ကျွန်တော်တို့ ဆယ်ကျော်သက်အရွယ်မှာ နားထောင်ခဲ့တဲ့ တေးဂီတတွေဟာ အခု နားထောင်နေကြတဲ့ ဂီတထက် ပိုတည်မြဲတဲ့ စွဲဆောင်မှုကို ထားခဲ့တာ အံ့သြစရာတော့ မဟုတ်ပါဘူး။
သင် ဆယ်ကျော်သက်တုန်းက နားထောင်ခဲ့ဖူးတဲ့ သီချင်းတစ်ပုဒ်ရဲ့ စာသားအားလုံးကို မှတ်မိနိုင်ပေမယ့် အခု နေ့တိုင်း ရေဒီယိုမှာ ကြားရတဲ့ သီချင်းတစ်ပုဒ်ရဲ့ စာသားကို အရင်က နားထောင်ခဲ့ဖူးတဲ့ ဟာတွေလောက် မှတ်မိလိမ့်မှာ မဟုတ်ပါဘူး။
သုတေသီတွေက အသက် ၁၃ နှစ်မှ ၁၉ နှစ်ကြား ကျွန်တော်တို့ ပထမဆုံး ကြားဖူးခဲ့တဲ့ ကျွန်တော်တို့ရဲ့အကြိုက်ဆုံးသီချင်းက လူတစ်ယောက်ရဲ့မှတ်ဥာဏ်ကို အထင်ကြီးစေတဲ့ အမှတ်တရ ဖြစ်စေတာကို တွေ့ရှိခဲ့ပါတယ်။
ဆယ်ကျော်သက်အရွယ်တုန်းက နားထောင်ခဲ့တဲ့ သီချင်းတွေဟာ အသက်သုံးဆယ် ဒါမှမဟုတ် အခြားအသက်အရွယ်တွေမှာ နားထောင်ခဲ့တဲ့သီချင်းတွေထက် လူတွေအတွက် ပိုမှတ်မိစေတာကို လေ့လာမှုက ဖော်ပြပါတယ်။

ပြီးတော့ ဒီနောက်ကွယ်က စိတ်ဝင်စားစရာ အကြောင်းပြချက်က ကျွန်တော်တို့ဟာ အပျို၊ လူပျိုဖော်ဝင်စ၊ အထက်တန်းကျောင်းနဲ့ အချစ်ဦးစတဲ့ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဘဝ အတွေ့အကြုံတွေကို ဒီသီချင်းတွေနဲ့ ပေါင်းစပ်လေ့ရှိတယ်။
သီချင်းတွေက ပြင်းပြတဲ့ စိတ်ခံစားမှု အတွေ့အကြုံတွေအတွက် ကျွန်တော်တို့ရဲ့ ဘဝကို တေးသံအဖြစ် ပြုမူပါတယ်။
University College London နဲ့ London School of Hygiene and Tropical Medicine တို့မှ ပညာရှင်တွေ ပါဝင်တဲ့ ဒီသုတေသနကို ဦးနှောက် အာရုံကြောရောဂါ (စိတ်ဝေဒနာ) ခံစားနေရတဲ့သူတွေအတွက် ပျော်ရွှင်မှုကို မြှင့်တင်ပေးပြီး စိတ်ဖိစီးမှုနဲ့ ဝမ်းနည်းမှုကို လျှော့ချရန် လက်ခံနိုင်တဲ့ ဂီတ ကုထုံးပုံစံ တစ်ခုအနေနဲ့ သေချာစီစဥ်ထားတဲ့ သီချင်းစာရင်း (playlist) တွေကို ဖွင့်ပြပြီး အသုံးပြုလိမ့်မှာဖြစ်ပါတယ်။
လေ့လာမှုတွင် ပါဝင်တဲ့ လူ ၁၅၀ ကျော်ကို သူတို့ရဲ့တုံ့ပြန်မှုကို ကြည့်ရန် ၁၉၄၅ ခုနှစ်မှ ၂၀၁၅ ခုနှစ်ကြား တနှစ်ချင်းမှ ရွေးချယ်ထားတဲ့ လူကြိုက်များသီချင်းတွေကို ကျပန်း ဖွင့်ပြခဲ့ပါတယ်။
ပါဝင်သူအများစုဟာ သူတို့ ၁၃ နှစ်ကနေ ၁၉ နှစ်ကြားတုန်းက သီချင်းတွေကို အသိအမှတ်ပြုခဲ့ပြီး ပျမ်းမျှအားဖြင့် သီချင်းခြောက်ပုဒ်ကနေ ရှစ်ပုဒ်အထိ နာမည်ပြောနိုင်ပါတယ်။

လူနာတွေဟာ သူတို့ရဲ့ အကြိုက်ဆုံးသီချင်းတွေရဲ့ နာမည်တွေကို မှတ်မိနိုင်လိမ့်မှာမဟုတ်သော်လည်း playlists တွေဟာ သူတို့ရဲ့ သူငယ် ချင်းတွေနဲ့ မိသားစုနဲ့အတူရှိခဲ့တဲ့ ဆယ်ကျော်သက်အချိန်တွေကို ပြန်လည်သတိရစေနိုင်ပါတယ်။
Multidisciplinary Healthcare ဂျာနယ်၌ ထုတ်ဝေခဲ့တဲ့ သုတေသနက ဒီလို အမှတ်ရစေတဲ့ တေးဂီတဟာ စိတ်ဝေဒနာ ခံစား နေရသူတွေအတွက် အဓိပ္ပာယ်ရှိတဲ့ playlists တွေ ဖွင့်တဲ့အခါ နားထောင်သင့်တဲ့ ရှေးသီချင်းတွေရဲ့ ကြွယ်ဝတဲ့ အရင်းအမြစ်ကို ပေးတယ်လို့ ကောက်ချက်ချပါတယ်။
နှလုံးသားအတွက် တေးဂီတပရဟိတအဖွဲ့မှ အက်ပလီကေးရှင်းတစ်ခုသည်လည်း သူတို့ရဲ့ ဆယ်ကျော်သက်အရွယ်ကဂီတအပေါ် အခြေခံတဲ့ စိတ်ကျရောဂါခံ စားနေရတဲ့ သူတို့ရဲ့မိသားစုဝင်တွေအတွက် ကိုယ်ပိုင် တေးဂီတစာရင်းတွေ ဖွင့်ပြပြီး မိသားစုတွေကို ကူညီရန် စတင်ခဲ့တာဖြစ်ပါတယ်။
ရေးသားသူ – Lily (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။