အမျိုးသမီး အာကာသ ယာဥ်မှူး ကို အာကာသစခန်းအသစ်သို့ ပထမဆုံး အနေဖြင့် စေလွှတ်ခဲ့တဲ့ တရုတ်နိုင်ငံ

News Science

၂၀၁၃ တုန်းက Wang Yaping ဟာ နိုင်ငံရဲ့ ဒုတိယမြောက် အမျိုးသမီး အာကာသ ယာဥ်မှူး ဖြစ်လာခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ Shenzou 13 မစ်ရှင် အတွက် နိုင်ငံရဲ့ အသစ်စက်စက် Tiangong အာကာသ စခန်းသို့ စေလွှတ်မည့် ပထမဆုံး အမျိုးသမီး အာကာသယာဉ်မှူး အပါအ၀င် အာကာသ ယာဉ်မှူး များကို ထုတ်ဖော်ပြသခဲ့တယ် ဟု South China Morning Post (SCMP) သတင်းဌာနမှ ဖော်ပြထားပါတယ်။

Wang Yaping အမည်ရှိ အမျိုးသမီး အာကာသ ယာဥ်မှူး ဟာ နိုင်ငံရဲ့ သက်တမ်းအကြာဆုံး အမှုထမ်း အာကာသယာဥ်မှူးတွေဖြစ်တဲ့ Zhai Zhigang နှင့် Ye Guangfu တို့နှင့် အတူ အာကာသ စခန်းပေါ်မှာ ခြောက်လကြာအောင် နေလိမ့်မည် ဟုဆိုပါတယ်။

သူမဟာ အာကာသ လမ်းလျှောက်ခြင်းကို ပြီးမြောက်တဲ့ တရုတ်အမျိုးသမီး အာကာသ ယာဉ်မှူး ဖြစ်လာနိုင်ပါတယ်။

”ရှစ်နှစ်တာ မဆုတ်မနစ်ကြိုးပမ်းမှု အပြီးမှာ သူမဟာ အာကာသထဲကို တစ်ဖန်ပြန်သွားဦးမှာပါ” လို့ SCMP ရဲ့ပြောကြားချက်ကို ကိုးကားပြီး ကြာသပတေးနေ့တုန်းက သတင်းထောက်တွေကို ပြောကြားခဲ့ပါသေးတယ်။

Wang Yaping ဟာ Shenzhou 10 အာကာသ ယာဉ်ပေါ်မှာ အာကာသသို့ သွားတဲ့ တရုတ်နိုင်ငံရဲ့ ဒုတိယမြောက် အမျိုးသမီး အာကာသ ယာဉ်မှူး ဖြစ်လာပါတယ်။

သေးငယ်တဲ့ အာကာသ ယာဥ်ဟာ ၂၀၁၃ တုန်းက ကမ္ဘာပတ်လမ်း အတိုင်း လည့်ပတ်ခဲ့ပြီး အစောဆုံး ရှေ့ပြေး အာကာသစခန်း ဖြစ်တဲ့ Tiangong-1 နှင့်အတူ ဆိုက်ကပ်ခဲ့ပါသေးတယ်။

နိုင်ငံရဲ့ ပထမဆုံးအမျိုးသမီး အာကာသယာဉ်မှူးဖြစ်တဲ့ Liu Yang ဟာ ၂၀၁၂ တုန်းက Shenzhou 9 မစ်ရှင်ရဲ့ တစိတ်တစ်ပိုင်း အဖြစ် အာ ကာသသို့ သွားရောက် ခဲ့ပါတယ်။

နိုင်ငံရဲ့သက်တမ်းအကြာဆုံး အမှုထမ်း အာကာသ ယာဥ်မှူး Zhai Zhigang က Tiangong အသစ်စက်စက် အာကာသစခန်းဟာ အခြားနိုင်ငံများအား လက်ခံနိုင်ဖို့ နိုင်ငံရဲ့ကြိုးပမ်းမှု၏ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်စေတယ်ဟု SCMP မှာ ဖော်ပြခဲ့ပါတယ်။

အာကာသယာဉ်မှူးများဟာ အာကာသ စခန်းရဲ့အခြား modules များကို အလုပ်လုပ်ဖို့ နှင့် သိပ္ပံနည်းကျ စမ်းသပ်မှုများ ပြုလုပ်ဖို့ တာဝန်ပေးအပ်ခံရလိမ့်မည် ဟုဆိုပါတယ်။

တရုတ်နိုင်ငံဟာ ၎င်းတို့ရဲ့ Tiangong အာကာသစခန်း တည်ဆောက်မှုကို အပြီးသတ်ဖို့ ကြီးမားတဲ့ အစီအစဉ်တွေ ရှိပါတယ်။

လာမယ့်နှစ်မှာ နိုင်ငံရဲ့အာကာသအေဂျင်စီက အမှုထမ်းနှစ်ယောက် နဲ့ ဓာတ်ခွဲခန်း အသစ်နှစ်ခု အပါအ၀င် မစ်ရှင်ခြောက်ခုကို အပြီးသတ်ဖို့ စီစဉ်နေပါတယ်။

အာကာသ ယာဥ်မှူး အဖွဲ့ဟာ နောက်ထပ် အောင်ပွဲခံဖို့ အကြောင်းတွေလည်း ရှိပါတယ်ဟု ဆိုပါတယ်။

SCMP ရဲ့အဆိုအရ လာမည့်မစ်ရှင်ဟာ အာကာသ ယာဥ်မှူး တွေကို အာကာသထဲမှာ နှစ်သစ်ကူး ပွဲတော်ကို ဆင်နွှဲ နိုင်မည့် ပထမဆုံးသော အာကာသယာဥ်မှူးတွေ ဖြစ်လာလိမ့်မည် ဟုဆိုပါတယ်။

Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *