အမေရိကန်တို့၏ နာမည်ကြီး A-10 Warthog အား အစားထိုးမည့် Machete

News Tech

နာမည်ကြီး A-10 Warthog ဟာ အမေရိကန်တို့အတွက် အစားထိုးရခက်တဲ့ မြေပြင်ပစ်ကူ လေယာဉ်တစ်စီးဖြစ်ပါတယ်။

A-10 လေယာဉ်တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၂၆.၆ သန်းခန့်ကုန်ကျခဲ့ပြီး လက်နက်မတပ်ဆင်ထားသည့် အချိန်တွင် ၁၂ တန် ခန့် အလေး ချိန်ရှိကာ လက်နက် အလေးချိန် ၇ တန်ခန့် တင်ဆောင်နိုင်ပြီး ပျံတက်နိုင်သည့် အမြင့်ဆုံး အလေးချိန်မှာ ၂၂ တန်ခန့် ဖြစ်ပါတယ်။

A-10 ရဲ့ပထမဆုံး ဝေဟင်မှဝေဟင် တိုက်ပွဲ အောင်မြင်မှုကို ၁၉၉၁ တွင် ရဟတ်ယာဉ်တစ်စီးအား 30 mm GAU-8 cannon ဖြင့် ပစ်ချခြင်းဖြင့်ရရှိခဲ့ပါတယ်။

A-10 Warthog

၁၉၇၂ မှ ၁၉၈၄ အထိ A-10 အစင်း ရေ ၇၁၆ စင်းထုတ်လုပ်ခဲ့ပြီး စစ်မြေပြင် အတွေ့အကြုံများစွာရှိကာ အလွန်အသုံးဝင်ခဲ့ပါတယ်။

ယခင်က အမေရိကန်တို့၏ အဖိုးတန်လေယာဉ်များမှတစ်စီး ဖြစ်ခဲ့ပေမယ့်လည်း ယခုအခါ အားနည်းချက်များနှင့် ပြုပြင် ထိန်းသိမ်းစရိတ်များ ပိုမို ကုန်ကျလာသောကြောင့် A-10 ထက်အဆင့်မြင့်သော လေယာဉ်များကို အစားထိုး နိုင်ဖို့ Machete လေယာဉ်အား ထုတ်လုပ်ရန် ကြိုးစားခဲ့တာ အတော်ကြာခဲ့ပါပြီ။

မှတ်ချက်။ ။ စစ်ဘက်ဆိုင်ရာပစ္စည်းများသည် နည်းပညာနိမ့်စေကာမူ အပိုပစ္စည်းရှားပါးလာပါက နည်းပညာမြင့် လေယာဉ်များထက် အပိုပစ္စည်းနှင့် ပြုပြင်စရိတ်ပိုမိုကြီးမားပါသည်။

A-10 လေယာဉ်တစ်နာရီ ပျံသန်းရန် အမေရိကန်ဒေါ်လာ တစ်သောင်းခန့် ကုန်ကျ နေသော ကြောင့် A-10 အစား လေယာဉ်အစီး ၁၀၀ ခန့်မှာယူဖို့ အမေရိကန်လေတပ်က ၂၀၀၉ ခုနှစ်ကစဉ်းစားခဲ့ပေမယ့် ဘက်ဂျက်ဖြတ်တောက်ခဲ့မှုကြောင့် ရပ်ဆိုင်းခဲ့တာပါ။

ဒါပေမယ့် ဒီအစီအစဉ်ကို လွန်ခဲ့တဲ့ ၂ နှစ်လောက်က ပြန်လည်စတင်ခဲ့တယ်လို့ သိရပါတယ်။

SM-27

ယခု အသစ်ထုတ်လုပ်မည့် Machete လို့ခေါ်သည့် အနီးကပ်ပစ်ကူလေယာဉ်ကို ၂၀၀၉ ခုနှစ်က အမေရိကန် Minnesota ပြည်နယ်အခြေစိုက် Stavatti ကုမ္ပဏီ ၏ proposal ကို ပြန်လည် အသက်သွင်းထားတာ ဖြစ်ကာ အမေရိကန် စွမ်းအင်ဋ္ဌာနတို့က ပူးပေါင်းထုတ်လုပ်မှာဖြစ်ပါတယ်။

လေယာဉ်သစ်၏ ဒီဇိုင်းသည် ၂၀၀၉ ခုနှစ်ကထက် ပိုမို ကောင်းမွန်လာပြီး အလေးချိန်မှာလည်း A-10 ၏ အလေးချိန်နီးပါးရှိပါတယ်။ ကိုယ်ထည်ကို သတ္တုအမျိုးအစား အသစ်ဖြစ်သည့် metal foam ကိုအသုံးပြုသွားမှာဖြစ်ပါသည်။

metal foam ဆိုသည်မှာ အလူမီနီယံသတ္တုအား gas ဖြည့်ထားသော pore များဖြင့်ဖွဲ့စည်းထားသော သတ္တု အမျိုးအစားဖြစ် ပါတယ်။

SM-28

ထိုသတ္တု အမျိုးအစားအသစ်သည် ယခင်အသုံးပြုခဲ့သော သတ္တုထက် ပိုမိုပေါ့ပါးပြီး ပိုမိုခိုင်ခံ့ပါကာအပူရှိန်ဒဏ်နှင့် ကျည်ဆံဒဏ်ခံနိုင်မှုလည်း ပိုမိုကောင်းမွန်ပါတယ်။

Machete သည် concept stage သာရှိသေးပြီး variant များအနေဖြင့် ပန်ကာတွန်းကန်အားသုံး SM-27 နှင့် ဂျက်အင်ဂျင်တွန်းကန်အားသုံး SM-28 ဆိုပြီး နှစ်မျိုးရရှိနိုင်ပါတယ်။

SM-27 နှင့် SM-28 နှစ်မျိုး စလုံးသည် အင်ဂျင်တစ်လုံးတပ် တစ်ယောက်မောင်း လေယာဉ်များဖြစ်ပြီး ပင်မ လက်နက်အဖြစ် A-10 မှာတပ်ဆင်ခဲ့သော ယူရေနီယံကျည်သုံး GAU-8 cannon ကိုသာအသုံးပြုမှာပါ။

ဒီလေယာဉ်ကို ထုတ်လုပ်ဖို့ ကြိုးစားနေတာ နှစ်အတော်ကြာသွားပြီဖြစ်ပေမယ့် ဘာသတင်းအသစ်မှတော့ ထွက်မလာသေးပါဘူး။

လက်ရှိ F-35 များဟာ ဈေးနှုန်း ကြီးမြင့်တာကြောင့် A-10 တွေ နေရာမှာ ဒီလေယာဉ်တွေကို အသုံးပြုနိုင်ဖွယ် ရှိပါတယ်။

၂၀၂၀ နိုဝင်ဘာလ သတင်းများအရ ဒီလေယာဉ်ရဲ့ ရှေ့ပြေးပုံစံကို တည်ဆောက်ဖို့ Stavatti ကုမ္ပဏီ ဟာ စီစဉ်နေပါကြောင်း လွန်ခဲ့သော ၃ နှစ် လောက်က ကျွန်တော်ရေးဖူးတဲ့ သတင်းလေးကို ပြန်လည် follow up လုပ်ရင်း ဖော်ပြလိုက်ရပါတယ် ခင်ဗျာ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။ 

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *