ပဲမြစ်မြေပဲကပ်လေး စားကြမယ်

Food

ဆောင်းရာသီစာ ပဲမြစ်တွေပေါ်နေပြီဟုတ်…..

ပဲမြစ်မြေပဲကပ်လေးစားကြမယ်နော်။


ပါဝင်ပစ္စည်းများ -အားလုံးသိပြီးသားဖြစ်မှာပါ။ ရိုးရိုးရှင်းရှင်းလေးပါပဲနော်။


၁-ပဲမြစ် (၂၀)ကျပ်သား
၂-မြေပဲကြော်(သို့)လှော် (၁)ထမင်းစားဇွန်း
၃-ဆား (၁/၂)လဖက်စားဇွန်းတစ်ဝက်
၄-ဆီ တို့လိုအပ်ပါတယ်။


လုပ်နည်းကလဲအရမ်းလွယ်ပါတယ်။
ပထမဆုံး ပဲမြစ်တွေရေဆေးပြီး ၄၅မိနစ်ခန့်ပြုတ်ပါ။ ပြုတ်ထားတဲ့ပဲမြစ်တွေကိုထောင်းထားပါ။မြေပဲနှင့်ဆားကိုရောထောင်းပါ။ ထောင်းထားသောပဲမြစ်များကို တစ်ကိုက်စာအဝိုင်းလေးများပြုလုပ်ပြီး မြေပဲဆားထောင်းဖြူးပါ။ ဆီဆမ်းပြီးလျှင် အရသာရှိတဲ့ ရာသီစာ ပဲမြစ်မြေပဲကပ်လေးရပါပြီ။


(မှတ်ချက်!!!အဓိက ပြောချင်တာလေးတစ်ခုရှိပါတယ်။ ကျမတို့ မြန်မာလူမျိုးတွေဟာ အချိုအရမ်းကိုကြိုက်ကြပါတယ်။ ပဲမြစ်မှာသဘာဝအချိုဓာတ်ပါပြီးသားကိုမှ ထန်းလျှက်တွေထည့်ပြုတ်တက်ကြပါသေးတယ်။ သကြား ထန်းလျှက်စသဖြင့် အချိုဓာတ်ဟာ ကင်ဆာဝေဒနာရှင်တွေကို ကင်ဆာဆဲလ် တွေ ပိုတိုးလာစေပါတယ်။ ကင်ဆာဝေဒနာရှင်မဟုတ်တဲ့ ကျန်းမာနေတဲ့လူတွေအတွက်လဲ အချိုဓာတ်ဟာ စားတိုင်းမကောင်းပါဘူး။ မြန်မာ့ရိုးရာစာ မုန့်ဆီကြော် မုန့်လက်ကောက် စတဲ့အစားစာတွေမှာ ထန်းလျှက်က မဖြစ်မနေထည့်ရတာမို့ ပဲမြစ်လိုသဘာဝအချိုဓာတ်ရှိပြီးသား အစားစာတွေမှာ ထန်းလျှက်ထည့်ပြုတ်တာမျိုးကို ရှောင်ကျဉ်ကြစေချင်ပါတယ်နော်)

Zaw Gyi Font



ပါဝင်ပစ္စည်းများ-အားလုံးသိပြီးသားဖြစ်မှာပါရိုးရိုးရှင်းရှင်းလေးပါပဲနော်

၁-ပဲမြစ် (၂၀)ကျပ်သား
၎-ဆီ တို့လိုအပ်ပါတယ်


ပထမဆုံး ပဲမြစ်တွေရေဆေးပြီး ၄၅မိနစ်ခန့်ပြုတ်ပါ.ပြုတ်ထားတဲ့ပဲမြစ်တွေကိုထောင်းထားပါ.မြေပဲနှင့်ဆားကိုရောထောင်းပါ.ထောင်းထားသောပဲမြစ်များကို တစ်ကိုက်စာအဝိုင်းလေးများပြုလုပ်ပြီး မြေပဲဆားထောင်းဖြူးပါ.ဆီဆမ်းပြီးလျှင် အရသာရှိတဲ့ ရာသီစာ ပဲမြစ်မြေပဲကပ်လေးရပါပြီ.


(မှတ်ချက်!!!အဓိက ပြောချင်တာလေးတစ်ခုရှိပါတယ်.ကျမတို့ မြန်မာလူမျိုးတွေဟာ အချိုအရမ်းကိုကြိုက်ကြပါတယ်.ပဲမြစ်မှာသဘာဝအချိုဓာတ်ပါပြီးသားကိုမှ ထန်းလျှက်တွေထည့်ပြုတ်တက်ကြပါသေးတယ်.သကြား ထန်းလျှက်စသဖြင့် အချိုဓာတ်ဟာ ကင်ဆာဝေဒနာရှင်တွေကို ကင်ဆာဆဲလ် တွေ ပိုတိုးလာစေပါတယ်.ကင်ဆာဝေဒနာရှင်မဟုတ်တဲ့ ကျန်းမာနေတဲ့လူတွေအတွက်လဲ အချိုဓာတ်ဟာ စားတိုင်းမကောင်းပါဘူး.မြန်မာ့ရိုးရာစာ မုန့်ဆီကြော် မုန့်လက်ကောက် စတဲ့အစားစာတွေမှာ ထန်းလျှက်က မဖြစ်မနေထည့်ရတာမို့ ပဲမြစ်လိုသဘာဝအချိုဓာတ်ရှိပြီးသား အစားစာတွေမှာ ထန်းလျှက်ထည့်ပြုတ်တာမျိုးကို ရှောင်ကျဉ်ကြစေချင်ပါတယ်နော်)

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *