MQ-25 T1 မောင်းသူမဲ့ ဆီတင်လေယာဉ် စမ်းသပ်မှုတွင် အမေရိကန် ရေတပ်၏ လေယာဉ်တင် သင်္ဘော အခြေပြု E-2D ကွပ်ကဲမှုနှင့် ထိန်းချုပ်ရေး လေယာဉ်အား အသုံးပြုခဲ့ပါတယ်။
ဩဂုတ်လ ၁၈ ရက်နေ့က အမေရိကန်အလယ်ပိုင်း စိန့် လူးဝစ် လေဆိပ်မှ စမ်းသပ်ပျံသန်းမှုအတွင်း အမေရိကန် ရေတပ် စမ်းသပ်မှုနှင့် အကဲဖြတ်မှု လေယာဉ်အုပ် VX-20 မှ MQ-25 T1 နှင့် ပတ်သက်သည့် အောင်မြင်သည့် စစ်တမ်းတခုကို ကောက်ယူနိုင်ခဲ့ပါတယ်။

“MQ-25 ဟာ E-2 အပါအဝင် ဝေဟင်မှ လောင်စာဖြည့်လို့ရတဲ့ လေယာဉ်တိုင်းကို ဆီဖြည့်နိုင်တာနဲ့ ဒီလေယာဉ်ဟာ ကျွန်တော်တို့ရဲ့ လေယာဉ်တင်သင်္ဘော အခြေပြု တိုက်လေယာဉ်အုပ်များနှင့် တိုက်ခိုက်ရေး သင်္ဘော အုပ်စု၏
အကွာအဝေးနှင့် စစ်ဆင်ရေး ပြင်လွယ် ပြောင်းလွယ်နိုင်မှုကို ကြီးကြီးမားမား တိုးတက်လာစေမှာ ဖြစ်တယ်”လို့ ရေတပ်၏ လေယာဉ်တင်သင်္ဘော မောင်းသူမဲ့လေယာဉ် စီမံကိန်း မန်နေဂျာ ဗိုလ်ကြီး Chad Reed မှ ပြောပါတယ်။
MQ-25 Stingray ကို လေယာဉ်တင်သင်္ဘောအုပ်စု၏ ကြိုတင်အချက်ပေး လေယာဉ်အုပ်တွင် တာဝန်ချထားဖို့ စီစဉ်ထားပြီး လက်ရှိတွင် E-2 C/D လေယာဉ်များ တာဝန်ထမ်းဆောင်နေပါတယ်။
“ဒစ်ဂျစ်တယ် နောက်ခံလူ” လို့အမည်ပေးထားတဲ့ E-2 C/D လေယာဉ်များဟာ ပူတွဲ စစ်ဆင်ရေး စီမံခန့်ခွဲမှုနှင့် ထိန်းချုပ်ရေး ကွပ်ကဲမှု များအတွက် အသုံးပြုနေတာ ဖြစ်ပါတယ်။
“ဒါဟာ MQ-25 ရဲ့ ဒီဇိုင်းဟာ အစီအစဉ်အတိုင်း လုပ်ဆောင်နေတာကို ပြနေတဲ့ နောက်ထပ် ကြီးကျယ်တဲ့ ပျံသန်းမှု တခုပါ။”
“ဒီ သမိုင်းဝင် MQ-25 ဝေဟင်ဆီဖြည့် ပျံသန်းမှုမှ ကျွန်တော်တို့ဟာ လေယာဉ်တင်သင်္ဘော အခြေပြု လေယာဉ်အုပ်ကို အပြောင်းအလဲကြီးတခု ဖြစ်စေတဲ့ လေယာဉ်ကို ထုတ်လုပ်နေတယ်ဆိုတဲ့ မယုံကြည်နိုင်လောက်တဲ့ အချက်အလက် ပမာဏကို ရရှိစေပါတယ်။”
လို့ ဘိုးအင်း ကုမ္ပဏီမှ MQ-25 Stringray မောင်းသူမဲ့လေယာဉ် စီမံကိန်း ဒါရိုက်တာ ဖြစ်တဲ့ Dave Bujold မှ မှတ်ချက်ချ ခဲ့ပါတယ်။
ဒါဟာ ဒီနွေရာသီအတွင်း MQ-25 အဖွဲ့၏ ဒုတိယမြောက် ဝေဟင်ဆီဖြည့်မှု ပြုလုပ်ခြင်း ဖြစ်ပြီး ဇွန်လ ၄ ရက်နေ့က MQ-25 T1 ဟာ ပထ မဆုံး အနေဖြင့် လေယာဉ်တင် သင်္ဘောအခြေပြု တိုက်လေယာဉ် F/A-18 Super Hornet တစင်းကို ဆီဖြည့် စမ်းသပ်ခဲ့ပါသေးတယ်။

ဘိုးအင်း ကုမ္ပဏီဟာ လက်ရှိမှာ MQ-25 စမ်းသပ်မှု လေယာဉ် ၇ စင်းအနက် ပထမ ၂ စင်းကို ထုတ်လုပ်လျှက်ရှိပြီး စာချုပ်အရ ၂ စီး မြေ ပြင်စမ်းသပ်မှု ပြုလုပ်နေပါတယ်။ ကုမ္ပဏီပိုင် MQ-25 T1 စမ်းသပ်မှုဟာ ဤလေယာဉ်များအတွက် ရှေ့ဆောင်လမ်းပြ ဖြစ်ပါတယ်။
MQ-25 ဟာ မော်ဒယ်လ် အခြေပြု ဒစ်ဂျစ်တယ် အင်ဂျင်နီယာပိုင်းနှင့် ဒီဇိုင်းပိုင်းများအတွက် အဆင့်မြင့်လာဖို့ မြှင့်တင်ပေးနေပြီး ဆက် လက် ပျံသန်းမယ့် စမ်းသပ်မှုများဟာ လေယာဉ်၏ ဒီဇိုင်း နှင့် စွမ်းဆောင်ရည်ကို ပုံမှန် သမားရိုးကျ စီမံကိန်းများထက် အများကြီး လွယ်ကူဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
ဇွန်လက MQ-25 စမ်းသပ်မှုကို ကျွန်တော်တို့ Knowledgeworms တွင် “ကမ္ဘာ့ ပထမဆုံး မောင်းသူမဲ့ ဝေဟင်ဆီဖြည့် လေယာဉ် MQ-25A” ဟူသည့် ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။