ပြီးခဲ့တဲ့တစ်ပါတ်(၁၄.၇.၂၁)ရက်နေ့က နာဆာရဲ့ အင်စတာဂရမ်မှာ ထုတ်ပြန်လိုက်တဲ့ ဓါတ်ပုံတစ်ပုံဟာ အလွန်စိတ်ဝင်စားဖွယ်ရာကောင်းပြီး အာလူးနှင့်တူ နေပါတယ်။ ဒါပေမယ့် အာလူးတော့ မဟုတ်ပါဘူး။
အခြားဂြိုဟ်တစ်ခုမှ စွမ်းအားအရှိဆုံးကင်မရာဖြင့် ဖမ်းယူပေးပို့လာတဲ့ ဖိုဘော့စ်(Phobos)ရဲ့ ဓါတ်ပုံပဲဖြစ်ပါတယ်။
ဖိုဘော့စ်ဆိုတာ အင်္ဂါဂြိုဟ်၏ မညီညာသောလ နှစ်စင်း အနက် အကြီးဆုံးလဖြစ်ပါတယ်။Red Planet ရဲ့ တစ်ခြားလ ကိုတော့ ဒိုင်မို့စ်(Deimos) လို့ခေါ်ပါတယ်။
အာကာသအေဂျင်စီရဲ့အင်စတာဂရမ်တွင် ဖော်ပြထားတဲ့ ၎င်းရုပ်ပုံကို မျက်နှာပြင် အထက်ကီလိုမီတာ ၆၈၀၀ ခန့်အကွာအဝေးရှိ Mars Reconnaissance Orbiter အာကာသယာဉ်ပေါ်မှ HiRISE ကင်မရာဖြင့်ရိုက်ယူခဲ့တယ်လို့ဆိုပါတယ်။
ဖိုဘော့စ်ဟာ ရာစုနှစ်တိုင်းတွင် ၁.၈ မီတာနှုန်းဖြင့် အင်္ဂါဂြိုဟ်အနီးသို့ရောက်ရှိနေတာ ဖြစ်ပြီး နှစ်သန်းပေါင်း ၅၀ အတွင်း ကမ္ဘာဂြိုဟ်သို့ကျရောက်မည် သို့မဟုတ် အပျက်အစီးများအဖြစ်သို့ ကျဆင်းလာနိုင်သည်ဟု နာဆာကဆိုပါတယ်။
ဖိုဘော့စ်တွင် လေထုမရှိပါဘူး။ ၎င်းဟာ အင်္ဂါဂြိုဟ်ကို တစ်နေ့လျှင်သုံးကြိမ်လှည့်ပတ်နေပါတယ်။ လူကြိုက်များသော သီအိုရီတစ်ခုမှာ ၎င်းသည်ဖမ်းမိသော ဂြိုဟ်သိမ်တစ်ခု ဖြစ်နိုင်သည်ဟု NASA မှပြောကြားခဲ့သော်လည်း အချို့သောသိပ္ပံပညာရှင်များကမူ ၎င်းကိုငြင်းဆိုကြပါတယ်။

ဖိုဘော့စ်ကို ၁၈၇၇ တွင်အမေရိကန် နက္ခတ္တဗေဒပညာရှင် Asaph Hall ဆိုသူ မှ ရှာဖွေတွေ့ရှိခဲ့သည်ဟု NASA မှထပ်မံပြောကြားခဲ့ပါတယ်။ ဂရိ ဒဏ္ဍာရီတွင် Phobos နှင့် Deimos တို့သည် အေးရိစ်(Ares) ၏ အမွှာသားများ ဖြစ်ကြောင်းလည်း နာဆာ မှ ပြောကြားခဲ့ပါတယ်။
နာဆာက ဖော်ပြထားတဲ့ ပုံတွင် Stickney Crater ဟု ခေါ်သော ကြီးမား တိုက်စားထားတဲ့ ချိုင့်ဝှမ်းများ၊ချိုင့်ခွက်များဖြင့် ပွထနေသော လကိုယ်ထည်ပုံ ဖြစ်သည်ဟု ဖော်ပြထားပါတယ်။
၎င်း၏ ဘေးတစ်လျှောက်တွင် တွေ့ရှိရသည့် မြောင်းများဟာ ကမ္ဘာနှင့်လ အပြန်အလှန်ဆွဲငင်ခြင်းမှ ဖြစ်ပေဆါ်လာတဲ့ ဒီရေလှိုင်းအားကြောင့် ဖြစ်ပေါ်လာတာပါ။
နာဆာ၏ အဆိုအရ ဖိုဘော့စ်တွင် နေ့နှင့်ညအပူချိန်တိုင်းတာမှု အလွန်များကြောင်း တွေ့ရပြီး အပူချိန်ဟာ -4 ဒီဂရီစင်တီဂရိတ်နှင့် အနိမ့်ဆုံး -112 ဒီဂရီစင်တီဂရိတ်ရှိတယ်လို့ ဆိုပါတယ်။
ဤပြင်းထန်သော အပူဆုံးရှုံးမှုဟာ အပူကိုထိန်းသိမ်းရန် မဖြစ်နိုင်တဲ့ ဖိုဘော့စ် မျက်နှာပြင်ပေါ်ရှိ ဖုန်မှုန့်များ၏ ရလဒ်ဖြစ်တယ်လို့ သိပ္ပံပညာရှင်များက ယုံကြည်ကြပါတယ်။