ဂီတကို တီးခတ်တဲ့အခါ ကျွန်ုပ်တို့ခွေးလေးတွေရဲ့ ဂီတအရသာကို ခံစားနေတယ်လို့ တွေးဖူးပါသလား။
တကယ်လို့ ကျွန်ုပ်တို့ရဲ့ အိမ်မွေးခွေးလေးတွေက စိတ်ဖိစီးနဲ့ ပုံစံပြနေမယ်ဆိုရင် ကျွန်ုပ်တို့အနေနဲ့ Bob Marley သို့မဟုတ် John Denver တို့ရဲ့ သီချင်းတွေကို ဖွင့်ပြပေးဖို့ လိုအပ်မှာ သေချာပါတယ်။
Glasgow တက္ကသိုလ်မှ သုတေသီတွေဟာ တိရစ္ဆာန်များ ရက်စက်ကြမ်းကြုတ်မှု တားဆီးကာကွယ်ရေး စကော့တလန်အသင်း (SPCA) နှင့် တွဲဖက်ပြီး ဂီတအမျိုးအစား အမျိုးမျိုးဖြင့် ခွေးလေးတွေရဲ့ စိတ်ဖိစီးမှုအဆင့်ကို ဘယ်လို အကျိုးသက်ရောက်မှုရှိသလဲဆိုတာကို ကြည့်ရှုဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။
စမ်းသပ်မှု ဆက်တိုက်မှာဆိုရင် ခွေးလေးတွေကို Spotify အစီအစဉ်များမှ ဂန္တဝင်၊ ရက်ဂေး၊ အပျော့စား ရော့ခ်၊ ပေါ့ပ်နှင့် Motown သီချင်းများစွာကို နားထောင်စေခဲ့ပါတယ်။

သီချင်းအမျိုးအစားတစ်ခုစီကို စမ်းသပ်နေချိန်အတွင်း သုတေသီတွေဟာ ခွေးလေးတွေရဲ့ နှလုံးခုန်နှုန်း ပြောင်းလဲမှုနှင့် cortisol levelကို စောင့်ကြည့်ပြီး ခွေးလေးတွေရဲ့ စိတ်ဖိစီးမှုအဆင့်ကို တိုင်းတာခဲ့ကြပါတယ်။
သီချင်းဖွင့်နေချိန် ခွေးတွေ လဲလျောင်းနေသလား ဒါမှမဟုတ် ဟောင်နေသလား ဆိုတာကိုလည်း သူတို့ စောင့်ကြည့်နေခဲ့ပါတယ်။
သုတေသီတွေ ဘယ်လိုတေးဂီတကိုမဆို တီးခတ်နေပါစေ ခွေးလေးတွေဟာ အနည်းနဲ့အများ “စိတ်ဖိစီးမှု” နည်းပါးကြောင်း တွေ့ရှိခဲ့ရပါတယ်။
Motown အမျိုးအစားဟာ နောက်ဆုံးတွင် ပါဝင်လာသဖြင့် ရက်ဂေးနှင့် အပျော့စား ရော့ခ်ကို အနည်းငယ် ဦးစားပေးပြသထားပုံရပါတယ်။
“ခွေးတစ်ကောင်ချင်းစီအပေါ်မှာ မတူကွဲပြားစွာ တုံ့ပြန်ပုံချင်း မတူတာကို ကျွန်တော်တို့ တွေ့ခဲ့ရတယ်” ဟု ဇီဝကမ္မဗေဒ ပါမောက္ခ Neil Evans က ဆိုပါတယ်။

လူသားတွေလိုပဲ ဂီတအမျိုးအစားအမျိုးမျိုးအတွက် နှစ်သက်မှုတွေဟာ ခွေးအချို့ရဲ့ ပုဂ္ဂိုလ်ရေးအရ နှစ်သက်မှုတစ်ခု ဖြစ်နိုင်တယ်ဟုလည်း ဆိုပါတယ်။
လေ့လာမှုပြုလုပ်တဲ့ နေရာသစ်ဟာ ခွေးလေးတွေအတွက် မရင်းနှီးတဲ့ ပတ်ဝန်းကျင်ဖြစ်စေတဲ့အတွက်ကြောင့် ထိတ်လန့်စေပြီး စိတ်ဖိစီးမှုတွေ ဖြစ်စေပါတယ်။
ခွေးလေးတွေ စိတ်ဖိစီးလာတဲ့အခါ ဟောင်တာတွေ၊ ကုပ်နေတာတွေ၊ တွင်းတူးတာတွေ ပြုလုပ်လေ့ရှိပါတယ်။
လေ့လာမှုမှာဆိုရင် ခွေးလေးတွေအတွက် သီချင်းအမျိုးအစားတွေကို ဖွင့်ပြလိုက်တဲ့ခါ ဟောင်သံတွေရပ်သွားပြီး စိတ်ဖိစီးမှု လျော့နည်းသွားတာကို တွေ့ခဲ့ရပါတယ်။
ယခုအခါ စကော့တလန် SPCA ရဲ့ ဂေဟာမှာရှိတဲ့ ခွေးလေးတွေအတွက် တေးဂီတကို ဖွင့်ပေးနေပြီး သုတေသနပြုလုပ်တဲ့ အစီအစဉ်ကို ချဲ့ထွင်ဖို့လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ခွေးလေးတွေရဲ့ စိတ်ဖိစီးမှု လျော့ကျစေတဲ့ အချက်တွေ တွေ့ခဲ့ရတဲ့ အတွက်ကြောင့် စကော့တလန် SPCA ဟာ ၎င်းတို့၏ လှောင်အိမ် အားလုံးအတွက် အသံစနစ်တွေ တပ်ဆင်သွားမည်ဟု သိရပါတယ်။

အနာဂတ်မှာ စင်တာတိုင်းဟာ ကျွန်ုပ်တို့ရဲ့ ခြေလေးချောင်းပါတဲ့ သူငယ်ချင်းလေးတွေအတွက် ဒီသုတေသနဟာဆိုရင် ပရဟိတစောင့်ရှောက်မှုပြုလုပ်တဲ့နေရာမှာ များစွာ အထောက်အကူဖြစ်စေမှာ သေချာပါတယ်။
မြူးကြွတဲ့ သီချင်းလေးတွေက စိတ်ဖိစီးနေတဲ့ ခွေးလေးတွေကို ကူညီပေးနိုင်ပါတယ်။
The Simpsons and Temptations အတွက် သီချင်းရေးဆရာ Terry Woodford က ရိုးရှင်းတဲ့ လူ့အသံတွေကို သာမာန် တေးသွားများဖြင့် ရောစပ်ပြီး Canine Lullabies ကို ဖန်တီးခဲ့ပါတယ်။
Woodford က ခွေးလေးတွေဟာ သီချင်းများကို ရှုပ်ထွေးလွန်းတဲ့အတွက်ကြောင့် အနက်ပြန်ဆိုနိုင်ခြင်း မရှိကြောင်း ၎င်းရဲ့၀က်ဘ်ဆိုက်တွင် ပြောကြားခဲ့ပါတယ်။
သူတို့ဟာ ရိုးရှင်းပြီး အကျွမ်းတဝင်ရှိတဲ့ အမိန့်ပေးသည့် အသံများကို အာရုံစိုက်ပြီး စိတ်ဝင်စားကြတာ ဖြစ်ပါတယ်။
Woodford က သီချင်းသံတွေဟာ မလိုလားအပ်သော ဟောင်သံများကိုရပ်ဖို့၊ ညည်းတွားနေတဲ့ခွေးကလေးတွေကို ဖြေသိမ့်ပေးဖို့၊ ခွဲခွာခြင်းအတွက် စိုးရိမ်ပူပန်မှုကို လျှော့ချဖို့တို့အတွက် များစွာအထောက်အကူဖြစ်စေတယ်ဟု ဆိုပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။