ပိရမစ်များနှင့် ပတ်သက်ပြီး ပဟေဠိ ဖြစ်နေဆဲ အချက်များ

History Knowledge

အီဂျစ် ဖာရိုဘုရင်တွေ လက်ထက်က ဂြိုဟ်သားတွေ ကမ္ဘာမြေပေါ် ရောက်ရှိဖူးတယ် လို့ အယူအဆ သမား အမျိုးမျိုးက အခိုင်အမာ ပြော ဆိုကြပါတယ်။

အီဂျစ်မှာ တိတိကျကျ ရှင်းပြလို့ မရတဲ့ အရာတွေ မရေမတွက်နိုင်အောင် ရှိပြီး အဓိက ကတော့ ဒီလိုအရာတွေ ဘယ်လို ဖြစ်လာတယ်ဆိုတာ ဘယ်သူမှ မသိကြလို့ပါ။

လူတော်တော် များများကတော့ ပိရမစ်တွေကို ဂြိုဟ်သားတွေက တည်ဆောက် ခဲ့တာလို့ ထင်မြင်ကြပြီး ဒါဟာ ကြီးမား ဆန်းပြားတဲ့ ပဟေဠိ တခု ဖြစ်နေပါတယ်။

အောက်ဖော်ပြပါ အချက်အလက်တွေ ကတော့ ပိရမစ်များနှင့် ရှေးဟောင်းအဆောက်အဦးများနှင့် ပတ်သတ်ပြီး လူအများ ထင်မြင်ချက်တွေ ပေးထားတဲ့ အချက်အလက် တွေပဲ ဖြစ်ပါတယ်။

အချက်အလက် ၁

ပိရမစ်များဟာ ဂူသင်္ချိုင်း တခုအနေနှင့်သာ မကဘဲ အခြား ကမ္ဘာများသို့ပါ သွားရောက်နိုင်တဲ့ လမ်းဝ တခုဖြစ်တယ်လို့ လူအများက ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ကြပါတယ်။

အဆိုပါ ပိရမစ်များ အောက်ခြေမှာ လျှို့ဝှက်ထားတဲ့ portal ကဲ့သို့ အခြား ကမ္ဘာသို့ ရောက်ရှိနိုင်မယ့် လမ်းဝတခု ရှိမယ်လို့ ယူဆ ကြပေမယ့် အခုထိတော့ မတွေ့သေးပါဘူး။

အချက်အလက် ၂

နောက်တချက်ကတော့ ဂြိုဟ်သားများဟာ အီဂျစ် ဘုရင်နှင့် ဘုရင်မများကို ပိရမစ်များ တည်ဆောက်သည့် နေရာတွင် ကြီးကြပ်နိုင်ဖို့ အထူး စွမ်းအားတွေ ပေးသွားတယ်လို့ ယုံကြည်ကြပါတယ်။

အချက်အလက် ၃

ပိရမစ်များကို တည်ဆောက်ရတဲ့ ရည်ရွယ်ချက်က ဂူသင်္ချိုင်းတခု အနေနဲ့ မဟုတ်ဘဲ အခြား အဓိက ရည်ရွယ်ချက်တခု ရှိနိုင် သေးပြီး ပဟေဠိ ဖြစ်နေဆဲ ဖြစ်ပါတယ်။

၎င်းတို့ကို တိကျစွာ တည်ဆောက်ထားပေမယ့် အဲဒီ့ခေတ်က အဲဒီလို တိကျမှုမျိုး ရှိနိုင်အောင် လုပ်ဆောင်နိုင်တဲ့ ကိရိယာတွေ မရှိသေးပါဘူး။

အချက်အလက် ၄

အီဂျစ် ရှေးဟောင်း အဆောက်အုံတခုဖြစ်တဲ့ Seti ဝတ်ကျောင်းတွင် ရဟတ်ယာဉ်တွေ၊ ရေငုပ်သင်္ဘောတွေ နှင့် အာကာသယာဉ်တွေကို ၎င်း၏ နံရံပေါ်တွင် ရေးဆွဲထားတာကို တွေ့ရပါတယ်။

ဒါ့ကြောင့် အဲဒီ့ ဝတ်ကျောင်းကို ဂြိုဟ်သားတွေက တည်ဆောက်ခဲ့ပြီး ဖာရိုဘုရင်များကို အနာဂါတ်နှင့် ပတ်သက်လို့ အသိပေးခဲ့တယ်လို့ ယုံကြည်ကြပါတယ်။

အချက်အလက် ၅

Benben stones လို့ခေါ်တဲ့ ပိရမစ် ထိပ်ပိုင်း ကျောက်တုံး အများစုဟာ ပျောက်ဆုံး နေကြပြီး ရှေးဟောင်း သုတေသန ပညာရှင်များနှင့် ကျွမ်းကျင်သူများဟာ ၎င်းတို့၏ တိကျတဲ့ နေရာကို မရှာဖွေနိုင်ခဲ့ကြပါဘူး။

ဒီလို ပိရိမစ်များ၏ ထိပ်ပိုင်း ကျောက်တုံးတွေပဲ ရွေးပြီး ပျောက်ဆုံးနေတာဟာ ထူးဆန်းနေပြီး ဒါဟာ တခုခု ပျောက်ဆုံး နေတယ်ဆိုတာကို ပြသနေပါတယ်။

အချက်အလက် ၆

လူတော်တော်များများက Giza ပိရမစ်ကြီးကို ကမ္ဘာ့အပြင်ဘက်မှ နည်းပညာများ အကူအညီဖြင့် တည်ဆောက်ခဲ့တယ်လို့ ယုံကြည်ထားပါတယ်။

အကြောင်းကတော့ ရှေ့မှာ ဖော်ပြထားခဲ့တဲ့ အတိုင်း အဲဒီ့ ခေတ်က လူများတွင် ယခုလောက် ကြီးမားသည့် အဆောက်အအုံများ တည် ဆောက် ဖို့ ရင်းမြစ်များ မရှိပါဘူး။

အချက်အလက် ၇

ရှေးဟောင်း သုတေသန ပညာရှင်နှင့် ကျွမ်းကျင်သူများဟာ ရှေးခေတ် ဖာရို ဘုရင်များ၏ သင်္ချိုင်းအခန်းများ၏ နက်နဲမှုများကို ဖော်ထုတ်နိုင်ဖို့ နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ကြပေမယ့် ၎င်းတို့၏ သမိုင်းကြောင်းနှင့် ပတ်သက်ပြီး ဘာမှ ရေရေရာရာ မသိရသေးပါဘူး။

အချက်အလက် ၈

ကျွမ်းကျင်သူ အတော်များများဟာ Giza ပိရမစ်၏ လူခြင်္သေ့ရုပ်ကြီး အောက်ခြေတွင် ထူးဆန်းတဲ့ မြေအောက်လမ်း တခုရှိတဲ့ အရိပ်အ ယောင်တွေ တွေ့ခဲ့ပေမယ့် အီဂျစ် အစိုးရဟာ အဲဒီ့နေရာကို တူးဖော်ခွင့် မပြုခဲ့ပါဘူး။

အချက်အလက် ၉

လူအများဟာ ပိရမစ် အတွင်းပိုင်းမှာ ရှာဖွေ မတွေ့သေးတဲ့ သို့မဟုတ် မဖွင့်ရသေးတဲ့ အခန်းတွေ အများအပြားရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ဟာ ပိရမစ်တွေ အောက်ခြေမှာ ဘာတွေရှိလဲ ဆိုတာ မသိရှိရသေးပါဘူး။

အချက်အလက် ၁၀

လက်ရှိအချိန်အထိ ကြီးမားတဲ့ သမိုင်း အကျဉ်းချုပ်ဟာ ပျောက်ဆုံးနေပြီး ရှေးဟောင်း သုတေသန ပညာရှင်များဟာ အစိတ်အပိုင်း အား လုံးကို ပေါင်းစပ်မရနိုင်သေးဘဲ ပဟေဠိ အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။

အထက် ဖော်ပြပါ အချက်အလက်များဟာ မှန်လား မှားလားတောင် ကျွန်တော်တို့ အနေဖြင့် မသိနိုင်သေးဘဲ ရှေးဟောင်း သုတေသန ပညာရှင်များနှင့် ကျွမ်းကျင်သူများဟာ ပဟေဠိ တွေ ပြည့်နှက်နေတဲ့ ပိရမစ်တွေ အကြောင်းကို ဆက်လက် လေ့လာနေဆဲ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.