MQ-9 drone များတွင် အလိုအလျှောက် ပျံသန်းမှု စမ်းသပ်အောင်မြင်

Military Tech

အမေရိကန်လေတပ်မှ ဟိုလိုမန် လေတပ်အခြေစိုက်စခန်းတွင် ပထမဆုံးသော အလိုအလျှောက် ပျံတက်မှုနှင့် ဆင်းသက်မှုများကို မောင်းသူမဲ့လေယာဉ် MQ-9 Reaper ဖြင့် အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

မကြာသေးမီက လေတပ်၏ သတင်းများအရ MQ-9 Reaper ဟာ နီဗားဒါးရှိ ခရိချ် လေတပ်အခြေစိုက်စခန်းမှ ပျံတက်ကာ ဟိုလိုမန် လေ တပ်အခြေစိုက် စခန်းတွင် ဆင်းသက်ခဲ့ပြီး ဒီပျံသန်းမှုဟာ လုံးဝ လူထိန်းချုပ်မှုမပါတဲ့ အလိုအလျှောက်စနစ်ဖြင့် မောင်းနှင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ့ ဇူလိုင်လ ၈ ရက်နေ့က အောင်မြင်စွာ ပျံသန်းနိုင်ခဲ့တဲ့ စမ်းသပ်မှုကို ခရိချ် လေတပ် အခြေစိုက် စခန်းရှိ အမှတ် ၅၅၆ စမ်းသပ်ရေးနှင့် သုံးသပ်ရေး အုပ် မှ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ဂြိုဟ်တု ဆက်သွယ်ရေး စနစ်ကို အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို စမ်းသပ်နေချိန်မှာပဲ အမှတ် ၄၉ စစ်ဆင်ရေး အဖွဲ့မှ လေယာဉ်အား အရေးပေါ် အခြေအနေတွင် ဆက်လက် ထိန်းချုပ်နိုင်ရန် ရေဒီယို ဆက်သွယ်ရေးလိုင်းတခု အရံအနေဖြင့် ထားရှိပေးထားခဲ့ပါတယ်။

ထိုကဲ့သို့ ဆောင်ရွက်ခဲ့မှုကို “ယခင်က MQ-9 များဟာ ထိန်းချုပ်မောင်းနှင်သူ နှင့် မြင်ကွင်းအတွင်းမှာသာ ဆင်းနိုင် တက်နိုင်သာဖြစ်ပြီး ယခုအခါမှာတော့ သီအိုရီအရ ပြေးလမ်းသာ လုံလောက်တဲ့ အရှည်ရှိပါက မည်သည့်နေရာမဆို တက်နိုင် ဆင်းနိုင်မှာ ဖြစ်တယ်”

လို့ အမှတ် ၄၉ စစ်ဆင်ရေးအဖွဲ့မှ လက်ထောက်တပ်မှူးဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီး နေသန်နီရယ် က ပြောပါတယ်။

စွမ်းဆောင်နိုင်မှု အသစ်ကို အောင်မြင်စွာ သရုပ်ပြခြင်း မပြုလုပ်မီ လေတပ်ပိုင် ဒီ မောင်းသူမဲ့လေယာဉ်ဟာ ထိန်းချုပ်နည်း ၂ ခုကို အသုံး ပြုခဲ့ပါတယ်။

အဲဒါတွေကတော့ မျက်မြင်အနေအထားမှာ ပျံတက်ခြင်း နှင့် ပြန်လည် ဆယ်တင်သည့် လုပ်ဆောင်မှု နှင့် မည်သည့် အကွာအဝေးကိုမဆို ဂြိုလ်တု ဆက်သွယ်ရေးကို အသုံးပြုပြီး စစ်ဆင်ရေးများ ဆောင်ရွက်ခြင်းတို့ ဖြစ်ပါတယ်။

ဒီလို စွမ်းဆောင်နိုင်မှုဟာ အသစ်အဆန်းတော့ မဟုတ်ပေမယ့် လေကြောင်းပညာရေး၊ လေ့ကျင့်ရေးဌာနနှင့် လေတပ်တိုက်ခိုက်ရေး ဌာနတို့အတွက်တော့ အသစ်အဆန်း တခုပဲ ဖြစ်ပါတယ်။

အလိုအလျှောက်စနစ်များကို နောက်ပိုင်းတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုလာနိုင်ပါက မောင်းသူမဲ့လေယာဉ်များဟာ အခြား လူမောင်းနှင်သည့် လေယာဉ်များကဲ့သို့ မည်သည့် နေရာမှမဆို ပျံသန်းနိုင် ဆင်းသက်နိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် အလိုအလျှောက်စနစ် ဖြစ်သဖြင့် ယခင်ကဲ့သို့ ပျံတက်ရာနှင့် ဆင်းသက်ရာတွင် လိုအပ်သော အဖွဲ့အများကို အရေအတွက် များစွာ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

ယခုလို တိုးတက်လာသော စွမ်းရည်ကြောင့် MQ-9 Reaper များဟာ ကမ္ဘာ့ပေါ်ရှိ မည်သည့်နေရာတွင်မဆို မဟာဗျူဟာအရ သက်ရောက် မှု ရှိစေလာမှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေမှာ MQ-9 များဟာ အမေရိကန်ဗဟိုစစ်ဆင်ရေး နယ်မြေရှိ လေယာဉ်ကွင်းများမှ တဆင့် ပျံသန်းခြင်း၊ တိုက်ခိုက်ခြင်းနှင့် အနိုင်ရယူခြင်းများကို အလွန် ထိရောက်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။

အခုတော့ MQ-9 များဟာ ယခင်ကထက် ပိုမိုရောက်ရှိလာနိုင်သည့်အပြင် လေတပ်နှင့် လုံးဝကိုက်ညီသည့် အလိုအလျှောက် ပျံတက်ခြင်းနှင့် ဆင်းသက်ခြင်း လုပ်ငန်းများကိုပါ ဆောင်ရွက်လာနိုင်ပြီ ဖြစ်ပါတယ်။

ဒါ့ကြောင့် အမေရိကန်၏ ရန်သူများအနေဖြင့် ဒီလို သမ္မတအမိန့်ပေးတိုင်း မည်သည့် နေရာမဆို သွားရောက် စစ်ဆင်နိုင်တဲ့ အလွန် စွမ်းဆောင် နိုင်ပြီး၊ အလွန် ဖမ်းရခက်ခဲတဲ့ မောင်းသူမဲ့လေယာဉ်မျိုးကို ရင်ဆိုင်ရမှာဖြစ်တယ်လို့ နသန်နီရယ် တော့တ်တန်က ပြောကြားခဲ့ပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *