ဗီးနပ်စ်ဂြိုလ် လေထုရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်မည့် ငှက်နှင့်တူတဲ့ ဒရုန်းအသစ်တွေအကြောင်း

Innovation Science

လာမည့် နှစ်တွေမှာဆိုရင် စိတ်ကူးယဉ်ဆန်ဆန် ယာဉ်အုပ်စု အသစ်တစ်ခု စတင် လာနိုင်တော့မှာ ဖြစ်ပါတယ်။

NASA ဟာ မကြာသေးမီကမှ ၎င်းတို့ရဲ့ ထပ်ဆင့်ဖွံ့ဖြိုးတိုးတက်မှုအတွက် ရွေးချယ်ထားတဲ့ အနာဂတ် အာကာသနည်းပညာဆိုင်ရာ သဘောတရားများကို ချပြကြေညာခဲ့ပါတယ်။

အဆိုပါ ဖွံ့ဖြိုးတိုးတက်မှုတွေထဲမှာဆိုရင် အဝေးက​နေ လေထုနှင့် ရာသီဥတုပုံစံများကို လေ့လာနိုင်ဖို့အတွက် ဗီးနပ်စ်ဂြိုလ်ထံ ပေးပို့နိုင်သည့် စိတ်ဝင်စားဖွယ်ကောင်းသော ငှက်နှင့်တူတဲ့ လေဖောင်း ဒရုန်းတစ်မျိုးလည်း ပါဝင်ပါတယ်။

NASA ရဲ့ရွေးချယ်တည်ဆောက်ထားတဲ့ အရာအားလုံးဟာ အစောပိုင်း အဆင့်တွေမှာ ဖွံ့ဖြိုးဆဲ ဖြစ်တဲ့ အတွက်ကြောင့် တ ရားဝင် NASA မစ်ရှင်တွေမှာ ထည့်သွင်း စဉ်းစားခြင်းတော့ မရှိသေးပါဘူး။

အဆိုပါ ငှက်နှင့်တူတဲ့ ဒရုန်းဟာ NASA ရဲ့ ဆန်းသစ်တီထွင်သော အဆင့်မြင့် အယူအဆ (NIAC) ပရိုဂရမ်ရဲ့ တစ်စိတ်တပိုင်း ဖြစ်ပါတယ်။

အနာဂတ်လေကြောင်းပျံသန်းမှုနှင့် အာကာသမစ်ရှင်များကို ပံ့ပိုးပေးနိုင်တဲ့ နည်းပညာများကို လေ့လာဖို့အတွက် အစောပိုင်းအဆင့်လေ့လာမှုများကို ငွေကြေးထောက်ပံ့ဖို့ ရည်ရွယ်ထားတယ်ဟု သိရပါတယ်။

လက်ရှိရန်ပုံငွေဟာ အမေရိကန်ပြည်ထောင်စုရဲ့စုစုပေါင်းပြည်နယ် ၉ ခုမှ သုတေသနပရောဂျက် ၁၇ ခုအတွက် ဒေါ်လာ ၅.၁ သန်းခန့် ထောက်ပံ့ပေးနိုင်ဖို့ စီစဉ်ထားတယ်ဟု သိရပါတယ်။

“လူသားနှင့် တီထွင်ဆန်းသစ်မှုတို့ ပူးပေါင်းပြီး ပိုမိုခက်ခဲတဲ့ ပန်းတိုင်တွေကို စူးစမ်းရှာဖွေဖို့အတွက် ဆန်းသစ်တဲ့ စိတ်ကူး စိတ်သန်းများနှင့် အနာဂတ် တွေးခေါ်မှုတွေဟာ ကျွန်ုပ်တို့ကို မှတ်တိုင် အသစ်များ ဆီသို့ အရောက် လှမ်းနိုင်ဖို့ ကူညီပေးမှာ ဖြစ်တယ်” ဟု NASA ရဲ့ လက်ထောက်အုပ်ချုပ်ရေးမှူး Pam Melroy က ပြောကြားခဲ့ပါတယ်။

ကျွန်မတို့ကို ဖြစ်နိုင်ချေရှိတဲ့ နယ်ပယ်ကို ချဲ့ထွင်ဖို့ ကူညီပေးတဲ့အတွက် အဲဒါကို လက်တွေ့ဖြစ်လာအောင် လုပ်နိုင်မှာပါ ဟု သူမက ထပ်လောင်း ပြောကြားခဲ့ပါသေးတယ်။

လက်ရှိ ရံပုံငွေပံ့ပိုးမှုဟာ ငှက်နဲ့တူတဲ့ ဒရုန်းကဲ့သို့ အဆိုပြုထားသော ပရောဂျက် ၁၂ ခုကို “Phase I” လေ့လာမှု အဆင့် ၁ သို့ ရောက်စေပါတယ်။

ဒီအဆင့်တွင် ရှိနှင့်ပြီးသော အခြားပရောဂျက် ငါးခုကို ယခုအခါ “Phase II” သို့ တရားဝင် ပြောင်းရွှေ့လိုက်ပြီ ဖြစ်ပါတယ်။

“Phase I” ပရောဂျက် တစ်ခုစီဟာ ကိုးလကြာလေ့လာမှုအတွက် $175,000 ရရှိမှာဖြစ်ပြီး၊ “Phase II” ပရောဂျက်တွေ က တော့ နှစ်နှစ်တာကာလအတွင်း လေ့လာမှုအတွက် တစ်ခုကို $600,000 ရရှိမှာ ဖြစ်ပါတယ်။

“NASA ရဲ့ စကြဝဠာကို စူးစမ်းလေ့လာရေး မစ်ရှင်တွေဟာ နည်းပညာအသစ်​တွေ လုပ်ဆောင်ဖို့ နည်းလမ်းသစ်တွေ လိုအပ်တယ်” ဟု ဝါရှင်တန်ရှိ အေဂျင်စီရဲ့ရုံးချုပ်တွင် NASA’s Space Technology Mission Directorate (STMD) ရဲ့ တွဲဖက်စီမံခန့်ခွဲသူ Jim Reuter က ရှင်းပြခဲ့ပါတယ်။

အဆိုပါ ဖန်တီးမှုစိတ်ကူးများကို လေ့လာခြင်းဟာ သိပ္ပံ စိတ်ကူးယဉ် ဝတ္ထုများကို အမှန်တကယ်အဖြစ်သို့ ပြောင်းလဲနိုင်ဖို့ ပထမခြေလှမ်း ဖြစ်ပါတယ်။

ငှက်နှင့်တူတဲ့ ဒရုန်းဟာ ဗီးနပ်စ်ဂြိုလ်အတွက်သာ တီထွင်ထားတဲ့ တစ်ခုတည်းသော ဒရုန်းမဟုတ်ပါဘူး။

Phase I ပရောဂျက်တွေမှာ အတော်လေး ကွဲပြားပြီး သမားရိုးကျ အာကာသယာဥ်တွေထက် ခရီးရှည်တွင် ရောင်ခြည်ဖြာထွက်ခြင်းမှ ကာကွယ်နိုင်တဲ့ ဒီဇိုင်းတစ်ခု ပါဝင်ပါတယ်။

ယခုအချိန်အထိ စိတ်ဝင်စားစရာအကောင်းဆုံးက Javid Bayandor နှင့် ၎င်းရဲ့အဖွဲ့ဟာ လွန်ကဲတဲ့ ပတ်ဝန်းကျင်တွေ နဲ့ ဇုံရှာဖွေရေးအတွက် ဇီဝတုပရောင်ခြည် (BREEZE) အတွက် တီထွင်မှုတွေကို ပြုလုပ်နေပြီ ဖြစ်ပါတယ်။

BREEZE အတွက် “Phase I” လေ့လာမှုဟာ ဒရုန်းအတွက် အဓိက မစ်ရှင်ရည်ရွယ်ချက်များအပြင် တွန်းကန်နိုင်မှု၊ တည် ငြိမ်မှုနှင့် ပျံသန်းမှုဆိုင်ရာ အချက်အလက်များ နှင့် ဒရုန်းရဲ့ လေဝင်လေထွက်ဖြစ်စေသော အစိတ်အပိုင်းများ အတွက် ဒီဇိုင်းများကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

Image: Courtesy of NASA

ဒီအရာအားလုံးကို Venusian လေထု (ဗီးနပ်စ် ဂြိုဟ်၏ လေထု) အတွက် အလွန် ထိရောက်တဲ့ ပျံသန်းမှု တစ်ခု ပြုလုပ်ဖို့ အတွက် အဓိကထား လုပ်​ဆောင်မှာ ဖြစ်ပါတယ်။

၎င်းဟာ နေရောင်ခြည်စွမ်းအင်သုံး ပျံသန်းယာဥ်များကို အခြေခံပြီး လေထုထက် ပိုပေါ့သော လေပူဖောင်းတွေ သို့မဟုတ် အလေးချိန်နည်းတဲ့ ယာဥ်တွေကို အသုံးပြုခြင်းပါ၀င်သည့် အခြားသော အယူအဆများနှင့် သိသိသာသာ ကွာခြားမှာ ဖြစ်တယ်ဟု ဆိုပါတယ်။

သိပ္ပံပညာရှင်တွေဟာ ဗီးနပ်စ်ဂြိုလ်ရဲ့ လေထုအတွင်းရှိ သက်ရှိ လက္ခဏာများကို ရှာဖွေနိုင်ဖို့ နမူနာများကို ကမ္ဘာသို့ ယူ ဆောင်လာနိုင်တော့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဗီးနပ်စ်ဂြိုလ်ရဲ့ လေထုဟာ ပူပြင်းတဲ့ ဖိအားမြင့် ဂြိုဟ်ပေါ်ရှိ တခြားသက်ရှိတွေ ရှင်သန်နိုင်သည့် အလားအလာ အနည်းငယ်ထဲမှ တစ်ခု ဟု ယူဆ​နေကြပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.