်များဟာ ကိုယ်ပိုင် sonar နှင့် အတူ မွေးဖွားလာကြပါတယ်။

တိရိစ္ဆာန်များဟာ ကျွနိုပ်တို့ကဲ့သို့ ပင်ကိုဗီဇအ​လျှောက်ဖြစ်စေ သို့မဟုတ် ကောင်းကောင်း စဥ်းစား၍ဖြစ်စေ ကိုယ်ပိုင်ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ပါတယ်။ ကျွန်ုပ်တို့အားလုံးဟာ နှစ်များအလျှောက် တိုးတက်ပြောင်းလဲလာခဲ့​ကြပါတယ်။

တစ်ဦး နှင့်တစ်ဦး ဆက်လက်သင်ယူတယ်၊ အချင်းချင်းလည်း မိတ်ဖွဲ့ခဲ့ကြပါတယ်။ ယခု သင့်ရဲ့ဘေးမှာ သင့်ရဲ့ကိုယ်ပိုင် အသိဉာဏ်ရှိတဲ့ သူငယ်ချင်းလေး ( သင့်ရဲ့ အိမ်မွေးတိရစ္ဆာန်ကို ရည်ညွှန်းတာဖြစ်) နဲ့ ဒီစာကိုဖတ်နေတာလည်း ဖြစ်နိုင်ပါတယ်။

ဒီတော့ အောက်မှာဖော်ပြထားတဲ့ စာရင်းရှိ တိရိစ္ဆာန်တစ်ချို့ဟာ ကျွနိုပ်တို့ထက် ဦးနှောက်သေးငယ်တာလည်းရှိမယ် သို့မဟုတ် ပိုကြီးတဲ့ တိရစ္ဆာန်များလည်းရှိသော်လည်း ဒီ တိရိစ္ဆာန်တစ်ကောင်ချင်းဆီမှာ ကိုယ်ပိုင်အသိဉာဏ်နဲ့ ထူးခြားချက်များ ရှိတာတွေ့ရပါလိမ့်တယ်။

ဘာဘဲပြောပြော မြေခွေးတွေကတော့ ကျွနိုပ်တို့ရဲ့ ရာသီဥတုကို ခန့်မှန်းနေကြတုန်းဘဲ မဟုတ်လား။

(၁၀) ကြွက်

ကျွနိုပ်တို့ နောက်ပြန်ရေတွက်ထားတဲ့ နံပါတ် ၁၀ ဖြစ်တဲ့ ကြွက်ဟာ အနောက်တိုင်း ယဥ်ကျေးမှု​တွေမှာ အလွန်ဉာဏ်ကောင်းပြီး မာန်မာနကြီးတဲ့ တိရိစ္ဆာန်ဘဲ ဖြစ်ပါတယ်။

တရုတ်ယဥ်ကျေးမှုမှာ​တော့ ကြွက်တွေဟာ ဉာဏ်တီဉာဏ်နက်များခြင်း ၊ အတားအဆီးများ နှင့် အကန်အသတ်များရင်ဆိုင်ရာတွင် ကျော်ဖြတ်နိုင်ခြင်း တို့ကြောင့် ချီးကျူးခံရပါတယ်။

သုတေသနလုပ်​ဆောင်ရာတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့သောဓာတ်ခွဲခန်းကြွက်တွေဟာ ကျွန်ုပ်တို့ခေတ်တွင် ထိပ်တန်းသိပ္ပံပညာရှင်များ တီထွင်ခဲ့သော ဓာတ်ခွဲခန်းစမ်းသပ်မှုများတွင် ဖြတ်လမ်းများ၊ ကွက်လပ်များ နှင့် လွတ်လမ်းများကို ရှာဖွေတဲ့နေရာမှာ လူသိများခဲ့ပါတယ်။

တန်ဇန်းနီးယားအခြေစိုက်အကျိုးအမြတ်မယူသောအဖွဲ့အစည်းတစ်ခုဖြစ်သော APOPO တွင် လေ့ကျင့်ထားသောကြွက်များဟာ တီဘီရောဂါဖြစ်ပွားမှု ၁၈,၃၀၀ ကို ရှာဖွေတွေ့ရှိခဲ့ပြီး မြေမြှုပ်မိုင်း ၁၀၈,၇၃၆ နှင့် မပေါက်ကွဲသေးတဲ့ ဗုံးများကိုလည်း ဖျက်ဆီးနိုင်ခဲ့ပါတယ်။

ကြွက်တစ်ကောင်ဟာ တင်းနစ်ကွင်းတစ်ခုစာ သတ္တုတွင်းကို စစ်ဆေးရန် မိနစ် ၃၀ဘဲ ကြာပါတယ်။ ဒါဟာ လူတစ်ယောက် သတ္တုရှာဖွေစက်ဖြင့် လေးရက်ကြာအောင် လုပ်ရသောအလုပ်တစ်ခုဖြစ်တယ် ဟု APOPO ကဆိုပါတယ်။

(၉) ရေဘဝဲ

နောက်ထပ် ထင်ရှားကျော်ကြားတဲ့ ဖန်ပုလင်းကိုကြံ့ခိုင်စွာ အဖုံးပိတ်နိုင်စွမ်းရှိတဲ့ ကျောရိုးမဲ့သတ္တဝါ အကြောင်းဆီကို သွားသင့်ပါတယ်။

ကျွန်ုပ်တို့၏ စာရင်းတွင် နံပါတ် ၉ ဟာ သမုဒ္ဒရာတွင် အထက်မြက်ဆုံးသတ္တဝါဖြစ်သော ရေဘဝဲ ဖြစ်ပါတယ်။

ရေဘဝဲတွေဟာ နားလည်ရခက်သေးပေမယ့် သိပ္ပံပညာရှင်တွေဟာ အံ့သြစရာကောင်းတဲ့ စွမ်းဆောင်ရည်အသစ်တွေကို အဆက်မပြတ်ရှာဖွေလျက်ရှိပါတယ်။

ရေဘဝဲတွေဟာ ကစားခြင်း၊ ပြသာနာများကို ဖြေရှင်းခြင်း၊ ဝင်္ကပါလမ်းကြောင်းကို ဖြတ်၍ သွားလာခြင်း နှင့် လေးစားစရာကောင်းတဲ့ ရေတို မှတ်ဉာဏ်များ ရှိကြပါတယ်။

သို့သော် ဒီလို ထက်မြက်သောစွမ်းရည်များကို ပိုင်ဆိုင်နိုင်သောခရု ကဲ့သို့ အတန်းအစားရှိသော တိရစ္ဆာန်​တွေကကော ဘယ်လိုလဲ။

ခွန်အား ၊ သွက်လက်မှု ၊ စူးစမ်းလိုစိတ် နှင့် ဦးနှောက်စွမ်းရည်များစွာပေါင်းစပ်မှုက ရေဘဝဲကို soft bodies ရှိတဲ့အုပ်စုမှ မတူကွဲပြားစေတာဘဲ ဖြစ်ပါတယ်။

ရေဘဝဲ ဦးနှောက်က နို့တိုက်သတ္တဝါအချို့၏ ဦး နှောက်များကဲ့သို့ အချိုးကျပါတယ်။

ဒါဟာ သားကောင်များကို ဖမ်းယူရန် နှင့် သားကောင်များအား ရှောင်ရှားနိုင်တဲ့ အဆင်မြင့်တဲ့ ဦးနှောက်အဖွဲ့အစည်းရှိတာကို ပြသ​နေတာဘဲ ဖြစ်ပါတယ်။

ရေဘဝဲဟာ ပုံသဏ္ဍန်ပြောင်းလဲနိုင်ခြင်း နှင့် ပုံဖျက်နိုင်စွမ်းရှိခြင်းဟာ ထူးခြားပြောင်မြောက်သော ရေဘဝဲဦးနှောက်စွမ်းအားရဲ့
အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပါတယ်။

ရေဘဝဲ၏ အာရုံကြောစနစ်တွင် ဗဟိုဦးနှောက် ပါ၀င်သော်လည်း ၎င်း၏ အာရုံကြော ငါးပုံသုံးပုံကို လက်ရှစ်ချောင်းဆီ ဖြန့်ဝေထားပြီး ၎င်းတို့ဟာ ဦးနှောက် အသေးလေးရှစ်ခုဖြင့် အလုပ်လုပ်ပါတယ်။

အင်း ၊ ဒီလောက်ထက်မြက်တာလဲ မထူးဆန်းပါဘူး။

ရေဘဝဲများကို သိပ္ပံဓာတ်ခွဲခန်းများထဲသို့ ခေါ်စမ်းသပ်တဲ့အခါ တူညီတဲ့ ထက်မြက်မှုကို ပြပါတယ်။ ရေဘဝဲများဟာ ယူနီဖောင်းဆင်တူ၀တ်ဆင်ထားသော လူတစ်ဦးချင်းစီကို မှတ်မိနိုင်ကြောင်း သုတေသီများက အတည်ပြုနိုင် ခဲ့ပါတယ်။

အမှန်တကယ်တော့ တိရိစ္ဆာန်တွေဟာ သူတို့ကို အစာကျွေးတဲ့လူ နဲ့ သူတို့ကိုအမွှေးအမျှင်ပါတဲ့ တုတ်တွေနဲ့ ဆက်ဆံတဲ့ လူကို ဆက်ဆံတဲ့နေရာမှာ အကျင့်စရိုက်ချင်း မတူပါကြပါဘူး။ လူသားတွေဟာလည်း ဒီလို ကြိမ်းသေဖြစ်မှာ သေချာပါတယ်။

(၈) ခို

မြောက်အမေရိက မှာရှိတဲ့ အဓိကမြို့ကြီးအများစုမှာ ခိုများပေါများကြသော်လည်း လူအများစုက ၎င်းတို့ကို ပိုးမွှားများ လိုသာ ထင်မြင်ကြပါတယ်။

သို့သော်လည်း နေရာအနှံ့မှာရှိနေတဲ့ ဒီငှက်တွေဟာ တကယ်ကို ထက်မြက်​ကြပါတယ်။

အကြောင်းမှာ ခို​တွေဟာ အသိဉာဏ်စွမ်းရည် နဲ့ ပတ်သတ်ပြီး ကြွယ်ဝတဲ့ဗဟုသုတများစွာလည်းရှိကြပြီး မရေမတွက် နိုင်သော သိပ္ပံနည်းကျ စမ်းသပ်မှုများရဲ့ ဘာသာရပ်များ ဖြစ်ခဲ့ကြပါတယ်။

ဥပမာ ခိုတွေဟာ နှစ်ပေါင်းများစွာ ကုန်လွန်ပြီးသည့်တိုင် ရာနှင့်ချီသော ရုပ်ပုံများကိုမှတ်မိနိုင်ပါတယ်။ မှန်ထဲမှာလည်း သူတို့ကိုယ်သူတို့ မှတ်မိနိုင်ပါတယ်။

လှုပ်ရှားမှုတွေကို အစဥ်လိုက် လုပ်ဆောင်နိုင်ပြီး ပန်းချီကားနှစ်ချပ်ကြား မတူညီတာတွေကိုလည်း ခွဲခြားသင်ယူနိုင်ခဲ့ပါတယ်။

ဒါဟာ သာမာန်ငှက်တစ်ကောင်အတွက် တော်တော် အထင်ကြီးစရာ ကောင်းတဲ့ အချက်ဘဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒါတွေဟာ အပေါ်ယံမျှသာ ရှိပါသေးတယ်။ ကမ္ဘာတစ်၀န်းမှာရှိတဲ့ အစိုးရများ နှင့် စစ်ဘက်များက ခိုများကို အသုံးပြုခဲ့သည့် အကြောင်း အရင်းတစ်ခုရှိပါတယ်။

နည်းပညာမတိုးတက်ခင်က ဒီခိုတွေဟာ ကမ္ဘာစစ်နှစ်ခုလုံးမှာ ရန်သူစစ်တန်းလျားတွေရဲ့နောက်မှာ အရေးပါတဲ့သတင်းတွေကို သယ်ဆောင်လာ​ပေးခဲ့ကြပါတယ်။

ကင်မရာသေးသေးလေးများ တပ်ဆင်ထားသော အခြားခိုများဟာလည်း သတင်းအချက်အလက်များ စုဆောင်းရန် ရန်သူ၏နယ်မြေများကို ကျော်ဖြတ်၍ ပျံသန်းခဲ့ကြတာ တွေ့ရပါတယ်။

ဒါကြောင့် သင်ရဲ့အနီးအနားဝန်းကျင်က မြေပေါ်မှာ ခိုတွေ တစ်စုံတစ်ခုကို နှုတ်သီးနဲ့ ကိုက်ထားတာကို တွေ့တဲ့အခါ ပေါ့သေးသေးမထင်ပါနဲ့။

အကြောင်းက ခိုတွေမှာ ပုံမှန် ငှက်ဦးနှောက် ရှိတာမဟုတ်ဘဲ ဉာဏ်ကောင်းတဲ့ကောင်တွေ ဖြစ်​ကြလို့ပါ။

(၇)ရှဥ့်

ရှဥ့်လေးတွေရဲ့ မဆုတ်မနစ်သောကြိုးပမ်းမှု နှင့် မှတ်ဉာဏ်ကောင်းမှုတွေဟာ ၎င်းတို့ နယ်နမိတ် တစ်လျှောက်ရှိ ဥယာဥ်မှူးများအတွက်တော့ ဘေးဆိုးများ ဖြစ်စေပါတယ်။

ရှဉ့်အများစုဟာ သူတို့ရဲ့ရှင်သန်မှုကို အထောက်အကူဖြစ်စေတဲ့ အထင်ကြီးစရာကောင်းတဲ့ လှည့်ကွက်များ နှင့် ဗျူဟာများကို လုပ်​ဆောင်ကြပါတယ်။

ဒါဟာ သုတေသီတွေက ဉာဏ်နီဉာဏ်နက်များမှု နှင့် ဉာဏ်ရည်အဆင့်မြင့်မားမှုကို ပြသတယ်ဟု ယုံကြည်နေကြပါတယ်။

အစပိုင်းမှာတော့ ဒီလိမ်မာပါးနပ်ကြတဲ့ ရှဥ့်လေးတွေဟာ တောအုပ်အတွင်းမှာ​​​နေကြတဲ့ တိရိစ္ဆာန်များ ဖြစ်ကြပါတယ်။

နောက်ပိုင်းမှာ လူသားများနှင့် အတူတကွနေထိုင်ခြင်း၊ ငှက်စာကျွေးသူများရဲ့ အစာစားခြင်း ၊ ပန်းခြံဥယာဥ်များ နှင့် အနီးတဝိုက်က အစာတွေကို ရှာဖွေစားသောက်ခြင်းဖြင့် နေသားတကျဖြစ်လာပါတယ်။

သင်ဟာ “Ice Age” ရုပ်ရှင်တွေကိုကြိုက်နှစ်သက်သူ ဖြစ်တယ်ဆိုပါက Scrat အတွက် ဝက်သစ်ချသီးကဘယ်လောက်အရေးကြီးလဲ သိမှာပါ။ ဒါပေမဲ့ တကယ့်လက်တွေ့ရှဥ့်တွေကတော့ အဲ့လိုမဟုတ်ပါဘူး။

အရှေ့ဘက် မီးခိုရောင်ရှဥ့်တွေဟာ အစာတွေကိုဖွက်ဖို့ တွင်းတူးဟန်ပြပြီး သူတို့အစာတွေကို သိုလှောင်ဖို့ တခြားလျို့ဝှက်နေရာများဆီ ထွက်ပြေးကြပါတယ်။

ဒါဟာ လှည့်ဖျား သိမ်းဆည်းခြင်းဟု လူသိများပြီး သူတို့အစာခိုးဖို့အလားအလာရှိတဲ့သူတွေကို မျက်စိမှောက်အောင် ပြုလုပ်ကြပါတယ်။

တစ်ဖက်မှာလည်း သစ်ပင်ရှဥ့်များဟာ “spatial chunking”ဆိုတဲ့နည်းပညာကို အသုံးပြု၍ သူတို့၏ အခွံမာသီးများကို အရွယ်အစား ၊ အမျိုးအစား နှင့် အရသာအလိုက် အမျိုးတူရာကို စုပုံ ကြပါတယ်။

ဒါဟာ သူတို့ဗိုက်ဆာတဲ့အခါ သူတို့လိုချင်တာကို ရှာဖို့ ကူညီပေးပါတယ်။

ရှဥ့်​လေးတွေဟာ ​အချိန်အတိုင်းအတာတစ်ခုအထိ အစာကို သိုလှောင်ရန် နှင့် ကွယ်ဝှက်ထားနိုင်​ကြပြီး နောက်လပေါင်းများစွာအကြာမှ သူတို့ဝှက်ထားသော အစာများကိုတွေ့နိုင်ပါတယ်။

(၆) ဝက်

ဝက်တွေဟာ အစားကြီးခြင်း နှင့် တစ်ကိုယ်ရေ သန့်ရှင်းမှု ညံ့ဖျင်းမှုတွေကြောင့် နာမည်ကြီးသော်လည်း သူတို့တွေဟာ အမှန်တကယ် ဥာဏ်ရည်ထက်မြက်သော တိရိစ္ဆာန်များ ဖြစ်ပါတယ်။

ဝက်တွေဟာ ပြည်တွင်းမွေးမြူရေး နှင့် တောရိုင်းမျိုးစိတ် နှစ်ခုလုံးဟာ ကွဲပြားခြားနားသော ဂေဟစနစ်အခြေအနေများ နှင့် လိုက်လျော ညီထွေဖြစ်အောင် လုပ်ဆောင်နိုင်စွမ်းရှိတာကြောင့် လူသိများကြပါတယ်။

တခြားအပင်စား တိရိစ္ဆာန်များနဲ့မတူဘဲ ဝက်တွေနဲ့ သူအမျိုးတွေဟာ အစုံစားသတ္တဝါများဖြစ်ကြပြီး တစ်ခါတစ်ရံ ပိုးကောင်များ နှင့် မွှားကောင်များကို စားသုံးကြပါတယ်။ ကမ္ဘာတစ်ဝှမ်း ဝက်တွေကို တွေ့ရှိခဲ့တဲ့ နေရာတိုင်းမှာ ဇာတိမျိုးစိတ်များကို ယှဥ်ပြိုင်လေ့ရှိပါတယ်။

အမှန်တော့ ဝက်ကလေးငယ်တွေဟာ သူတို့ရဲ့ဝှက်ထားတဲ့အစာပန်းကန်ဆီကို မှန်တွေကိုသုံးပြီး လမ်းကြောင်းရှာဖို့ သင်ယူနိုင်ပါတယ်။

သုတေသီတွေဟာ အစာခွက်ကို မမြင်နိုင်တဲ့အကာအကွယ်တစ်ခုနောက်မှာထားပြီး မှန်ကိုတော့ အကာအကွယ်နောက် အစာခွက်ကို မြင်အောင်ထားလိုက်တဲ့အခါ ဝက်ကလေးရှစ်ကောင်မှာ ခုနှစ်ကောင်ဟာ အစာခွက်ကို ရှာတွေ့ခဲ့ကြပါတယ်။

ဝက်​တွေဟာ ငါးနာရီအတွင်းမှာ ရောင်ပြန်ဟပ်မှုသဘောတရားကို ဖြေရှင်းနိုင်ရုံတင်သာမကဘဲ သူတို့ကို ပေးတဲ့ညွှန်ကြားချက်တွေကိုလည်း နားလည်နိုင်​ကြပါတယ်။

အမေရိကန်မှာ ပြည်တွင်းမွေးမြူရေးဝက်တွေ အိမ်မွေးတိရစ္ဆာန် ဖြစ်လာတဲ့အကြောင်းအရင်းရှိပါတယ်။

ဝက်​လေးတွေဟာ ခွေးလေး ကြောင်လေးတွေလို လေ့ကျင့် ပေးနိုင်တာကြောင့်ဘဲ ဖြစ်ပါတယ်။

(၅) ကျီးကန်း

ယာဥ်အသွားအလာရှိနေတဲ့ အချိန် လမ်းဖြတ်ကူးခြင်းကို ” Jay Walking ” ဟုခေါ်ပါတယ်။

သို့သော်လည်း ကျီးများ နှင့် တခြား ကျီးကန်းအမျိုးအနွယ်ဝင်တွေဟာ လူတွေထက် မီးပွိုင့်အလင်းရောင်ပြောင်းလဲမှုကို စောင့်ဆိုင်းရတဲ့အရေးပါ ပုံကို သိရှိကြပါတယ်။

ဂျပန်နိုင်ငံမြို့ပြဒေသရှိကျီးကန်းများဟာ သစ်ပင်များမှ အခွံမာသီးများ စုဆောင်းပြီး ၎င်းအခွံမာသီးတွေကိုခွဲဖို့ ကားသွားကားလာရှိတဲ့ လမ်းတွေပေါ်မှာ ထားကြပါတယ်။

ထို့နောက် မီးပွိုင့်အလင်းရောင်ပြောင်းလဲရန် စိတ်ရှည်စွာစောင့်ဆိုင်းပြီး သူတို့ရဲ့ အာဟာရပြည့်ဝတဲ့ သရေစာကို ပြန်လည်ရယူရန်လမ်းပေါ်သို့ ပြန်လာခဲ့ကြပါတယ်၊ဒါဟာ တိရိစ္ဆာန်တွေ တီထွင်ဆန်းသစ်မှုရဲ့ အထင်ကြီးစရာကောင်းတဲ့ ဥပမာတစ်ခုဘဲ ဖြစ်ပါတယ်။

ကျီးကန်းတွေဟာ ငါးမျှားဖို့ ငါးမျှားချိတ်ပုံစံ ဝါယာကြိုးတစ်ချောင်းကို ကွေး၍ အသားတုံးတပ်ဆင်နိုင်သော ကိရိယာများကို ဖန်တီးနိုင်စွမ်းရှိပါတယ်။ လေ့လာမှုတစ်ခုအရ ကျီးကန်းတွေရဲ့ လေ့လာဆင်ခြင်နိုင်တဲ့ ဉာဏ်ရည်ဟာ ၇နှစ် ကလေးတစ်ယောက် ဉာဏ်ရည်မျိုးရှိပါတယ်။

ကျီးကန်းတွေဟာ လူဦးရေအလိုက် ဒေသိယစကားများကို ပြောဆိုဆက်ဆံနိုင်ကြပြီး ဂိမ်းများ နှင့် လှည့်ကွက်ကစားနည်းများကို အချင်း ချင်း ကစားနိုင်တာကို တွေ့ရပါတယ်။

(၄) ဆင်

ဆင်တစ်ကောင်ကို တွေ့တဲ့အခါ ပထမဆုံးသတိထားမိတာက သူတို့ရဲ့ကြီးမားတဲ့အရွယ်အစားဘဲ ဖြစ်ပါတယ်။

သို့သော် လူတွေအမြင်မှာတော့ ဆင်တွေဟာ နားရွက်ကြီးကြီးမားမားရှိပြီး သစ်ဆွဲရုံသပ်သပ် ထပ်မပိုကြပါဘူး။

တကယ်တော့ ဆင်တွေဟာ တော်တော်ယဥ်ကျေးတယ်၊ လိမ္မာတယ် ၊ စပ်စုကြတယ် ၊ အမှတ်တရကောင်းတွေကိုလည်း ရစေပါတယ်။

ဒီထက်ပိုတာက ဆင်တွေက ဆွေမျိုး ၃၀ အထိ ဆီးနံ့ကို မှတ်မိနိုင်ကြပါတယ်။ ဒါဟာ ဆင်အချင်းချင်း ခြေရာခံရာမှာ အသုံးဝင်ကြောင်း သက်သေပြ​နေတာဘဲ ဖြစ်ပါတယ်။

ဆင်တွေဟာ တောထဲမှာ သူတို့ရဲ့ အစာကို သန့်ရှင်းအောင် နည်းလမ်းမျိုးစုံနဲ့ ကိရိယာတွေ အသုံးပြုတဲ့နေရာမှာလည်း လူသိများကြပါတယ်။

သူတို့ဟာ လူတွေရဲ့ အမိန့်ကို နာခံနိုင်စွမ်းလည်း ရှိကြပါတယ်။ ၎င်းအပြင် ဆင်​တွေဟာ ၎င်းတို့၏အုပ်စုတွင်းရှိ အခြားအဖွဲ့ဝင်များ နှင့် အခြားမျိုးစိတ်များအား အလွန်ဂရုစိုက်ပြီး စာနာမှုအ​ပြည့်ရှိ​သော အလွန်အဆင့်မြင့်သောအသိဥာဏ်ရှိ​တဲ့ သတ္တဝါများ ဟု ယူဆလို့ရပါတယ်။

ဆင်များဟာ ကုန်းတွင်းတိရစ္ဆာန်များတွင် အကြီးဆုံး ဦးနှောက်ရှိပြီး လူသားတစ်ယောက် ဦးနှောက်ထက် သုံးဆကြီးပါတယ်၊ ဦးနှောက်ဟာ အလေးချိန် အားဖြင့် ၁၀.၅ ပေါင် (၄.၇ ကီလိုဂရမ်)အထိ ရှိကြပါတယ်။

ဆင်တွေရဲ့ ဦးနှောက်တွင် အာရုံကြောပေါင်း ၂၅၇ ဘီလီယံရှိပြီး ၎င်းဟာ သာမန်လူသား ဦးနှောက်ထက် သုံးဆပိုများပါတယ်။

ဆင်တွေဟာ ​မှန်ထဲမှာ သူတို့ကိုယ်သူတို့ မှတ်မိနိုင်ပြီး သူတို့၏ သေဆုံးသွားသော ဆွေမျိုးများ အပေါ်မှာလည်း ဝမ်းနည်းခြင်း လက္ခဏာများကို ပြသကြပါတယ်။

(၃) Orangutan လူဝံ

လူဝံကြီးများကို လူသားများနောက် အထူးချွန်ဆုံးသတ္တဝါများဟု သတ်မှတ်ကြပါတယ်။

လူသားတွေဟာ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဘက်လိုက်ကြပါတယ်။ ဒါပေမဲ့ လူဝံကြီးတွေရဲ့ အသိဉာဏ်စွမ်းရည် ကတော့ ငြင်းဆိုရခက်ပါတယ်။

လူဝံကြီးတွေဟာ လူသား DNA နဲ့ ၉၆% အထိ တူညီပါတယ်။ လူဝံတွေဟာ ဦးနှောက် အခန်းကဏ္ဍတွေမှာ ပါရမီရှင်ဖြစ်ခြင်းကြောင့် နာမည်ကြီးပါတယ်။

အမှန်တော့ သူတို့တွေဟာ လူသားများကဲ့သို့ ကုန်ပစ္စည်းများကို ဖလှယ်တဲ့အခါ ကုန်ကျစရိတ်နဲ့ အကျိုးကျေးဇူးကို ချိန်ဆ နိုင်ကြပါတယ်။

လူဝံများဟာ သန်စွမ်းကြပြီး ဆက်သွယ်ရေးစနစ်များလည်း ရှိကြပါတယ်။ များစွာသော လူဝံတွေကို တောထဲမှာ ပစ္စည်းကိရိယာများ အသုံးပြုနေကြတာကို တွေ့နိုင်ပါတယ်။

လေ့လာမှုတစ်ခုအရ အရွယ်ရောက်ပီးသား လူဝံတစ်ကောင်ဟာ ကလေးတွေထက် ပစ္စည်းကိရိယာတွေကို ပိုမို ကိုင်တွယ်သုံးစွဲနိုင်တာကို တွေ့ရပါတယ်။

ဒီအသိဉာဏ်ရှိတဲ့ တိရိစ္ဆာန်တွေဟာ လူမှုအသိုင်းအဝိုင်းများတွင် ကျယ်ကျယ်ပြန့်ပြန့်နေထိုင်နိုင်ကြပြီး သူတို့ရဲ့ အဆင့်မြင့်သိမြင်မှု စွမ်းရည်အတွက် အဓိကသော့ချက်ဖြစ်တဲ့ ခိုင်မာတဲ့ လူမှုနှောင်ကြိုးများ တည်ဆောက်ထားပါတယ်။

အမတွေဟာ သူတို့ရဲ့ ငယ်ရွယ်တဲ့ကလေးငယ်များနဲ့ နှစ်ပေါင်းများစွာ အတူရှိနေကြပြီး တောထဲမှာ ရှင်သန်နေထိုင်ရန် သင်ကြားပေးကြားကြပါတယ်။ ကံမကောင်းစွာဖြင့် တောထဲမှာ လူဝံ ၅၅၀၀၀ နဲ့ ၆၅၀၀၀ ကြားဟာ မျိုးသုန်းမှု အန္တရယ်နဲ့ ရင်ဆိုင်နေကြရပါတယ်။

(၂) လင်းပိုင်

ငါးပြတိုက်အများစုမှာ လင်းပိုင် နဲ့ ဝေလငါး တွေဟာ ဘာကြောင့် စူပါစတားဖြစ်နေတာကို သင်တွေးဖူးသလား။

ဘာလို့လဲဆိုတော့ သူတို့ဟာ ကမ္ဘာပေါ်မှာရှိတဲ့ တခြားမည်သည့် သတ္တဝါတွေထက်မဆို ထက်မြက်လို့ဘဲ ဖြစ်ပါတယ်။

ဒါပေမယ့် Flipper နဲ့ Willy တို့ ပါဝင်တဲ့ ရုပ်ရှင်တွေကိုကြည့်ဖူးရင် မင်းဒါကိုသိပြီးလောက်ပါပြီ။

လင်းပိုင်​တွေဟာ အလွန်လူမှုဆက်ဆံရေးကောင်းသောတိရစ္ဆာန်များ ဖြစ်ကြပါတယ်။

ကမ္ဘာသမုဒ္ဒရာထဲမှာရှိတဲ့ လင်းပိုင်ကျောင်းတွေမှာ လင်းပိုင်တွေကို ရေလွှာလျောစီးတာ​တွေ၊ ပြိုင်ပွဲတွေ ၊ခုန်တာတွေ ၊ လှည့်ပတ်တာတွေ ၊ လေချွန်တာတွေ နဲ့ တခြားနည်းလမ်းများဖြင့် ပျော်မွေ့နေတာတွေကို တွေ့နိုင်ပါတယ်။

လင်းပိုင်တွေဟာ လူသားများနှင့် ပြေလည်အောင် စတင်ခဲ့သော်လည်း သူတို့မှာ ခေတ်မှီတဲ့ ဘာသာစကားလည်း ရှိကြပါတယ်။

ကမ္ဘာပေါ်ရှိ အသိဥာဏ်အရှိဆုံးတိရိစ္ဆာန်များကဲ့သို့ လင်းပိုင်အမများဟာလည်း သူတို့၏ ကလေးငယ်များ နှင့် နှစ်ပေါင်းများစွာအတူရှိနေကြပြီး သူတို့ကို လှည့်ကွက်များကို သင်ကြားပေးပါတယ်။

လင်းပိုင်တွေဟာ သူတို့ပတ်ဝန်းကျင်ရှိ ကိရိယာများ အသုံးပြုနိုင်ပြီး လူသားသင်တန်းဆရာရဲ့ အပြုအမူ အမိန့်များကို အထင်ကြီးစရာကောင်းလောက်အောင် သင်ယူနိုင်တာကို တွေ့ရပါတယ်။

အမှန်တော့ အမေရိကန်ရေတပ်ဟာ ရေအောက်ပေါက်ကွဲစေတတ်သော မိုင်းများကို ရှာဖွေရန် Bottlenose လင်းပိုင်များကို လေ့ကျင့်ပေးခဲ့တာ တွေ့ရပါတယ်။

လင်းပိုင်တစ်ကောင်ရဲ့ ဦးနှောက်ဟာ သူတို့ရဲ့ခန္ဓာကိုယ်အရွယ်အစားနဲ့စာရင် မျှော်မှန်းထားတာထက် လေးဆကနေငါးဆအထိ ပိုကြီးပါတယ်။

သူတို့ဟာ မှန်ထဲမှာ သူတို့ကိုယ်သူတို့ မှတ်မိနားလည်နိုင်ပြီး ညွှန်ကြားချက်များကို လိုက်နာနိုင်ပါတယ်။ လင်းပိုင်တွေမှာ sonar တွေ တည်ဆောက်ထားတဲ့ DNA လဲ ပါရှိပါတယ်။

(၁) ချင်ပန်ဇီ

ကျွနိုပ်တို့ရဲ့ထူးချွန်ထက်မြက်သော တိရိစ္ဆာန်များ စာရင်းတွင် ထိပ်ဆုံးမှာ ရပ်တည်နေတာကတော့ ချင်ပန်ဇီ ဘဲ ဖြစ်ပါတယ်။

ချင်ပန်ဇီ တွေရဲ့ အထင်ကြီးစရာကောင်းတဲ့ အသိဉာဏ်စွမ်းရည်တွေဟာ လူတွေကို အကြာကြီးဆွဲဆောင်စေပါတယ်။

ချင်ပန်ဇီတွေဟာ လူသားများနှင့် ဆက်သွယ်ရန် လက်ဟန်ပြဘာသာစကားကို သင်ယူနိုင်ပြီး သူတို့မတွေ့တာကြာပြီဖြစ်တဲ့ လူတစ်ဦးချင်းစီရဲ့ နာမည်သင်္ကေတတို့ကို မှတ်မိနိုင်စွမ်းရှိကြပါတယ်။

ဤစာရင်းရှိ အခြားတိရစ္ဆာန်အချို့နှင့်ဆင်တူတာက ချင်ပန်ဇီများကလည်း မှန်ထဲမှာ ကိုယ့်ကိုကိုယ်မှတ်မိနိုင်ပြီး ပြုစုစောင့်ရှောက်တက်ခြင်း နှင့် ဝမ်းနည်းခြင်းစတဲ့ လက္ခဏာများကိုလည်း ပြကြပါတယ်။

ချင်ပန်ဇီတွေရဲ့ အံသြစရာကောင်းတဲ့အချက် အရာဝတ္တုတွေအတွက် သင်္ကေတတွေအသုံးနိုင်ခြင်း နဲ့ ရှုပ်ထွေးတဲ့ စိတ်ကူးတွေကို သင်္ကေတတွေအစဥ်လိုက်ပေါင်းစပ်အသုံးပြု ပြောဆိုနိုင်စွမ်း ရှိတာဘဲ ဖြစ်ပါတယ်။

အိုင်အိုဝါပြည်နယ်တက္ကသိုလ် နှင့် ကိန်းဘရစ်ချ်တက္ကသိုလ်မှ သုတေသီများဟာ တောထဲက ချင်ပန်ဇီတွေကို ရှာဖွေလေ့လာကြရာ အမဲလိုက်ဖို့ လှံကို အဆင့်ဆင့်ပြုလုပ်နိုင်စွမ်းရှိကြောင်း တွေ့ခဲ့ရပါတယ်။

ချင်ပန်ဇီတွေဟာ အခွံမာသီးများကို ခွဲရန် နှင့် သစ်တုံးပေါ်က ခြတွေကို ဖယ်ရန် ပစ္စည်းကိရိယာတွေ အသုံးပြုတတ်တာကြောင့် လူသိများပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *