ဒီ အိမ်တွေကို ငလျင်ဒဏ် ခံနိုင်စေရန် ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။
လူသိများတဲ့ 3D printing နည်းပညာဟာ ကွန်ပျူတာမှ ဖန်တီးထားတဲ့ ဒီဇိုင်းကို သုံးပြီး သုံးဖက်မြင် အရာဝတ္ထု အလွှာတွေ တစ်လွှာပြီး တစ်လွှာ ဖန်တီးတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။
ဤနေရာတွင် ဖော်ပြထားတဲ့ 3D printing ဖြင့် ထုတ်လုပ်ထားတဲ့ အိမ်တွေကို ကျွန်တော်တို့ ကြိုက်နှစ်သက်တယ်ဆိုတာက သံသယဖြစ်စရာမလိုပါဘူး။
ပြီးခဲ့တဲ့လက တက္ကဆက်ပြည်နယ်မှ လမ်းတစ်လမ်းလုံးမှာရှိတဲ့ အိမ်တွေကို 3D printing ဖြင့် တည်ဆောက်ထားတဲ့ သတင်းတွေ ထွက်လာပြီး ယခု မက္ကစီကိုနိုင်ငံ၊ Nacajuca မှာ 3D printing ဖြင့် တရပ်ကွက်လုံးက အိမ်တွေကို တည်ဆောက်လိုက်ပြန်ပါပြီ။
Design Taxi ရဲ့အဆိုအရ ဆင်းရဲနွမ်းပါးတဲ့ မိသားစုများအတွက် ပိုကောင်းမွန်တဲ့ အိမ်တွေကို ဆောက်လုပ်ထားတယ်လို့ သိရပါတယ်။
အိမ်တွေကို ကြည့်ရတာ လှပသော်လည်း ၎င်းတို့ဟာ အလွန်ခံနိုင်ရည်ရှိပြီး ကြံ့ခိုင်တယ်ဆိုတဲ့ အချက်က မပြောင်းလဲပါဘူး။
အိမ်တွေဆောက်ပြီးတဲ့နောက် Nacajuca မှာ ပြင်းအား ၇.၄ ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး အိမ်တွေဟာ ခြစ်ရာမထင်ဘဲ ကျန်ရစ်ခဲ့ပါတယ်။
ထိုအရာဟာ 3D printing နည်းပညာ ရဲ့ အားသာချက်များစွာထဲမှ တစ်ခုဖြစ်ပါတယ်။

ဒီအိမ်တွေကို အမှန်တကယ်ဖြစ်လာစေရန် San Francisco အခြေစိုက် အကျိုးအမြတ်မယူတဲ့ ကမ္ဘာ့အိမ်ယာမဲ့များ အဆုံးသတ်ရေး ရှေ့ ဆောင် ဖြေရှင်းနည်းတွေ တီထွင်နေတဲ့ New Story ကုမ္ပဏီ၊ မက္ကစီကိုမှ လူမှုအိမ်ရာ ထုတ်လုပ်မှုကုမ္ပဏီ Échale နဲ့ တက္ကဆက်ပြည်နယ်အခြေစိုက် အိမ်တည်ဆောက်ခြင်းကို တစ်ခေတ်ဆန်းစေရန်နဲ့ ကမ္ဘာတစ်ဝှမ်းလုံးရှိ လူတွေအတွက် စံမှီတဲ့ ခံညားတဲ့ အိမ်ရာတွေဖြစ်စေရန် ရည်စူးတဲ့ ဆောက်လုပ်ရေးနည်းပညာကုမ္ပဏီ Icon စတဲ့ ကုမ္ပဏီ ၃ ခု ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။
အိမ်တွေဟာ တစ်ထပ်အိမ်တွေဖြစ်ပြီး တစ်ခုစီဟာ စတုရန်းပေ ၅၀၀ ခန့် ရှိပါတယ်။ ၎င်းတို့တွင် အိပ်ခန်းနှစ်ခန်း၊ မီးဖိုချောင်နဲ့ ရေချိုးခန်း တခုစီ ပါရှိပါတယ်။
ခက်ခဲတဲ့ ပရောဂျက်တွေ အတွက် ဒီဇိုင်းထုတ်ထားတဲ့ 3D printer ကို သုံးခဲ့သော်လည်း အဲ့ဒါတွေကို တည်ဆောက်တာဟာ လွယ်ကူတဲ့အရာတော့ မဟုတ်ခဲ့ပါဘူး။
Vulcan II လို့ခေါ်တဲ့ အိမ်တွေအတွက် 3D printer ကို ကျေးလက်ဒေသတွေမှာ တွေ့ရလေ့ရှိတဲ့ အကန့်အသတ်တွေအောက်မှာ အလုပ်လုပ်ရန် ဒီဇိုင်းထုတ်ထားသော်လည်း ခရီးစဉ်က မလွယ်ကူခဲ့ပါဘူး။
လျှပ်စစ်ဓာတ်အားဟာ ခန့်မှန်းရခက်ပြီး ဒေသတွင်းမိုးရွာသွန်းမှုကြောင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ ရောက်တဲ့လမ်းတွေကို မကြာခဏရေလွှမ်းခဲ့ပါတယ်။
အားနည်းချက်ရှိတဲ့ လူထုအတွက် အိမ်ရာရှားပါးမှုကို ဖြေရှင်းရန် ဒီဇိုင်းထုတ်ထားတဲ့ ဒီ printer ဟာ သူ့ရဲ့ ပထမဆုံးသောအမျိုးအစားဖြစ်ပါတယ်လို့ New Story က သတင်း ထုတ်ပြန်ချက်၌ ရေးသားခဲ့ပါတယ်။
Échale ရဲ့ အမှုဆောင်အရာရှိချုပ် Francesco Piazzesi က ဒီတည်ဆောက်မှုတွေအတွက် အသုံးပြုခဲ့တဲ့ ခေတ်ဆန်လွန်းတဲ့ printer ဟာ RoboCop ရုပ်ရှင်တစ်ခုနဲ့ တူတယ်လို့ New York Times သို့ ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် တကယ်အရေးကြီးတာက သူက တည်ငြိမ်ခိုင်ခံ့တဲ့ အိမ်ရာတွေကို အလိုအပ်ဆုံးနေရာကို ရောက်အောင်ပို့ဆောင်ပေးတဲ့နေရာမှာ အရမ်းကောင်းတဲ့အလုပ်ကို လုပ်ခဲ့ပါတယ်။
ရေးသားသူ – Lily (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။