ချက်သမ္မတနိုင်ငံ အခြေစိုက် Excalibur Army ကုမ္ပဏီမှထုတ်လုပ်ထားတဲ့ နောက်ဆုံးပေါ် ယာဉ်တင် အမြောက်စနစ် ကို ယူအေအီးနိုင်ငံ အဘူဒါဘီမြို့မှာ ကျင်းပပြုလုပ်မယ့် IDEX 2021 ပြပွဲမှာ ပြသသွားမယ်လို့ သိရှိရပါတယ်။
စစ်ဘက်ဆိုင်ရာ ကုန်သွယ်ရေးနှင့် လက်နက်ပြပွဲမှာပြသမယ့် DITA လို့ခေါ်တဲ့ ဒီ 8×8 ဘီးတပ် ယာဉ်တင် ဟောင်ဝင်ဇာအမြောက်စနစ်ဟာ မျိုးဆက်သစ် အမြောက်စနစ်တခု ဖြစ်လာမှာပါ။
ကုမ္ပဏီအဆိုအရ DITA ယာဉ်တင်ဟောင်ဝင်ဇာ ကို ပြောက်ကျားပုံဖျက်ဆေးအသစ်နှင့် ဖေဖော်ဝါရီ ၂၁ ကနေ ၂၅ ရက်အတွင်း အဘူဒါဘီ အမျိုးသားပြပွဲစင်တာမှာ ပြသသွားမယ်လို့ သိရပါတယ်။ ဒီ ဟောင်ဝင်ဇာအသစ်မှာ ၁၅၅ မီလီမီတာ L45 အမြောက်ကို တပ်ဆင်ထားပြီး ၃၉ ကီလိုမီတာ အကွာအဝေးထိရောက်အောင် ပစ်ခတ်နိုင်ပါတယ်။
ဆုံလည်မှာ ကျည်ထိုးစနစ်ဖြင့် အမြောက်ဆံ ၄၀ ကိုသယ်ဆောင်နိုင်ပြီး ၎င်း၏ အမြောက်ဆံများဟာ NATO ၏ စံသတ်မှတ်ထားသည့် ပေါက်ကွဲပြင်းကျည် HE များကို အသုံးပြုမှာပါ။

ဒီစနစ်ကို မော်ကျူလာစနစ်ဖြင့် ဒီဇိုင်းထုတ်ထားတဲ့အတွက် ဆုံလည်၊ အမြောက်နှင့် ကျည်ဖြည့်စနစ်များကို မည်သည့် ယာဉ်တွင်မဆို တပ်ဆင်နိုင်မှာဖြစ်ပါတယ်။
Excalibur အဆိုအရ ဒီ DITA စနစ်ဟာ တခါမှမကြုံဖူးတဲ့ အမြန်နှုန်းဖြင့် ပစ်ခတ်နိုင်ပြီး အဆိုပါ လုပ်ငန်းစဉ်များကို ပြုလုပ်ဖို့ရာအတွက် ယာဉ်အဖွဲ့သားလိုအပ်ချက်မှာ ဒရိုင်ဘာနှင့် ပစ်ခတ် ညွှန်ကြားသူ နှစ်ယောက်သာ လိုအပ်မယ်လို့ သိရပါတယ်။
ခေတ်မှီ ထိန်းချုပ်စနစ်များ တပ်ဆင်ထားသည့်အတွက် ပစ်မှတ်ကို တိကျစွာ ပစ်ခတ်ကာ အလွယ်တကူ နေရာရွှေ့ပြောင်းနိုင်ပြီး ခက်ခဲကြမ်းတမ်းတဲ့ မြေပြင် အနေအထားများမှာလဲ စစ်ဆင်ရေးများကို ဆောင်ရွက်နိုင်မယ်လို့ သိရပါတယ်။
DITA ဟောင်ဝင်ဇာမှာ Automatic Setting of Action Position လို့ခေါ်တဲ့ အထူးအလိုအလျှောက် ကျည်ထိုးစနစ်များ နှင့် တိကျလမ်းညွှန် စနစ်များကို တပ်ဆင်ထားပါတယ်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ DITA စီမံကိန်းမှ ရှေ့ပြေးပုံစံကို ထုတ်လုပ်နိုင်ခဲ့ပြီး လက်ရှိမှာ စမ်းသပ်မှုများစွာ ဆက်လက်ပြုလုပ်နေကြောင်း သိရှိရပါတယ် ခင်ဗျာ။
ZawGyi
ခ်က္သမၼတႏိုင္ငံ အေျခစိုက္ Excalibur Army ကုမၸဏီမွထုတ္လုပ္ထားတဲ့ ေနာက္ဆုံးေပၚ ယာဥ္တင္အေျမာက္စနစ္ကို ယူေအအီးႏိုင္ငံ အဘူဒါဘီၿမိဳ႕မွာ က်င္းပျပဳလုပ္မယ့္ IDEX 2021 ျပပြဲမွာ ျပသသြားမယ္လို႔ သိရွိရပါတယ္။
စစ္ဘက္ဆိုင္ရာ ကုန္သြယ္ေရးႏွင့္ လက္နက္ျပပြဲမွာျပသမယ့္ DITA လို႔ေခၚတဲ့ ဒီ 8×8 ဘီးတပ္ ယာဥ္တင္ ေဟာင္ဝင္ဇာအေျမာက္စနစ္ဟာမ်ိဳးဆက္သစ္ အေျမာက္စနစ္တခု ျဖစ္လာမွာပါ။
ကုမၸဏီအဆိုအရ DITA ယာဥ္တင္ေဟာင္ဝင္ဇာ ကို ေျပာက္က်ားပုံဖ်က္ေဆးအသစ္ႏွင့္ ေဖေဖာ္ဝါရီ ၂၁ ကေန ၂၅ ရက္အတြင္း အဘူဒါဘီ အမ်ိဳးသားျပပြဲစင္တာမွာ ျပသသြားမယ္လို႔ သိရပါတယ္။ ဒီ ေဟာင္ဝင္ဇာအသစ္မွာ ၁၅၅ မီလီမီတာ L45 အေျမာက္ကို တပ္ဆင္ထားၿပီး ၃၉ ကီလိုမီတာ အကြာအေဝးထိေရာက္ေအာင္ ပစ္ခတ္ႏိုင္ပါတယ္။
ဆုံလည္မွာ က်ည္ထိုးစနစ္ျဖင့္ အေျမာက္ဆံ ၄၀ ကိုသယ္ေဆာင္ႏိုင္ၿပီး ၎၏ အေျမာက္ဆံမ်ားဟာ NATO ၏ စံသတ္မွတ္ထားသည့္ ေပါက္ကြဲျပင္းက်ည္ HE မ်ားကို အသုံးျပဳမွာပါ။

ဒီစနစ္ကို ေမာ္က်ဴလာစနစ္ျဖင့္ ဒီဇိုင္းထုတ္ထားတဲ့အတြက္ ဆုံလည္၊ အေျမာက္ႏွင့္ က်ည္ျဖည့္စနစ္မ်ားကို မည္သည့္ ယာဥ္တြင္မဆို တပ္ဆင္ႏိုင္မွာျဖစ္ပါတယ္။
Excalibur အဆိုအရ ဒီ DITA စနစ္ဟာ တခါမွမႀကဳံဖူးတဲ့ အျမန္ႏႈန္းျဖင့္ ပစ္ခတ္ႏိုင္ၿပီး အဆိုပါ လုပ္ငန္းစဥ္မ်ားကို ပဳလုပ္ဖို႔ရာအတြက္ ယာဥ္အဖြဲ႕သားလိုအပ္ခ်က္မွာ ဒ႐ိုင္ဘာႏွင့္ ပစ္ခတ္ ၫႊန္ၾကားသူ ႏွစ္ေယာက္သာ လိုအပ္မယ္လို႔ သိရပါတယ္။
ေခတ္မွီ ထိန္းခ်ဳပ္စနစ္မ်ား တပ္ဆင္ထားသည့္အတြက္ ပစ္မွတ္ကို တိက်စြာ ပစ္ခတ္ကာ အလြယ္တကူ ေနရာေ႐ႊ႕ေျပာင္းႏိုင္ၿပီး ခက္ခဲၾကမ္းတမ္းတဲ့ ေျမျပင္ အေနအထားမ်ားမွာလဲ စစ္ဆင္ေရးမ်ားကို ေဆာင္႐ြက္ႏိုင္မယ္လို႔ သိရပါတယ္။
DITA ေဟာင္ဝင္ဇာမွာ Automatic Setting of Action Position လို႔ေခၚတဲ့ အထူးအလိုအေလွ်ာက္ က်ည္ထိုးစနစ္မ်ား ႏွင့္ တိက်လမ္းၫႊန္ စနစ္မ်ားကို တပ္ဆင္ထားပါတယ္။
၂၀၂၁ ခုႏွစ္ ဇန္နဝါရီလမွာ DITA စီမံကိန္းမွ ေရွ႕ေျပးပုံစံကို ထုတ္လုပ္ႏိုင္ခဲ့ၿပီး လက္ရွိမွာ စမ္းသပ္မႈမ်ားစြာ ဆက္လက္ျပဳလုပ္ေနေၾကာင္း သိရွိရပါတယ္ ခင္ဗ်ာ။
Knowledgeworms Copyright © 2021