NASA က လပေါ်တွင် နျူကလီးယား ဓာတ်အားပေးစက်ရုံ ထားရှိလိုပြီး ၎င်းကို မည်သို့လုပ်ဆောင်ရမယ်ဆိုတာကို အကြံဥာဏ်တွေ တောင်းခံနေပါတယ်။
အင်္ဂါဂြိုလ်ကို စူးစမ်းလေ့လာရန် အနာဂတ်တွင် လူလိုက်ပါသည့် မစ်ရှင်တွေ မစတင်မီ လပေါ်တွင် လူသားတွေရဲ့ အသက်ကို အမြဲတမ်း ထောက်ပံ့ပေးရန်အတွက် နျူကလီးယားစွမ်းအင်အရင်းအမြစ်ကို အသုံးပြုမှာ ဖြစ်ပါတယ်။
အမေရိကန် အာကာသအေဂျင်စီက အစိုးရထိပ်တန်းနျူကလီးယား သုတေသနဓာတ်ခွဲခန်းဖြစ်တဲ့ အိုင်ဒါဟိုရှိ စွမ်းအင်ရဲ့ အမျိုးသားဓာတ်ခွဲခန်းဌာနနဲ့အတူ ဆယ်စုနှစ်အကုန်တွင် ဓာတ်အားအရင်းအမြစ်ကို ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်နေပါတယ်။

“လပေါ်တွင် ယုံကြည်စိတ်ချရတဲ့ စွမ်းအားမြင့်စနစ်တစ်ခု ပံ့ပိုးခြင်းက လူသားအာကာသစူးစမ်းလေ့လာရေးတွင် အရေးပါသော နောက်ထပ်ခြေလှမ်းတစ်ခုဖြစ်ပြီး ၎င်းကိုရရှိရန် ကျွန်တော်တို့ရဲ့ လက်ထဲတွင်သာရှိတယ်” လို့ ဓာတ်ခွဲခန်းမှ Fission Surface Power Project ဦးဆောင်သူ Sebastian Corbisiero က ပြောကြားခဲ့ပါတယ်။
နျူကလီးယားဓာတ်ပေါင်းဖိုက လ သို့မဟုတ် အင်္ဂါဂြိုဟ်ပေါ်ရှိ အခြေအနေတွေ ဘယ်လိုပဲဖြစ်ဖြစ် မရှိမဖြစ်လိုအပ်တဲ့ စွမ်းအင်ကို ပေးစွမ်းနိုင်ပြီး ယင်းကို အာကာသထဲသို့ မပို့မီ ကမ္ဘာမြေပေါ်တွင် ဦးစွာတည်ဆောက်ရမှာ ဖြစ်ပါတယ်။
“လနဲ့ အင်္ဂါဂြိုဟ်အတွက် စွမ်းအင်ဗိသုကာတွေ တည်ဆောက်ဖို့ ကျွန်တော်တို့ရဲ့ အစီအစဥ်တွေကို Fission မျက်နှာပြင်စွမ်းအင်စနစ်တွေက များစွာအကျိုးရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ NASA ရဲ့ Space Technology Mission Directorate ရဲ့ တွဲဖက်စီမံခန့်ခွဲသူ Jim Reuter က ပြောကြားခဲ့ပါတယ်။
“ဓာတ်ပေါင်းဖိုအတွက် အဆိုပြုချက်တွေမှာ ယူရေနီယံ လောင်စာသုံး ဓာတ်ပေါင်းဖို ဗဟိုချက်တစ်ခု၊ အဏုမြူစွမ်းအင်ကို အသုံးပြုနိုင်သော စွမ်းအင်အဖြစ် ပြောင်းလဲပေးသည့် စနစ်တစ်ခု၊ ဓာတ်ပေါင်းဖိုကို အေးနေစေရန် အပူထိန်းစနစ်နဲ့ ၁၀ နှစ် ဆက်တိုက် လျှပ်စစ်ဓာတ်အားပေးဖို့ ၄၀ ကီလိုဝပ်ထက် မနည်းသော ဖြန့်ဖြူးရေးစနစ်တစ်ခုတို့ ပါဝင်သင့်တယ်” လို့ NASA မှ ပြောကြားခဲ့ပါတယ်။
ထိုအရာဟာ လူသားအကူအညီမပါဘဲ သူ့ကိုယ်သူ အဖွင့်အပိတ် လုပ်နိုင်စွမ်းရှိသင့်ပြီး လဆင်းယာဉ်ရဲ့ ကုန်းပတ်မှ လည်ပတ်နိုင်သင့်ပါတယ်။

ဓာတ်ပေါင်းဖိုကို လဆင်းယာဉ်ပေါ်မှ ဖယ်ထုတ် နိုင်ရမှာဖြစ်ပြီး၊ မိုဘိုင်းစနစ်ဖြင့် လည်ပတ်ကာ သူလည်ပတ်မယ့် နေရာသို့ ပို့ဆောင်ပေးနိုင်ရမှာ ဖြစ်ပါတယ်။
အလေးချိန် ၁၃,၂၀၀၀ ပေါင်ထက် မပိုစေရဘဲ ၁၈ ပေ အရှည်ရှိ ဆလင်ဒါအတွင်း ထည့်သွင်းနိုင်ရမှာ ဖြစ်ပါတယ်။
“ပရောဂျက်အတွက် အဆိုပြုချက်အားလုံးကို ဖေဖော်ဝါရီ ၁၉ ရက်နေ့ နောက်ဆုံးထားပြီး တင်ပြသင့်တယ်” လို့ NASA က ပြောပါတယ်။
၁၉၇၂ ခုနှစ် Apollo 17 မစ်ရှင်ကတည်းက မည်သည့်လူသားမှ လကမ္ဘာသို့ မရောက်သေးသော်လည်း NASA ရဲ့ Artemis ပရောဂျက်က ပထမဆုံး အမျိုးသမီးနဲ့ အသားမဖြူသောသူဖြင့် လပေါ်သို့ ဆင်းသက်ရန် ရည်ရွယ်ထားပြီး သူ့ရဲ့ ပထမဆုံး လူလိုက်ပါသည့် ပျံသန်းမှုကို ၂၀၂၅ ခုနှစ်တွင် လွှတ်တင်ရန် ရည်ရွယ်ထားပါတယ်။
Lily (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။